ငါ့တပည့်၏ မျက်နှာကိုထောက်၍ ဤအသေးနုပ်ဆုံးသောသူထဲမှ တစ်ဦးအား ရေအေးတစ်ခွက်ကို တိုက်သောသူသည် အကျိုးကျေးဇူးကို မခံစားဘဲမနေရဟု ငါအမှန်ဆို၏” ဟု ညွှန်ကြားလျက် မိန့်တော်မူ၏။
မဿဲ 6:4 - ခေတ်သစ်မြန်မာ သမ္မာကျမ်း ထိုသို့ပြုလျှင် အရာအားလုံးကို သိမြင်တော်မူသော သင်၏အဖသည် ဆုလာဘ်ကို ပေးတော်မူလိမ့်မည်။ Common Language Bible သင်၏လက်ယာလက်ပြုသောအမှုကိုသင်၏လက်ဝဲ လက်မသိစေနှင့်။ မထင်မရှားပြုသောအမှုကို မြင်တော်မူသောသင်၏အဖသည်သင့်အားကောင်း ချီးပေးသနားတော်မူလိမ့်မည်။ Garrad Bible သို့ မှ သင်၏ အ လှူ ဒါ န မ ထင် ရှား သ ဖြင့် မ ထင် ရှား ရာ ကို ရှု မြင် တော် မူ သော သင့် အ ဘ သည် အ ကျိုး ဆက် ကို သ နား တော် မူ လိမ့် မည်။ Judson Bible မထင်ရှားသောအရာကို မြင်တော်မူသော သင်၏အဘသည် အကျိုးကိုထင်ရှားစွာ ပေးတော်မူလတ္တံ့။- မြန်မာ့စံမီသမ္မာကျမ်း ထိုအခါ မထင်ရှားသောအရာကိုမြင်တော်မူသော သင်၏အဖသည် သင့်အား ဆုလာဘ်ကိုပေးတော်မူလိမ့်မည်။ မြန်မာ မထင်ရှားသောအရာကို မြင်တော်မူသော သင်၏အဘသည် အကျိုးကိုထင်ရှားစွာ ပေးတော်မူလတ္တံ့။- |
ငါ့တပည့်၏ မျက်နှာကိုထောက်၍ ဤအသေးနုပ်ဆုံးသောသူထဲမှ တစ်ဦးအား ရေအေးတစ်ခွက်ကို တိုက်သောသူသည် အကျိုးကျေးဇူးကို မခံစားဘဲမနေရဟု ငါအမှန်ဆို၏” ဟု ညွှန်ကြားလျက် မိန့်တော်မူ၏။
ထိုသို့ပြုလျှင် သင်အစာရှောင်နေကြောင်းကို မည်သူမျှ သိမည်မဟုတ်။ သို့သော်လည်း လူ့မျက်စိဖြင့် မတွေ့မြင်နိုင်သော သင်၏အဖသည် သိမြင်တော်မူ၏။ အရာအားလုံးကို သိမြင်တော်မူသော သင်၏အဖသည် ဆုလာဘ်ကို ပေးတော်မူလိမ့်မည်။
သို့သော် သင်သည် အလှူအတန်းပြုသောအခါ လှူဒါန်းကြောင်းကို မထင်ရှားစေနှင့်။ လက်ယာလက် ပြုသောအရာကို လက်ဝဲလက်ပင် မသိစေနှင့်။
သို့ရာတွင် သင်သည် ဆုတောင်းသောအခါ အခန်းထဲသို့ ဝင်၍ တံခါးကို ပိတ်ပြီးလျှင် မျက်စိဖြင့် မတွေ့မြင်နိုင်သော သင်၏အဖထံတော်သို့ တောင်းလျှောက်လော့။ ထိုအခါ အရာအားလုံးကို သိမြင်တော်မူသော သင်၏အဖသည် ဆုလာဘ်ကို ပေးတော်မူလိမ့်မည်။
ထိုသို့ ကျေးဇူးမတုံ့ပြန်နိုင် သူများကို ဖိတ်ခေါ်သည့်အတွက် သင်သည် မင်္ဂလာရှိလိမ့်မည်။ အဘယ်ကြောင့်ဆိုသော် ဖြောင့်မတ်သောသူများ ထမြောက်မည့်ကာလ၌ ဘုရားသခင်သည် သင့်အား ကျေးဇူးတုံ့ပြန်လိမ့်မည်” ဟု မိန့်တော်မူ၏။
ထို့ကြောင့် သခင်ဘုရား ပြန်လည်ကြွလာတော်မမူမီ မည်သူ့ကိုမျှ ကြိုတင်၍ မစီရင်ကြနှင့်။ အဘယ်ကြောင့်ဆိုသော် အမှောင်၌ ဝှက်ထားသောအရာများကို ကိုယ်တော်သည် အလင်းသို့ ယူလာ၍ ကျွန်ုပ်တို့၏ အတွင်းစိတ် အကြံအစည်များကို ဖော်ထုတ်မည်ဖြစ်သောကြောင့်ဖြစ်၏။ ထို့နောက်တွင်မူ ဘုရားသခင်သည် လူအသီးသီးတို့ကို ချီးမွမ်းတော်မူလိမ့်မည်။
ဖန်ဆင်းတော်မူသောအရာမှန်သမျှသည် ဘုရားသခင်ရှေ့တော်၌ ထင်ရှား၏။ ဘုရားသခင်၏ မျက်မှောက်တော်တွင် မထင်ရှားသည့်အရာ တစ်စုံတစ်ခုမျှ မရှိပေ။ ကျွန်ုပ်တို့သည် မိမိတို့၏လုပ်ဆောင်ချက်များအတွက် ထိုအရှင်ထံ ဝန်ခံကြရမည်။
သင်တို့အား အပြစ်နွံထဲသို့ လဲကျခြင်းမှ ကင်းဝေးစေနိုင်ပြီး အပြစ်ကင်းစင်လျက် ရွှင်လန်းဝမ်းမြောက်သောစိတ်နှင့် မိမိဘုန်းအသရေတော်ရှေ့သို့ ဝင်ရောက်စေနိုင်သည့်
ငါသည် သူ၏သားသမီးများကို အသက်ဆုံးစေမည်။ ငါသည် လူတို့၏စိတ်နှလုံးနှင့် အကြံအစည်ကိုဆန်းစစ်သောသူဖြစ်ကြောင်း အသင်းတော်အပေါင်းတို့သည် သိကြလိမ့်မည်။ သင်တို့အသီးသီး၏အကျင့်နှင့်အညီ ထိုက်သင့်သည့်အတိုင်း ငါပေးဆပ်မည်။