ယေရှုသည် ဖာရိရှဲတို့၏ အကြံအစည်ကို သိတော်မူသဖြင့် ထိုအရပ်မှ ထွက်ခွာတော်မူ၏။ လူများစွာတို့သည် နောက်တော်သို့ လိုက်ကြ၏။ ယေရှုသည် ထိုသူတို့အထဲမှ ဖျားနာသူရှိသမျှကို ကျန်းမာစေတော်မူ၏။
မဿဲ 8:1 - ခေတ်သစ်မြန်မာ သမ္မာကျမ်း ယေရှုသည် တောင်ပေါ်မှ ဆင်းကြွတော်မူသောအခါ လူအုပ်ကြီးသည် နောက်တော်သို့ လိုက်ကြ၏။ Common Language Bible တောင်ပေါ်မှသခင်ယေရှုဆင်းသက်တော်မူလျှင် လူပရိသတ်ကြီးများသည်နောက်တော်သို့လိုက် ကြ၏။- Garrad Bible ကိုယ် တော် သည် တောင် ပေါ် မှ ဆင်း သက် တော် မူ သော် ကြီး စွာ သော လူ ပ ရိ သတ် သည် နောက် တော် က လိုက် ကြ၏။ Judson Bible ကိုယ်တော်သည် တောင်ပေါ်မှဆင်းကြွတော်မူလျှင်၊ များစွာသောလူအပေါင်းတို့သည် နောက်တော်သို့ လိုက်ကြ၏။- မြန်မာ့စံမီသမ္မာကျမ်း ယေရှုသည် တောင်ပေါ်မှ ကြွဆင်းလာရာ များစွာသောလူထုပရိသတ်တို့သည် နောက်တော်သို့လိုက်ကြ၏။ မြန်မာ ကိုယ်တော်သည် တောင်ပေါ်မှဆင်းကြွတော်မူလျှင်၊ များစွာသောလူအပေါင်းတို့သည် နောက်တော်သို့ လိုက်ကြ၏။- |
ယေရှုသည် ဖာရိရှဲတို့၏ အကြံအစည်ကို သိတော်မူသဖြင့် ထိုအရပ်မှ ထွက်ခွာတော်မူ၏။ လူများစွာတို့သည် နောက်တော်သို့ လိုက်ကြ၏။ ယေရှုသည် ထိုသူတို့အထဲမှ ဖျားနာသူရှိသမျှကို ကျန်းမာစေတော်မူ၏။
လူထုကြီးသည် ကိုယ်တော်ထံသို့လာ၍ ခြေမသန်သူများ၊ မျက်မမြင်များ၊ ကိုယ်အင်္ဂါချို့တဲ့သူများ၊ ဆွံ့အသူများနှင့် အခြားမကျန်းမာသူများစွာကို ခေါ်ဆောင်လာကာ ခြေတော်ရင်းတွင် ထားကြ၏။ ယေရှုသည်လည်း သူတို့အား ကျန်းမာစေတော်မူ၏။
လူအုပ်ကြီးသည်လည်း နောက်တော်သို့ လိုက်ကြသဖြင့် ထိုအရပ်တွင် ယေရှုသည် ဖျားနာသောသူများကို ကျန်းမာစေတော်မူ၏။
ယေရှုနှင့် တပည့်တော်များသည် ဂျေရိခေါမြို့မှ ထွက်ခွာသောအခါ လူအုပ်ကြီးသည် နောက်တော်သို့ လိုက်ကြ၏။
ဂါလိလဲပြည်၊ ဒေကာပေါလိပြည်၊ ဂျေရုဆလင်မြို့၊ ယုဒပြည်နှင့် ဂျော်ဒန်မြစ်တစ်ဖက်ကမ်းမှ လူအုပ်ကြီးသည် ယေရှုနောက်တော်သို့ လိုက်ကြ၏။
အဘယ်ကြောင့်ဆိုသော် ကိုယ်တော်သည် ကျမ်းတတ်ဆရာများကဲ့သို့မဟုတ်ဘဲ အခွင့်အာဏာဖြင့် ဟောပြောသွန်သင်တော်မူသောကြောင့် ဖြစ်၏။
ယေရှုသည် မိမိပတ်လည်၌ရှိသော လူထုကို မြင်တော်မူလျှင် တပည့်တော်တို့အား တစ်ဖက်ကမ်းသို့ ကူးရန် ညွှန်ကြားတော်မူ၏။
ထိုအခါ အနာကြီးရောဂါသည်တစ်ဦးသည် ကိုယ်တော်ထံသို့ လာ၍ ဒူးထောက်လျက် “သခင်… သခင်အလိုတော်ရှိလျှင် အကျွန်ုပ်ကို စင်ကြယ်စေနိုင်ပါသည်” ဟု လျှောက်လေ၏။
ယေရှုသည် တပည့်တော်တို့နှင့်အတူ အိုင်သို့ ကြွတော်မူလျှင် လူအုပ်ကြီးသည်လည်း နောက်တော်သို့ လိုက်ကြ၏။ ထိုသူတို့သည် ဂါလိလဲပြည်မှစ၍ ယုဒပြည်၊
သို့သော်လည်း ကိုယ်တော်၏သတင်းတော်သည် ပို၍ပျံ့နှံ့သွားသဖြင့် လူအုပ်ကြီးသည် ကိုယ်တော်၏တရားတော်ကို ကြားနာရန်နှင့် မိမိတို့၏အနာရောဂါများကို ကုသခံရန် စုဝေးလာကြ၏။