နာဇရက်မြို့သို့ ဦးစွာရောက်တော်မူပြီးနောက် ထိုမြို့မှ ထွက်ခွာ၍ ဇာဗုလုန်နှင့် နဿလိနယ်မြေစပ်ကြားတွင်ရှိသော ဂါလိလဲအိုင်အနီးရှိ ကပေရနောင်မြို့သို့ သွားရောက်နေထိုင်တော်မူ၏။
မဿဲ 9:1 - ခေတ်သစ်မြန်မာ သမ္မာကျမ်း ထို့နောက် ယေရှုသည် လှေပေါ်သို့တက်၍ အိုင်တစ်ဖက်ကမ်းသို့ ကူးဖြတ်ကာ မိမိနေရပ်မြို့သို့ကြွတော်မူ၏။ Common Language Bible သခင်ယေရှုသည်လှေကိုစီး၍အိုင်တစ်ဖက်သို့ ကူးပြီးလျှင်မိမိနေရင်းမြို့သို့ကြွတော်မူ၏။- Garrad Bible ကိုယ် တော် သည် လှေ ပေါ် သို့ တက် ပြန် လျက် ကူး သွား သ ဖြင့် နေ ရင်း မြို့ သို့ ရောက် တော် မူ သော အ ခါ သွက် ချာ ပါ ဒ ရောက် သူ့ ကို Judson Bible ထိုအခါ ကိုယ်တော်သည် လှေစီး၍ ကူးပြန်သဖြင့်၊ မိမိမြို့သို့ ရောက်တော်မူ၏။- မြန်မာ့စံမီသမ္မာကျမ်း ထို့နောက် ကိုယ်တော်သည် လှေပေါ်တက်၍ ပင်လယ်ကိုကူးပြီးလျှင် မိမိနေရပ်မြို့သို့ကြွတော်မူ၏။ မြန်မာ ထိုအခါ ကိုယ်တော်သည် လှေစီး၍ ကူးပြန်သဖြင့်၊ မိမိမြို့သို့ ရောက်တော်မူ၏။- |
နာဇရက်မြို့သို့ ဦးစွာရောက်တော်မူပြီးနောက် ထိုမြို့မှ ထွက်ခွာ၍ ဇာဗုလုန်နှင့် နဿလိနယ်မြေစပ်ကြားတွင်ရှိသော ဂါလိလဲအိုင်အနီးရှိ ကပေရနောင်မြို့သို့ သွားရောက်နေထိုင်တော်မူ၏။
သန့်ရှင်းစင်ကြယ်သောအရာကို ခွေးတို့အား မပေးကြနှင့်။ ပေးလျှင် သူတို့သည် သင်တို့ဘက်သို့ လှည့်ကာ ကိုက်ကြလိမ့်မည်။ ပုလဲရတနာများကို ဝက်တို့ရှေ့မှာ မချထားနှင့်။ ချထားလျှင် သူတို့သည် ထိုပုလဲတို့ကို ခြေဖြင့် နင်းသွားကြလိမ့်မည်။
ယေရှုသည် မိမိပတ်လည်၌ရှိသော လူထုကို မြင်တော်မူလျှင် တပည့်တော်တို့အား တစ်ဖက်ကမ်းသို့ ကူးရန် ညွှန်ကြားတော်မူ၏။
ထို့နောက် ယေရှုသည် လှေပေါ်သို့ တက်တော်မူ၍ တပည့်တော်များနှင့်အတူ အိုင်တစ်ဖက်ကမ်းသို့ ကူးဖြတ်တော်မူ၏။
ယေရှုသည် ကမ်းတစ်ဖက်သို့ လှေဖြင့် ကူးပြန်၍ အိုင်နားတွင် ရှိတော်မူစဉ် လူအုပ်ကြီးသည် ကိုယ်တော်ထံသို့ စုဝေးလာ၏။
ဂါရစပြည်သားအပေါင်းတို့သည် အလွန်ကြောက်ရွံ့ကြသောကြောင့် သူတို့ထံမှ ထွက်ခွာသွားတော်မူရန် တောင်းပန်ကြ၏။ ယေရှုသည်လည်း လှေပေါ်သို့ တက်၍ အိုင်တစ်ဖက်သို့ ပြန်ကြွတော်မူ၏။
ယေရှုသည် အိုင်တစ်ဖက်သို့ ပြန်ကြွတော်မူသောအခါ လူအုပ်ကြီးသည် ခရီးဦးကြိုပြုကြ၏။ အဘယ်ကြောင့်ဆိုသော် သူတို့သည် ကိုယ်တော်ကို စောင့်မျှော်နေကြသောကြောင့်ဖြစ်၏။
မတရားမှုပြုသောသူက ဆက်၍ ပြုပါစေ။ ညစ်ညမ်းသောသူက ဆက်၍ ညစ်ညမ်းပါစေ။ ဖြောင့်မတ်သောသူက ဆက်၍ ဖြောင့်မတ်ပါစေ။ သန့်ရှင်းသောသူက ဆက်၍ သန့်ရှင်းပါစေ” ဟုကျွန်ုပ်အား ပြော၏။