Biblia Todo Logo
အွန်လိုင်း သမ္မာကျမ်းစာ

- ကြော်ငြာတွေ -




မဿဲ 8:26 - မြန်မာ

26 ကိုယ်​တော်​က၊ ယုံ​ကြည်​အား​နည်း​သော သူ​တို့၊ အ​ဘယ်​ကြောင့် ကြောက်​တတ်​သ​နည်း​ဟု မေး​တော်​မူ​ပြီး​လျှင်၊ ထ၍ လေ​နှင့် ပင်​လယ်​ကို ဆုံး​မ​တော်​မူ​သ​ဖြင့် အ​လွန်​သာ​ယာ​လေ၏။-

အခန်းကိုကြည့်ပါ။ ကော်ပီ

Common Language Bible

26 ကိုယ်​တော်​က ``ယုံ​ကြည်​မှု​နည်း​သူ​တို့၊ သင်​တို့ အ​ဘယ်​ကြောင့်​ကြောက်​လန့်​သ​နည်း'' ဟု​မိန့်​တော် မူ​ပြီး​နောက် အိပ်​စက်​ရာ​မှ​ထ​တော်​မူ​၍​လေ​နှင့် လှိုင်း​များ​ကို​ဆုံး​မ​တော်​မူ​၏။ လေ​နှင့်​လှိုင်း​တို့ သည်​ငြိမ်​သက်​သွား​ကြ​၏။

အခန်းကိုကြည့်ပါ။ ကော်ပီ

Garrad Bible

26 ကိုယ် တော် က ယုံ ကြည် ခြင်း နည်း ပါး သူ တို့၊ အ ဘယ် ကြောင့် ကြောက် ကြ သ နည်း ဟု မိန့် တော် မူ ပြီး လျှင် ထ၍ လေ နှင့် ရေ ကို ဆုံး မ တော် မူ သ ဖြင့် အ လွန် ငြိမ် ဝပ် ရ လေ ၏။

အခန်းကိုကြည့်ပါ။ ကော်ပီ

Judson Bible

26 ကိုယ်​တော်​က၊ ယုံ​ကြည်​အား​နည်း​သော သူ​တို့၊ အ​ဘယ်​ကြောင့် ကြောက်​တတ်​သ​နည်း​ဟု မေး​တော်​မူ​ပြီး​လျှင်၊ ထ၍ လေ​နှင့် ပင်​လယ်​ကို ဆုံး​မ​တော်​မူ​သ​ဖြင့် အ​လွန်​သာ​ယာ​လေ၏။-

အခန်းကိုကြည့်ပါ။ ကော်ပီ

မြန်​​​မာ့​​​စံ​​​မီ​​​သမ္မာ​​​ကျမ်း​​

26 ထိုအခါ ကိုယ်တော်​က“ယုံကြည်​ခြင်း​အားနည်း​သော​သူ​တို့၊ အဘယ်ကြောင့် ကြောက်​တတ်​သနည်း”​ဟု မိန့်​တော်မူ​ပြီးလျှင် ထ​၍ လေ​နှင့်​ပင်လယ်​တို့​ကို ဆုံးမ​တော်မူ​ရာ အလွန်​ငြိမ်သက်​သာယာ​သွား​လေ​၏။

အခန်းကိုကြည့်ပါ။ ကော်ပီ

ခေတ်သစ်​မြန်မာ သမ္မာကျမ်း

26 ယေရှု​က “ယုံကြည်ခြင်း​အားနည်းသောသူတို့… အဘယ်ကြောင့် ကြောက်လန့်ကြသနည်း” ဟု မိန့်တော်မူ​ပြီးနောက် ထ​၍ လေ​နှင့် လှိုင်းတံပိုး​အား အမိန့်ပေး​ကာ ဆုံးမတော်မူ၏။ ထိုအခါ လေ​နှင့် လှိုင်းတံပိုးတို့​သည် ချက်ချင်း​ငြိမ်သက်သွားလေ၏။

အခန်းကိုကြည့်ပါ။ ကော်ပီ




မဿဲ 8:26
24 ပူးပေါင်းရင်းမြစ်များ  

ယေ​ရှု​သည် သိ​တော်​မူ​လျှင်၊ ယုံ​ကြည်​အား​နည်း​သော​သူ​တို့၊ သင်​တို့၌​မုန့်​မ​ပါ​သည်​ကို ထောက်၍ အ​ဘယ်​ကြောင့် အ​ချင်း​ချင်း ဆွေး​နွေး​ပြော​ဆို​ကြ​သ​နည်း။-


သင်​တို့​သည် ယုံ​ကြည်​ခြင်း​မ​ရှိ​သော​ကြောင့် မ​နှင်​ထုတ်​နိုင်​ကြ။ ငါ​အ​မှန်​ဆို​သည်​ကား၊ သင်​တို့​သည် မုန်​ညင်း​စေ့​ခန့်​မျှ​လောက်​သော ယုံ​ကြည်​ခြင်း​ရှိ​လျှင်၊ ထို​တောင်​ကို နေ​ရာ​မှ​ရွေ့​လော့​ဟု ဆို​ကြ​သော်၊ နေ​ရာ​မှ ရွေ့​လိမ့်​မည်။ ယုံ​ကြည်​ခြင်း​ရှိ​လျှင် သင်​တို့​မ​တတ်​နိုင်​သော​အ​မှု မ​ရှိ။-


ယုံ​ကြည်​အား​နည်း​သော သူ​တို့၊ ယ​နေ့ အ​သက်​ရှင်​လျက် နက်​ဖြန် မီး​ဖို​ထဲ​သို့​ရောက်​သော တော​မြက်​ပင်​ကို ဘု​ရား​သ​ခင်​သည် ထို​သို့​သော​အ​ဝတ်​နှင့် ဖုံး​လွှမ်း​တော်​မူ​လျှင်၊ ထို​မျှ​မ​က သင်​တို့​ကို​အ​ဝတ်​နှင့် ဖုံး​လွှမ်း​တော်​မူ​မည် မ​ဟုတ်​လော။-


ထို​လူ​တို့​က​လည်း၊ ဤ​သူ​ကား အ​ဘယ်​သို့​သော​သူ​နည်း။ လေ​နှင့်​ပင်​လယ်​သည် သူ၏​စ​ကား​ကို နား​ထောင်​ပါ​သည်​တ​ကား​ဟု အံ့​ဩ​ကြ၏။-


ယေ​ရှု​က​လည်း၊ တိတ်​ဆိတ်​စွာ​နေ​လော့။ ထို​သူ၏​အ​ထဲ​က ထွက်​သွား​လော့​ဟု ဆုံး​မ​တော်​မူ​လျှင်၊ နတ်​ဆိုး​သည် ထို​သူ​ကို လူ​အ​များ​အ​လယ်၌ လှဲ​ချ၍ ဘေး​ဥ​ပဒ်​မ​ပြု​ဘဲ ထွက်​သွား၏။-


ကြှနျုပျတို့နောကျလိုကျပါ:

ကြော်ငြာတွေ


ကြော်ငြာတွေ