ခံတွင်းသို့ ဝင်သောအရာသည် လူကို ညစ်ညမ်းစေသည်မဟုတ်ပါ။ သို့သော် ခံတွင်းမှ ထွက်လာသောအရာသည်သာ လူကို ညစ်ညမ်းစေ၏” ဟု မိန့်တော်မူ၏။
မဿဲ 4:4 - ခေတ်သစ်မြန်မာ သမ္မာကျမ်း သို့ရာတွင် ယေရှုက “ကျမ်းစာ၌ ရေးသားထားသည်မှာ ‘လူသည် အစာဖြင့်သာ အသက်ရှင်ရသည်မဟုတ်။ ဘုရားသခင်၏ နှုတ်တော်ထွက်စကားရှိသမျှဖြင့် အသက်ရှင်ရမည်’ ဟူ၍ ဖြစ်သည်” ဟု မိန့်တော်မူ၏။ Common Language Bible သို့ရာတွင်ကိုယ်တော်က ``လူသည်အစားအစာ အားဖြင့်သာအသက်ရှင်ရမည်မဟုတ်။ ဘုရား သခင်၏နှုတ်တော်ထွက်စကားရှိသမျှအား ဖြင့်အသက်ရှင်ရမည်ဟုကျမ်းစာလာ၏'' ဟူ ၍မိန့်တော်မူ၏။ Garrad Bible ကိုယ် တော် က လူ သည် မုန့် ဖြင့် သာ အ သက် မွေး ရ မည် မ ဟုတ်။ ဘု ရား သ ခင့် နှုတ် တော် ထွက် ဗျာ ဒိတ် တော် ရှိ သ မျှ ဖြင့် အ သက် မွေး ရ မည် ဟူ သော ကျမ်း ချက် ရှိ သည် ဟု ပြန်၍ မိန့် တော် မူ၏။ Judson Bible ယေရှုကလည်း၊ လူသည် မုန့်အားဖြင့်သာ အသက်ကိုမွေးရမည် မဟုတ်။ ဘုရားသခင် မိန့်တော်မူသမျှအားဖြင့် အသက်ကိုမွေးရမည် ကျမ်းစာလာသည်ဟု ပြန်ပြောတော်မူ၏။- မြန်မာ့စံမီသမ္မာကျမ်း ကိုယ်တော်ကလည်း“ ‘လူသည် မုန့်အားဖြင့်သာ အသက်ရှင်သည်မဟုတ်။ ဘုရားသခင်၏နှုတ်တော်ထွက်စကားရှိသမျှအားဖြင့် အသက်ရှင်၏’ဟူ၍ ကျမ်းစာ၌ရေးထားသည်”ဟု မိန့်တော်မူ၏။ မြန်မာ ယေရှုကလည်း၊ လူသည် မုန့်အားဖြင့်သာ အသက်ကိုမွေးရမည် မဟုတ်။ ဘုရားသခင် မိန့်တော်မူသမျှအားဖြင့် အသက်ကိုမွေးရမည် ကျမ်းစာလာသည်ဟု ပြန်ပြောတော်မူ၏။- |
ခံတွင်းသို့ ဝင်သောအရာသည် လူကို ညစ်ညမ်းစေသည်မဟုတ်ပါ။ သို့သော် ခံတွင်းမှ ထွက်လာသောအရာသည်သာ လူကို ညစ်ညမ်းစေ၏” ဟု မိန့်တော်မူ၏။
ယေရှုက “အို စာတန်မာရ်နတ်… ငါ့ထံမှ ထွက်သွားလော့။ ကျမ်းစာ၌ ရေးသားထားသည်မှာ ‘သင်၏ဘုရားသခင် ထာဝရဘုရားကိုသာ ကိုးကွယ်ရမည်။ ထိုအရှင်တစ်ပါးတည်းကိုသာ ဝတ်ပြုရမည်’ ဟူ၍ ဖြစ်သည်” ဟု မိန့်တော်မူ၏။
ယေရှုက “ကျမ်းစာ၌ ရေးသားထားသည်မှာ ‘သင်၏ဘုရားသခင် ထာဝရဘုရားကို အကဲမစမ်းရ’ ဟူ၍ ဖြစ်သည်” ဟု ပြန်၍ မိန့်တော်မူ၏။
ယေရှုက “ကျမ်းစာ၌ ရေးသားထားသည်မှာ ‘သင်၏ဘုရားသခင် ထာဝရဘုရားအား အကဲမစမ်းရ’ ဟူ၍ ဖြစ်သည်” ဟု ပြန်၍ မိန့်တော်မူ၏။
ယေရှုကလည်း “ကျမ်းစာ၌ ‘လူသည် အစာအားဖြင့်သာ အသက်ရှင်ရသည်မဟုတ်’ ဟူ၍ ရေးသားထားသည်” ဟု မိန့်တော်မူ၏။
ယေရှုကလည်း “ကျမ်းစာ၌ ‘သင်၏ဘုရားသခင် ထာဝရဘုရားကိုသာ ကိုးကွယ်ရမည်။ ထိုအရှင်တစ်ပါးတည်းကိုသာ ဝတ်ပြုရမည်’ ဟူ၍ ရေးသားထားသည်” ဟု မိန့်တော်မူ၏။
သို့သော် ငါသည် သမ္မာတရားကို ဖော်ပြသည့် ကူညီမစတော်မူသောအရှင် သန့်ရှင်းသောဝိညာဉ်တော်ကို သင်တို့ထံ စေလွှတ်မည်။ ထိုဝိညာဉ်တော်သည် ခမည်းတော်ထံမှ ကြွလာ၍ ငါ၏အကြောင်းမှန်သမျှကို သက်သေခံလိမ့်မည်။
ဝိညာဉ်တော်ကသာ အသက်ရှင်စေ၏။ လူ့အားထုတ်မှုမှာမူ မည်သည့်အရာကိုမျှ မဖြစ်မြောက်စေနိုင်ပါ။ သင်တို့ကို ငါပြောသော စကားတို့သည် ဝိညာဉ်နှင့် အသက်ဖြစ်၏။
ထိုသို့ ကျမ်းစာ၌ ယခင်က ရေးသားခဲ့သောအရာများသည် ကျွန်ုပ်တို့ကို သွန်သင်ရန် ရေးသားထားခြင်းဖြစ်ပြီး ထိုကျမ်းစာမှ ရရှိသော သည်းခံခြင်းနှင့် နှစ်သိမ့်ခြင်းအားဖြင့် ကျွန်ုပ်တို့တွင် မျှော်လင့်ချက်ရှိစေရန် ဖြစ်၏။
ကယ်တင်ခြင်း သံခမောက်ကို ဆောင်းကြလော့။ ဘုရားသခင်၏ နှုတ်ကပတ်တော် ဖြစ်သော ဝိညာဉ်တော်၏ ဓားကိုလည်း ကိုင်ဆောင်ကြလော့။