Biblia Todo Logo
အွန်လိုင်း သမ္မာကျမ်းစာ
- ကြော်ငြာတွေ -




မဿဲ 6:6 - ခေတ်သစ်​မြန်မာ သမ္မာကျမ်း

6 သို့ရာတွင် သင်​သည် ဆုတောင်း​သောအခါ အခန်း​ထဲသို့ ဝင်​၍ တံခါး​ကို ပိတ်ပြီး​လျှင် မျက်စိ​ဖြင့် မတွေ့မြင်နိုင်သော သင်​၏​အဖ​ထံတော်သို့ တောင်းလျှောက်လော့။ ထိုအခါ အရာ​အားလုံး​ကို သိမြင်တော်မူသော သင်​၏​အဖ​သည် ဆုလာဘ်​ကို ပေးတော်မူ​လိမ့်မည်။

အခန်းကိုကြည့်ပါ။ ကော်ပီ

Common Language Bible

6 သို့​ရာ​တွင်​သင်​တို့​သည်​ဆု​တောင်း​ပတ္ထ​နာ​ပြု​သော အ​ခါ​အိမ်​အ​တွင်း​ခန်း​သို့​ဝင်​၍​တံ​ခါး​ကို​ပိတ်​ပြီး လျှင် မျက်​စိ​နှင့်​မ​တွေ့​မ​မြင်​နိုင်​သော​သင်​တို့​၏​အ​ဖ ထံ​တော်​သို့​ဆု​တောင်း​ပတ္ထ​နာ​ပြု​ကြ​လော့။ မ​ထင် မ​ရှား​ပြု​သော​အ​မှု​ကို​မြင်​တော်​မူ​သော​သင်​တို့ ၏​အ​ဖ​သည်​သင်​တို့​အား​ကောင်း​ချီး​ပေး​သ​နား တော်​မူ​လိမ့်​မည်။

အခန်းကိုကြည့်ပါ။ ကော်ပီ

Garrad Bible

6 သင် မူ ကား ပ ဌ နာ ပြု သည့် ကာ လ အ တွင်း ခန်း ထဲ သို့ ဝင်၍ တံ ခါး ပိတ် ထား ပြီး လျှင် မ ထင် မ ရှား စံ နေ သော ကိုယ့် အ ဘ အား ပ ဌ နာ ပြု လော့၊ မ ထင် ရှား ရာ ကို ရှု မြင် တော် မူ သော သင့် အ ဘ သည် အ ကျိုး ဆက် ကို သ နား တော် မူ လိမ့် မည်။

အခန်းကိုကြည့်ပါ။ ကော်ပီ

Judson Bible

6 သင်​သည် ဆု​တောင်း​သော​အ​ခါ ဆိတ်​ညံ​ရာ​အ​ခန်း​သို့​ဝင်၍ တံ​ခါး​ကို​ပိတ်​ပြီး​မှ၊ မ​ထင်​ရှား​သော​အ​ရပ်၌ ရှိ​တော်​မူ​သော သင်၏​အ​ဘ​ကို ဆု​တောင်း​လော့။ မ​ထင်​ရှား​သော​အ​ရာ​ကို မြင်​တော်​မူ​သော သင်၏​အ​ဘ​သည် အ​ကျိုး​ကို ထင်​ရှား​စွာ ပေး​တော်​မူ​လ​တ္တံ့။-

အခန်းကိုကြည့်ပါ။ ကော်ပီ

မြန်​​​မာ့​​​စံ​​​မီ​​​သမ္မာ​​​ကျမ်း​​

6 သင်​မူကား ဆုတောင်း​သောအခါ သင်​၏​အိမ်​အတွင်း​ခန်း​သို့​ဝင်​၍ တံခါး​ကို​ပိတ်​ပြီးလျှင် မထင်ရှား​သော​အရပ်​၌​ရှိ​တော်မူ​သော သင်​၏​အဖ​ထံသို့ ဆုတောင်း​လော့။ ထိုအခါ မထင်ရှား​သော​အရာ​ကို​မြင်​တော်မူ​သော သင်​၏​အဖ​သည် သင့်​အား ဆုလာဘ်​ကို​ပေး​တော်မူ​လိမ့်မည်။

အခန်းကိုကြည့်ပါ။ ကော်ပီ

မြန်မာ

6 သင်​သည် ဆု​တောင်း​သော​အ​ခါ ဆိတ်​ညံ​ရာ​အ​ခန်း​သို့​ဝင်၍ တံ​ခါး​ကို​ပိတ်​ပြီး​မှ၊ မ​ထင်​ရှား​သော​အ​ရပ်၌ ရှိ​တော်​မူ​သော သင်၏​အ​ဘ​ကို ဆု​တောင်း​လော့။ မ​ထင်​ရှား​သော​အ​ရာ​ကို မြင်​တော်​မူ​သော သင်၏​အ​ဘ​သည် အ​ကျိုး​ကို ထင်​ရှား​စွာ ပေး​တော်​မူ​လ​တ္တံ့။-

အခန်းကိုကြည့်ပါ။ ကော်ပီ




မဿဲ 6:6
17 ပူးပေါင်းရင်းမြစ်များ  

ကိုယ်တော်​သည် လူထုတို့​ကို ပြန်လွှတ်တော်မူ​ပြီးနောက် ဆုတောင်း​ရန် တောင်​ပေါ်သို့ တက်ကြွတော်မူ၏။ ညအချိန်​ရောက်သော် ထို​နေရာ​၌ မိမိ​တစ်ကိုယ်တည်း​ရှိတော်မူ၏။


ထိုသို့​ပြုလျှင် သင်​အစာရှောင်နေကြောင်း​ကို မည်သူ​မျှ သိမည်​မဟုတ်။ သို့သော်လည်း လူ့​မျက်စိ​ဖြင့် မတွေ့မြင်နိုင်သော သင်​၏​အဖ​သည် သိမြင်တော်မူ၏။ အရာ​အားလုံး​ကို သိမြင်တော်မူသော သင်​၏​အဖ​သည် ဆုလာဘ်​ကို ပေးတော်မူ​လိမ့်မည်။


ထိုသို့​ပြု​လျှင် အရာ​အားလုံး​ကို သိမြင်တော်မူသော သင်​၏​အဖ​သည် ဆုလာဘ်​ကို ပေးတော်မူ​လိမ့်မည်။


နာသနေလ​က “အရှင်​သည်​အကျွန်ုပ်​ကို မည်သို့​သိတော်မူသနည်း” ဟု မေးလျှောက်လေ၏။ ယေရှု​ကလည်း “သင့်​ကို ဖိလိပ္ပု မခေါ်​မီ သင်​သည် သဖန်းပင်​အောက်​၌ ရှိနေ​စဉ် သင့်​ကို ငါ​မြင်၏” ဟု ပြန်​၍​မိန့်တော်မူ၏။


ယေရှု​က “ငါ​သည် ခမည်းတော်​ထံသို့ မတက်ရသေး​သဖြင့် ငါ့​ကို မထိနှင့်ဦး။ ငါ့​တပည့်တို့​ထံ သွား​၍ ‘ငါ့​အဖ​ဟူသော သင်တို့​၏​အဖ၊ ငါ့​ဘုရားသခင်​ဟူသော သင်တို့​၏ ဘုရားသခင်​ထံသို့ ငါ​တက်သွား​ရမည်’ ဟူ၍ ပြောလော့” ဟု မိန့်တော်မူ၏။


ကော်နေလိ​ကလည်း “လွန်ခဲ့သော​လေးရက်​က ယခု​ကဲ့သို့သော မွန်းလွဲ​သုံးနာရီ​အချိန်​တွင် ကျွန်ုပ်​သည် အိမ်​၌​ဆုတောင်းနေ၏။ ထိုအခါ တောက်ပသော​အဝတ်​ကို ဝတ်ဆင်ထားသည့် လူ​တစ်ဦး​သည် ကျွန်ုပ်​ရှေ့​တွင် ရပ်​လျက်


နောက်​တစ်နေ့​၌ ထို​သူတို့​သည် ခရီးသွား​၍​ယုပ္ပေမြို့​နှင့် နီးလာ​စဉ် မွန်းတည့်ချိန်​ခန့်​တွင် ပေတရု​သည် ဆုတောင်း​ရန် လသာဆောင်​ပေါ်သို့ တက်လေ၏။


ပေတရု​သည် ထို​သူ​အားလုံးတို့​ကို အပြင်​သို့​ထွက်စေပြီး ဒူးထောက်​လျက် ဆုတောင်းလေ၏။ အလောင်း​ရှိရာ​သို့ လှည့်​၍ “တဗိသ… ထလော့” ဟု ဆို၏။ တဗိသ​သည်လည်း မျက်စိ​ကို​ဖွင့်​ရာ ပေတရု​ကို​တွေ့မြင်​သဖြင့် ထ​ထိုင်လေ၏။


လူ့​ဗီဇစိတ် အလို​အတိုင်း အသက်ရှင်သော​သူတို့​သည် လူ့​ဗီဇစိတ်​နှင့်ဆိုင်သော အရာတို့​ကို စွဲလမ်းကြ၏။ ဝိညာဉ်တော်​၏ အလို​အတိုင်း အသက်ရှင်သောသူတို့​မှာ ဝိညာဉ်တော်​နှင့်​ဆိုင်သော အရာတို့​ကို စွဲလမ်းကြ၏။


ဤ​အကြောင်း​ကြောင့် ကျွန်ုပ်​သည် ကောင်းကင်ဘုံသား​နှင့် လောကီဘုံသားတို့​၏ အမျိုးအနွယ်​ကို ဖန်ဆင်းတော်မူသော အဖ​ဘုရားသခင်​ထံ ဒူးထောက်​လျက်


ကြှနျုပျတို့နောကျလိုကျပါ:

ကြော်ငြာတွေ


ကြော်ငြာတွေ