မဿဲ 6:4 - မြန်မာ4 မထင်ရှားသောအရာကို မြင်တော်မူသော သင်၏အဘသည် အကျိုးကိုထင်ရှားစွာ ပေးတော်မူလတ္တံ့။- အခန်းကိုကြည့်ပါ။Common Language Bible4 သင်၏လက်ယာလက်ပြုသောအမှုကိုသင်၏လက်ဝဲ လက်မသိစေနှင့်။ မထင်မရှားပြုသောအမှုကို မြင်တော်မူသောသင်၏အဖသည်သင့်အားကောင်း ချီးပေးသနားတော်မူလိမ့်မည်။ အခန်းကိုကြည့်ပါ။Garrad Bible4 သို့ မှ သင်၏ အ လှူ ဒါ န မ ထင် ရှား သ ဖြင့် မ ထင် ရှား ရာ ကို ရှု မြင် တော် မူ သော သင့် အ ဘ သည် အ ကျိုး ဆက် ကို သ နား တော် မူ လိမ့် မည်။ အခန်းကိုကြည့်ပါ။Judson Bible4 မထင်ရှားသောအရာကို မြင်တော်မူသော သင်၏အဘသည် အကျိုးကိုထင်ရှားစွာ ပေးတော်မူလတ္တံ့။- အခန်းကိုကြည့်ပါ။မြန်မာ့စံမီသမ္မာကျမ်း4 ထိုအခါ မထင်ရှားသောအရာကိုမြင်တော်မူသော သင်၏အဖသည် သင့်အား ဆုလာဘ်ကိုပေးတော်မူလိမ့်မည်။ အခန်းကိုကြည့်ပါ။ခေတ်သစ်မြန်မာ သမ္မာကျမ်း4 ထိုသို့ပြုလျှင် အရာအားလုံးကို သိမြင်တော်မူသော သင်၏အဖသည် ဆုလာဘ်ကို ပေးတော်မူလိမ့်မည်။ အခန်းကိုကြည့်ပါ။ |
သင်သည်အစာရှောင်သောအခါ အစာရှောင်သည်ကို လူများတို့ရှေ့မှာ မထင်ရှားစေဘဲ၊ မထင်ရှားသော အရပ်၌ ရှိတော်မူသော သင်တို့အဘရှေ့တော်၌သာ ထင်ရှားစေခြင်းငှာ၊ ခေါင်းကိုလိမ်းကျံလော့။ မျက်နှာကိုလည်း သစ်လော့။ မထင်ရှားသောအရာကို မြင်တော်မူသော သင်တို့အဘသည် အကျိုးကို ထင်ရှားစွာပေးတော်မူလတ္တံ့။-