ထိုသူသည် သူတို့၏ စကားကို နားမထောင်ဘဲနေလျှင် ဤအမှုကို အသင်းတော်သို့ တင်ပြလော့။ ထိုသူသည် အသင်းတော်၏ဆုံးဖြတ်ချက်ကိုပင်လျှင် နားမထောင်ပါက ဘုရားသခင်ကို မကိုးကွယ်သောသူနှင့် အကျင့်ပျက်သောအခွန်ကောက်သူကဲ့သို့ သူ့အား သတ်မှတ်လော့။
မဿဲ 6:7 - ခေတ်သစ်မြန်မာ သမ္မာကျမ်း သင်တို့သည် ဆုတောင်းသောအခါ ဘုရားသခင်ကို မကိုးကွယ်သောသူများ ဆုတောင်းသကဲ့သို့ အဓိပ္ပာယ်မဲ့သောစကားဖြင့် မရွတ်ဆိုကြနှင့်။ ထိုသူတို့သည် များစွာသောစကားတို့ကို ထပ်တလဲလဲရွတ်ဆိုပါက ဆုတောင်းပြည့်မည်ဟု ထင်မှတ်ကြ၏။ Common Language Bible ``သင်တို့သည်ဆုတောင်းပတ္ထနာပြုသောအခါ ဘုရားသခင်ကိုမကိုးကွယ်သူတို့နည်းတူ အနက်အဋ္ဌိပ္ပါယ်မရှိသောစကားများကို မသုံးကြနှင့်။ ထိုသူတို့သည်ရှည်လျားစွာ ဆုတောင်းပတ္ထနာပြုလျှင် တောင်းသောဆုရ လိမ့်မည်ဟုထင်မှတ်ကြ၏။- Garrad Bible ပ ဌ နာ ပြု ရာ တွင် များ စွာ ရွတ် သည့် အ တွက် နား ညောင်း တော် မူ လိမ့် မည် ဟု ထင် မှတ် သော သာ သ နာ ပ တို့ ကဲ့ သို့ ပေါ့ ပေါ့ ဆ ဆ မ မြွက် ကြ နှင့်။ Judson Bible သင်တို့သည် ဆုတောင်းသောအခါ သာသနာပလူနည်းတူ အချည်းနှီးသောစကားဖြင့် အထပ်ထပ် မမြွက်ကြနှင့်။ ထိုသူတို့သည် များစွာသောစကားအားဖြင့် မိမိတို့အလို ပြည့်စုံမည်ဟု ထင်မှတ်ကြ၏။- မြန်မာ့စံမီသမ္မာကျမ်း ထို့ပြင် သင်တို့ဆုတောင်းသောအခါ သာသနာပလူမျိုးခြားတို့ကဲ့သို့ တတွတ်တွတ် အချည်းနှီးမရွတ်ဆိုကြနှင့်။ သူတို့သည် များစွာသောစကားတို့ကိုရွတ်ဆိုလျှင် သူတို့ကို နားထောင်ပေးလိမ့်မည်ဟု ထင်မှတ်ကြ၏။ မြန်မာ သင်တို့သည် ဆုတောင်းသောအခါ သာသနာပလူနည်းတူ အချည်းနှီးသောစကားဖြင့် အထပ်ထပ် မမြွက်ကြနှင့်။ ထိုသူတို့သည် များစွာသောစကားအားဖြင့် မိမိတို့အလို ပြည့်စုံမည်ဟု ထင်မှတ်ကြ၏။- |
ထိုသူသည် သူတို့၏ စကားကို နားမထောင်ဘဲနေလျှင် ဤအမှုကို အသင်းတော်သို့ တင်ပြလော့။ ထိုသူသည် အသင်းတော်၏ဆုံးဖြတ်ချက်ကိုပင်လျှင် နားမထောင်ပါက ဘုရားသခင်ကို မကိုးကွယ်သောသူနှင့် အကျင့်ပျက်သောအခွန်ကောက်သူကဲ့သို့ သူ့အား သတ်မှတ်လော့။
ထို့နောက် ယေရှုသည် ရှေ့သို့ အနည်းငယ် သွား၍ မြေပေါ်တွင် ပျပ်ဝပ်တော်မူပြီးလျှင် “အကျွန်ုပ်၏အဖ… ဖြစ်နိုင်လျှင် ဤခွက်ကို အကျွန်ုပ်ထံမှ ဖယ်ရှားပေးတော်မူပါ။ သို့သော်လည်း အကျွန်ုပ်၏ အလိုဆန္ဒအရမဟုတ်ဘဲ ကိုယ်တော်၏ အလိုတော်အတိုင်းသာ ဖြစ်စေတော်မူပါ” ဟု ဆုတောင်းတော်မူ၏။
တစ်ဖန် ယေရှုသည် ဒုတိယအကြိမ်ကြွတော်မူ၍ “အကျွန်ုပ်၏အဖ… ဤဒုက္ခဝေဒနာခွက်ကို အကျွန်ုပ်မသောက်ဘဲ ဖယ်ရှားရန် မဖြစ်နိုင်ပါက အဖ၏အလိုတော်အတိုင်းသာ ဖြစ်စေတော်မူပါ” ဟု ဆုတောင်းတော်မူ၏။
ယေရှုသည် သူတို့ကို ထားခဲ့၍ တတိယအကြိမ် သွားလျက် ယခင်အတိုင်း ထပ်မံဆုတောင်းတော်မူ၏။
ဘုရားသခင်ကို မကိုးကွယ်သောသူတို့သည် ထိုအရာများကို ကြိုးစားရှာဖွေတတ်ကြ၏။ သို့ရာတွင် ကောင်းကင်ဘုံရှင် သင်တို့၏အဖသည် ထိုအရာများကို သင်တို့လိုအပ်ကြောင်း အမှန်သိမြင်တော်မူ၏။
သို့သော် သူသည် ဂျူးလူမျိုးဖြစ်သည်ကို လူအစုအဝေးတို့က သတိပြုမိလာကြသောအခါ “ဧဖက်မြို့၏အာတေမိနတ်ဘုရားမသည် ကြီးမြတ်၏” ဟု နှစ်နာရီခန့်မျှ တစ်သံတည်းဖြင့် ကြွေးကြော်ကြ၏။