ယေရှုသည် တပည့်တော်ဆယ့်နှစ်ပါးတို့ကို ခေါ်တော်မူ၍ နတ်ဆိုးများကို နှင်ထုတ်နိုင်သောအခွင့်အာဏာနှင့် အနာရောဂါအမျိုးမျိုး၊ ဖျားနာခြင်းအမျိုးမျိုးကို ပျောက်ကင်းစေနိုင်သော အခွင့်အာဏာတို့ကို ပေးတော်မူ၏။
မဿဲ 9:35 - ခေတ်သစ်မြန်မာ သမ္မာကျမ်း ထို့နောက် ယေရှုသည် ထိုဒေသ၏ ရှိသမျှမြို့ရွာများသို့ လှည့်လည်၍ ဂျူးဝတ်ပြုဆောင်များတွင် သွန်သင်လျက် နိုင်ငံတော်နှင့်ဆိုင်သော သတင်းကောင်းကို ဟောပြောတော်မူ၏။ ထို့ပြင် လူတို့၏ အနာရောဂါအမျိုးမျိုးနှင့် ဖျားနာခြင်းအမျိုးမျိုးတို့ကိုလည်း ပျောက်ကင်းစေတော်မူ၏။ Common Language Bible သခင်ယေရှုသည်မြို့ရွာရှိသမျှသို့လှည့်လည်ပြီး လျှင်တရားဇရပ်များတွင်သွန်သင်၍နိုင်ငံတော် အကြောင်းသတင်းကောင်းကိုဟောပြောလျက် အနာရောဂါအမျိုးမျိုးတို့ကိုပျောက်ကင်းစေ တော်မူ၏။- Garrad Bible ယေ ရှု သည် ဓ မ္မာ ရုံ များ၌ ဒေ သ နာ ပေး လျက် နိုင် ငံ တော် ဆိုင် ရာ သ တင်း တော် မြတ် ကို ကြား ပြော လျက် အ နာ ရော ဂါ အ မျိုး မျိုး ကင်း ပျောက် စေ လျက် မြို့ ရွာ အ ရပ် ရပ် ကို လှည့် လည် တော် မူ စဉ်၊ Judson Bible ယေရှုသည် တရားဇရပ်တို့၌ ဆုံးမဩဝါဒပေးလျက်၊ နိုင်ငံတော်နှင့်ယှဉ်သော ဧဝံဂေလိတရားကို ဟောလျက်၊ လူများခံရသော အနာရောဂါအမျိုးမျိုးတို့ကို ငြိမ်းစေလျက်၊ မြို့ရွာရှိသမျှတို့ကို ဒေသစာရီ လှည့်လည်တော်မူ၏။ လူအစုအဝေးတို့ကို မြင်တော်မူလျှင် သနားခြင်းစိတ်ရှိတော်မူ၏။- မြန်မာ့စံမီသမ္မာကျမ်း ထို့နောက် ယေရှုသည် မြို့ရွာအားလုံးကိုလှည့်လည်၍ ဝတ်ပြုစည်းဝေးကျောင်းများ၌ သွန်သင်လျက် နိုင်ငံတော်နှင့်ဆိုင်သည့်ကောင်းမြတ်သောသတင်းကိုဟောပြောကာ ရောဂါအမျိုးမျိုးနှင့် အဖျားအနာရှိသမျှတို့ကို ပျောက်ကင်းစေတော်မူ၏။ မြန်မာ ယေရှုသည် တရားဇရပ်တို့၌ ဆုံးမဩဝါဒပေးလျက်၊ နိုင်ငံတော်နှင့်ယှဉ်သော ဧဝံဂေလိတရားကို ဟောလျက်၊ လူများခံရသော အနာရောဂါအမျိုးမျိုးတို့ကို ငြိမ်းစေလျက်၊ မြို့ရွာရှိသမျှတို့ကို ဒေသစာရီ လှည့်လည်တော်မူ၏။ လူအစုအဝေးတို့ကို မြင်တော်မူလျှင် သနားခြင်းစိတ်ရှိတော်မူ၏။- |
ယေရှုသည် တပည့်တော်ဆယ့်နှစ်ပါးတို့ကို ခေါ်တော်မူ၍ နတ်ဆိုးများကို နှင်ထုတ်နိုင်သောအခွင့်အာဏာနှင့် အနာရောဂါအမျိုးမျိုး၊ ဖျားနာခြင်းအမျိုးမျိုးကို ပျောက်ကင်းစေနိုင်သော အခွင့်အာဏာတို့ကို ပေးတော်မူ၏။
ယေရှုသည် တပည့်တော်ဆယ့်နှစ်ပါးတို့ကို ထိုသို့ ညွှန်ကြားတော်မူပြီးသောအခါ ပတ်ဝန်းကျင်မြို့ရွာများတွင် ဟောပြောသွန်သင်ရန် ထိုအရပ်မှ ကြွတော်မူ၏။
မျက်မမြင်တို့သည် မျက်စိမြင်ကြပြီ။ ခြေမသန်သူတို့သည် လမ်းလျှောက်ကြပြီ။ အနာကြီးရောဂါသည်တို့သည် စင်ကြယ်ကြပြီ။ နားမကြားသောသူတို့သည် ကြားကြပြီ။ သေဆုံးသောသူတို့သည် ပြန်ရှင်ကြပြီ။ ဆင်းရဲသားတို့သည်လည်း သတင်းကောင်းကို ကြားကြရပြီ။
ယောဟန်ထောင်ချခံရပြီးနောက် ယေရှုသည် ဂါလိလဲပြည်သို့ ကြွ၍ ဘုရားသခင်ထံတော်မှ သတင်းကောင်းကို ဟောပြောတော်မူ၏။
လူတို့သည် ကိုယ်တော်ကြွတော်မူသည့် မြို့၊ ရွာ၊ ကျေးလက်ဒေသတိုင်း၌ မကျန်းမာသူများကို ဈေးအရပ်တို့တွင် ချထားကြ၏။ ထိုသူတို့က မကျန်းမာသူများအား ဝတ်ရုံတော်၏ အမြိတ်ကိုမျှ တို့ထိခွင့်ပေးရန် တောင်းပန်ကြ၏။ တို့ထိသောသူတိုင်းလည်း ကျန်းမာလာကြ၏။
ကိုယ်တော်သည် သူတို့၏ မယုံကြည်နိုင်ခြင်းအပေါ် အံ့အားသင့်တော်မူ၏။ ထို့နောက် ယေရှုသည် အနီးတစ်ဝိုက်ရှိ ကျေးရွာများသို့ လှည့်လည်၍ ဟောပြောသွန်သင်တော်မူ၏။
ထို့နောက် ယေရှုသည် ဂျေရုဆလင်မြို့သို့ ခရီးသွားတော်မူရာလမ်းတွင် တစ်မြို့မှတစ်မြို့၊ တစ်ရွာမှတစ်ရွာသို့ လှည့်လည်၍ ဆုံးမသွန်သင်တော်မူ၏။
ဘုရားသခင်သည် နာဇရက်မြို့သားယေရှုအား သန့်ရှင်းသောဝိညာဉ်တော်နှင့် တန်ခိုးတော်အားဖြင့် မည်သို့ဘိသိက်ပေးခဲ့ကြောင်းကိုလည်း သင်တို့သိကြ၏။ ဘုရားသခင်သည် ယေရှုနှင့် အတူပါရှိတော်မူသဖြင့် ယေရှုသည်လည်း ကောင်းမှုပြု၍ နတ်ဆိုးပူးသောသူများအား ပျောက်ကင်းကျန်းမာစေလျက် အရပ်ရပ်သို့ လှည့်လည်တော်မူ၏။
အစ္စရေးလူမျိုးတို့… နားထောင်ကြလော့။ သင်တို့ကိုယ်တိုင် သိကြသည့်အတိုင်း ဘုရားသခင်သည် အံ့ဖွယ်တန်ခိုး၊ အံ့ဖွယ်ဖြစ်ရပ်နှင့် နိမိတ်လက္ခဏာများကို နာဇရက်မြို့သား ယေရှုအားဖြင့် ပြတော်မူခဲ့ပြီ။ ဤအရာများအားဖြင့် ယေရှုသည် ဘုရားသခင်၏စေလွှတ်တော်မူခြင်းခံရသူ အမှန်တကယ်ဖြစ်ကြောင်းကို လူသိရှင်ကြား သက်သေပြတော်မူခဲ့ပြီ။