ထိုသို့ပြောဆိုကြသည်ကို ယေရှုသိတော်မူသဖြင့် “ယုံကြည်ခြင်းအားနည်းသောသူတို့… သင်တို့၌ စားစရာမပါသည့်အကြောင်းကို အဘယ်ကြောင့်ပြောဆိုနေကြသနည်း။
မဿဲ 8:26 - ခေတ်သစ်မြန်မာ သမ္မာကျမ်း ယေရှုက “ယုံကြည်ခြင်းအားနည်းသောသူတို့… အဘယ်ကြောင့် ကြောက်လန့်ကြသနည်း” ဟု မိန့်တော်မူပြီးနောက် ထ၍ လေနှင့် လှိုင်းတံပိုးအား အမိန့်ပေးကာ ဆုံးမတော်မူ၏။ ထိုအခါ လေနှင့် လှိုင်းတံပိုးတို့သည် ချက်ချင်းငြိမ်သက်သွားလေ၏။ Common Language Bible ကိုယ်တော်က ``ယုံကြည်မှုနည်းသူတို့၊ သင်တို့ အဘယ်ကြောင့်ကြောက်လန့်သနည်း'' ဟုမိန့်တော် မူပြီးနောက် အိပ်စက်ရာမှထတော်မူ၍လေနှင့် လှိုင်းများကိုဆုံးမတော်မူ၏။ လေနှင့်လှိုင်းတို့ သည်ငြိမ်သက်သွားကြ၏။ Garrad Bible ကိုယ် တော် က ယုံ ကြည် ခြင်း နည်း ပါး သူ တို့၊ အ ဘယ် ကြောင့် ကြောက် ကြ သ နည်း ဟု မိန့် တော် မူ ပြီး လျှင် ထ၍ လေ နှင့် ရေ ကို ဆုံး မ တော် မူ သ ဖြင့် အ လွန် ငြိမ် ဝပ် ရ လေ ၏။ Judson Bible ကိုယ်တော်က၊ ယုံကြည်အားနည်းသော သူတို့၊ အဘယ်ကြောင့် ကြောက်တတ်သနည်းဟု မေးတော်မူပြီးလျှင်၊ ထ၍ လေနှင့် ပင်လယ်ကို ဆုံးမတော်မူသဖြင့် အလွန်သာယာလေ၏။- မြန်မာ့စံမီသမ္မာကျမ်း ထိုအခါ ကိုယ်တော်က“ယုံကြည်ခြင်းအားနည်းသောသူတို့၊ အဘယ်ကြောင့် ကြောက်တတ်သနည်း”ဟု မိန့်တော်မူပြီးလျှင် ထ၍ လေနှင့်ပင်လယ်တို့ကို ဆုံးမတော်မူရာ အလွန်ငြိမ်သက်သာယာသွားလေ၏။ မြန်မာ ကိုယ်တော်က၊ ယုံကြည်အားနည်းသော သူတို့၊ အဘယ်ကြောင့် ကြောက်တတ်သနည်းဟု မေးတော်မူပြီးလျှင်၊ ထ၍ လေနှင့် ပင်လယ်ကို ဆုံးမတော်မူသဖြင့် အလွန်သာယာလေ၏။- |
ထိုသို့ပြောဆိုကြသည်ကို ယေရှုသိတော်မူသဖြင့် “ယုံကြည်ခြင်းအားနည်းသောသူတို့… သင်တို့၌ စားစရာမပါသည့်အကြောင်းကို အဘယ်ကြောင့်ပြောဆိုနေကြသနည်း။
ယေရှုက “သင်တို့၏ ယုံကြည်ခြင်းသည် အားနည်းသောကြောင့်ဖြစ်၏။ သင်တို့အား ငါအမှန်ဆို၏။ သင်တို့တွင် မုန်ညင်းစေ့ခန့်မျှသော ယုံကြည်ခြင်းရှိပါက ဤတောင်ကို ‘ဤနေရာမှ ထိုနေရာသို့ ရွေ့လော့’ ဟု ဆိုလျှင် ရွေ့လိမ့်မည်။ ယုံကြည်ခြင်းရှိပါက သင်တို့မတတ်နိုင်သောအရာမရှိ။
ယုံကြည်ခြင်းအားနည်းသောသူတို့… ယနေ့ရှင်သန်၍ မနက်ဖြန်မီးဖိုထဲသို့ ပစ်ချခံရသည့် တောပန်းပင်ကို ဘုရားသခင်သည် ထိုမျှဆင်မြန်းတော်မူလျှင် သင်တို့ကို သာ၍ ဆင်မြန်းတော်မူမည်မဟုတ်လော။
တပည့်တော်တို့သည် အံ့အားသင့်လျက် “ဤသူသည် မည်သူနည်း။ လေနှင့် လှိုင်းတံပိုးတို့ပင်လျှင် သူ့ကို နာခံကြသည်” ဟူ၍ ပြောဆိုကြ၏။
ယေရှုကလည်း ထိုနတ်ဆိုးအား “တိတ်ဆိတ်စွာနေ၍ သူ့အထဲမှ ထွက်သွားလော့” ဟု ဆုံးမတော်မူ၏။ ထိုအခါ နတ်ဆိုးသည် ထိုသူကို လူအများရှေ့တွင် လှဲချပြီးလျှင် ထိခိုက်ဒဏ်ရာမဖြစ်စေဘဲ ထိုသူအထဲမှ ထွက်သွား၏။
သူသည် ဘုရားသခင်၏ ကတိတော်ကို ယုံမှားသံသယမဖြစ်ပေ။ ယုံကြည်ခြင်းသာ ပိုမိုခိုင်မာလာ၍ ဘုရားသခင်၏ ဂုဏ်တော်ကို ချီးမွမ်းလေ၏။
သူ၏လက်ထဲတွင် ဖွင့်ထားသည့် စာလိပ်ငယ်ကို ကိုင်ထား၏။ သူ၏ညာခြေကို ပင်လယ်ပေါ်သို့လည်းကောင်း ဘယ်ခြေကို မြေပေါ်သို့လည်းကောင်း ချထားလျက်