ထို့နောက် တပည့်တော်ဆယ့်နှစ်ပါးတွင် တစ်ပါးဖြစ်သော ယုဒရှကာရုတ်သည် ယဇ်ပုရောဟိတ်ခေါင်းဆောင်များထံသို့ သွားရောက်ပြီးလျှင်
ယာကုပ် 1:15 - ခေတ်သစ်မြန်မာ သမ္မာကျမ်း ထိုမကောင်းသောတပ်မက်မှုသည် သန္ဓေတည်၍ အပြစ်ကို မွေးဖွား၏။ ထိုအပြစ်သည် ကြီးထွားလာသောအခါ သေခြင်းကို ဖြစ်ပေါ်စေ၏။ Common Language Bible ထိုလိုအင်ဆန္ဒသည်သန္ဓေယူကာအပြစ် ဒုစရိုက်ကိုဖွားမြင်၏။ အပြစ်ဒုစရိုက် သည်ကြီးပြင်းလာသောအခါသေခြင်း ကိုဖွားမြင်လေ၏။ Garrad Bible တပ် မက် ခြင်း သည် သ န္ဓေ စွဲ သော် အ ပြစ် ကို ဖွား တတ်၏။ အ ပြစ် လည်း အ ရွယ် ရောက် သော် သေ ခြင်း ကို ဖွား တတ် ၏။ Judson Bible တပ်မက်သောစိတ်သည် ပဋိသန္ဓေယူ၍ ဒုစရိုက်ကိုဖွားတတ်၏။ ဒုစရိုက်သည်လည်း ပြည့်စုံလျှင် သေခြင်းကို ဖွားတတ်၏။- မြန်မာ့စံမီသမ္မာကျမ်း ထိုအခါ တပ်မက်ခြင်းသည် သန္ဓေတည်၍ အပြစ်ကိုဖွားမြင်ပြီး အပြစ်သည် ကြီးပြင်းရင့်မာသောအခါ သေခြင်းကိုဖြစ်ပွားစေ၏။ |
ထို့နောက် တပည့်တော်ဆယ့်နှစ်ပါးတွင် တစ်ပါးဖြစ်သော ယုဒရှကာရုတ်သည် ယဇ်ပုရောဟိတ်ခေါင်းဆောင်များထံသို့ သွားရောက်ပြီးလျှင်
သို့ရာတွင် သင်တို့အား ငါပြောဆိုသည်မှာ အမျိုးသမီးတစ်ဦးကို တဏှာစိတ်ဖြင့် ကြည့်သောသူသည် စိတ်ထဲ၌ ထိုအမျိုးသမီးကို ပြစ်မှားပြီ။
ဖြားယောင်းသွေးဆောင်ခြင်းဟူသည်မှာ လူသည် မိမိ၏ မကောင်းသောတပ်မက်မှု၏ ဆွဲဆောင်ရာနောက်သို့ လိုက်ပါသွားခြင်းဖြစ်၏။
ကိုယ်တော်သည် မိမိအလိုတော်နှင့်အညီ သမ္မာတရားစကားအားဖြင့် ကျွန်ုပ်တို့ကို ဖြစ်ပွားစေတော်မူ၏။ ဤအရာမှာ ဖန်ဆင်းတော်မူသမျှသောအရာတို့တွင် ကျွန်ုပ်တို့အား အဦးဆုံးသောအသီးကဲ့သို့ ဖြစ်စေရန် ဖြစ်၏။