ထို့နောက် ယေရှုက “တစ်စုံတစ်ဦးသည် ငါ့တပည့် ဖြစ်လိုပါက မိမိအတ္တကိုစွန့်၍ မိမိလက်ဝါးကပ်တိုင်ကို ထမ်းကာ ငါ့နောက်သို့ လိုက်ရမည်။
မဿဲ 4:19 - ခေတ်သစ်မြန်မာ သမ္မာကျမ်း ယေရှုက “ငါ့နောက်သို့ လိုက်ကြလော့။ ငါသည် သင်တို့အား လူကိုဖမ်းသော တံငါဖြစ်စေမည်” ဟု မိန့်တော်မူ၏။ Common Language Bible သခင်ယေရှုက ``လာကြ။ ငါ့နောက်သို့လိုက်ကြ။ သင်တို့ကိုလူဖမ်းတံငါများဖြစ်စေမည်'' ဟု သူတို့အားမိန့်တော်မူ၏။- Garrad Bible ကိုယ် တော် က ငါ့ နောက် လိုက် ကြ လော့။ သင် တို့ ကို လူ ဖမ်း သော တံ ငါ ဖြစ် စေ မည် ဟု မိန့် တော် မူ သည့် ကာ လ၊ Judson Bible ထိုသူတို့အား ငါ့နောက်သို့လိုက်ကြလော့။ သင်တို့သည် လူကို မျှားသောတံငါ ဖြစ်စေခြင်းငှာ ငါပြုမည်ဟု အမိန့်တော်ရှိလေသော်၊ မြန်မာ့စံမီသမ္မာကျမ်း ကိုယ်တော်က“ငါ့နောက်သို့လိုက်ကြလော့။ သင်တို့အား လူကိုဖမ်းသောတံငါသည်ဖြစ်စေမည်”ဟု သူတို့အား မိန့်တော်မူလျှင် မြန်မာ ထိုသူတို့အား ငါ့နောက်သို့လိုက်ကြလော့။ သင်တို့သည် လူကို မျှားသောတံငါ ဖြစ်စေခြင်းငှာ ငါပြုမည်ဟု အမိန့်တော်ရှိလေသော်၊ |
ထို့နောက် ယေရှုက “တစ်စုံတစ်ဦးသည် ငါ့တပည့် ဖြစ်လိုပါက မိမိအတ္တကိုစွန့်၍ မိမိလက်ဝါးကပ်တိုင်ကို ထမ်းကာ ငါ့နောက်သို့ လိုက်ရမည်။
ယေရှုက “သင်သည် ပြည့်စုံလိုပါက သွား၍ သင်၏ ဥစ္စာပစ္စည်းများကို ရောင်းချကာ ရသောငွေကို ဆင်းရဲသားတို့အား လှူဒါန်းလော့။ ထိုသို့ ပြုလျှင် ကောင်းကင်ဘုံတွင် ဘဏ္ဍာကို ရရှိလိမ့်မည်။ ပြီးမှ ငါ့နောက်သို့ လိုက်လော့” ဟု မိန့်တော်မူ၏။
တစ်နေ့၌ ယေရှုသည် ဂါလိလဲအိုင်နံဘေးတစ်လျှောက် ကြွတော်မူစဉ် အိုင်ထဲတွင် ကွန်ပစ်နေကြသည့် ပေတရုဟု ခေါ်သော ရှိမုန်နှင့် ညီဖြစ်သူအန္ဒြေတို့ကို တွေ့မြင်တော်မူ၏။ ထိုသူတို့သည် တံငါသည်များဖြစ်ကြ၏။
ထိုအခါ သူတို့သည် ပိုက်ကွန်များကို ချက်ချင်းထားခဲ့၍ ယေရှုနောက်တော်သို့ လိုက်ကြ၏။
သို့သော် ယေရှုက “ယခုပင် ငါ့နောက်သို့ လိုက်လော့။ ဝိညာဉ်ရေးရာ၌ သေဆုံးနေသောသူတို့သာ မိမိတို့၏လူသေကို သင်္ဂြိုဟ်ပါစေ” ဟု မိန့်တော်မူ၏။
ယေရှုသည် ထိုအရပ်မှ ကြွသောအခါ မဿဲအမည်ရှိသောသူတစ်ဦးသည် အကောက်ခွန်ရုံးတွင် ထိုင်နေသည်ကို တွေ့မြင်တော်မူ၍ “ငါ့နောက်သို့ လိုက်၍ ငါ့တပည့်အဖြစ်ခံယူလော့” ဟု မိန့်တော်မူ၏။ သူသည် ထ၍ ယေရှုနောက်တော်သို့ လိုက်လေ၏။
လမ်း၌ ကြွတော်မူစဉ် အာလဖဲ၏သား လေဝိသည် အကောက်ခွန်ရုံးတွင် ထိုင်နေသည်ကို တွေ့မြင်တော်မူ၍ “ငါ့နောက်သို့ လိုက်၍ ငါ့တပည့်အဖြစ် ခံယူလော့” ဟု မိန့်တော်မူ၏။ သူသည် ထ၍ ယေရှုနောက်တော်သို့ လိုက်လေ၏။
ထို့နောက် ယေရှုသည် ထိုအရပ်မှ ထွက်ကြွသောအခါ လေဝိအမည်ရှိ အခွန်ကောက်သူတစ်ဦးသည် အကောက်ခွန်ရုံးတွင် ထိုင်နေသည်ကို တွေ့မြင်တော်မူ၍ “ငါ့နောက်သို့ လိုက်၍ ငါ့တပည့်အဖြစ်ခံယူလော့” ဟု မိန့်တော်မူ၏။
ယေရှုသည် အခြားသောသူတစ်ဦးအား “ငါ့နောက်သို့ လိုက်လော့” ဟု မိန့်တော်မူ၏။ ထိုသူက “သခင်… အိမ်သို့ပြန်၍ အကျွန်ုပ်၏ဖခင်ကို ဦးစွာ သင်္ဂြိုဟ်ခွင့်ပြုတော်မူပါ” ဟု လျှောက်လေ၏။
နောက်တစ်နေ့တွင် ယေရှုသည် ဂါလိလဲပြည်သို့ ကြွရန် ဆုံးဖြတ်တော်မူ၏။ ထိုအခါ ဖိလိပ္ပုကို တွေ့တော်မူသဖြင့် ကိုယ်တော်က “ငါ့နောက်သို့လိုက်လော့” ဟု မိန့်တော်မူ၏။
ငါ့အမှုကို ထမ်းဆောင်လိုသောသူသည် ငါ့နောက်သို့ လိုက်ရမည်။ ငါ့အမှုဆောင်သည် ငါရှိရာ အရပ်တွင် ရှိရမည်။ ငါ့အမှုကို ထမ်းဆောင်သောသူအား ငါ့ခမည်းတော်သည် ဂုဏ်ပြုလိမ့်မည်။
ယေရှုက “ငါပြန်လာသည့်အချိန်တိုင်အောင် သူ့ကို ငါအသက်ရှင်စေလိုလျှင် သင်နှင့် မည်သို့ဆိုင်သနည်း။ သင်ကမူ ငါ့နောက်သို့သာ လိုက်လော့” ဟု မိန့်တော်မူ၏။
ကျွန်ုပ်သည် သင်တို့အတွက် ဝန်ထုပ်ဝန်ပိုးမဖြစ်ကြောင်းကို သင်တို့ဝန်ခံကြ၏။ သို့သော် သင်တို့ထဲမှ တချို့က ကျွန်ုပ်သည် ဉာဏ်များသောသူဖြစ်ပြီး သင်တို့၏ငွေကြေးဥစ္စာကို လှည့်စား၍ ရယူခဲ့သည်ဟု ထင်ကြဆဲဖြစ်၏။