ထိုတမန်တော်ဆယ့်နှစ်ပါးတို့၏အမည်များမှာ ရှေးဦးစွာ ပေတရုဟူ၍လည်း ခေါ်ဝေါ်သောရှိမုန်၊ ထို့နောက် သူ၏ညီ အန္ဒြေ၊ ဇေဗေဒဲ၏သား ယာကုပ်၊ ယာကုပ်၏ညီ ယောဟန်၊
မဿဲ 4:18 - ခေတ်သစ်မြန်မာ သမ္မာကျမ်း တစ်နေ့၌ ယေရှုသည် ဂါလိလဲအိုင်နံဘေးတစ်လျှောက် ကြွတော်မူစဉ် အိုင်ထဲတွင် ကွန်ပစ်နေကြသည့် ပေတရုဟု ခေါ်သော ရှိမုန်နှင့် ညီဖြစ်သူအန္ဒြေတို့ကို တွေ့မြင်တော်မူ၏။ ထိုသူတို့သည် တံငါသည်များဖြစ်ကြ၏။ Common Language Bible သခင်ယေရှုသည်ဂါလိလဲအိုင်အနီးတွင်လျှောက် သွားတော်မူစဉ် တံငါသည်ညီအစ်ကိုနှစ်ယောက်ကို မြင်တော်မူ၏။ သူတို့ကားပေတရုခေါ်ရှိမုန်နှင့် သူ၏ညီအန္ဒြေ-တို့ပင်ဖြစ်၏။ သူတို့သည်အိုင်ထဲ တွင်ကွန်ပစ်လျက်နေကြ၏။- Garrad Bible ဂါ လိ လဲ အိုင် နား ကြွ သွား တော် မူ စဉ် ပေ တ ရု ခေါ် ရှိ မုန် နှင့် အ န္ဒြေ ညီ အစ် ကို တို့ သည် တံ ငါ ဘာ ဝ အိုင် တွင် ပိုက် ချ လျက် နေ သည် ကို မြင် သော်၊ Judson Bible ဂါလိလဲအိုင်နားမှာ ကြွတော်မူစဉ်၊ ပေတရုဟူ၍ခေါ်ဝေါ်သော ရှိမုန်နှင့် အန္ဒြေ၊ ညီအစ်ကို နှစ်ယောက်တို့သည် တံငါဖြစ်၍၊ အိုင်တွင် ပိုက်ကွန်ဖြန့်ချသည်ကို မြင်တော်မူလျှင်၊ မြန်မာ့စံမီသမ္မာကျမ်း ဂါလိလဲပင်လယ်ကမ်းနားတွင် လမ်းလျှောက်တော်မူစဉ် ညီအစ်ကိုနှစ်ဦးဖြစ်သော ရှိမုန်ဟုခေါ်သည့်ပေတရုနှင့် သူ၏ညီအန္ဒြေတို့သည် တံငါသည်များဖြစ်၍ ပင်လယ်ထဲတွင် ပိုက်ကွန်ချနေကြသည်ကို မြင်တော်မူ၏။ မြန်မာ ဂါလိလဲအိုင်နားမှာ ကြွတော်မူစဉ်၊ ပေတရုဟူ၍ခေါ်ဝေါ်သော ရှိမုန်နှင့် အန္ဒြေ၊ ညီအစ်ကို နှစ်ယောက်တို့သည် တံငါဖြစ်၍၊ အိုင်တွင် ပိုက်ကွန်ဖြန့်ချသည်ကို မြင်တော်မူလျှင်၊ |
ထိုတမန်တော်ဆယ့်နှစ်ပါးတို့၏အမည်များမှာ ရှေးဦးစွာ ပေတရုဟူ၍လည်း ခေါ်ဝေါ်သောရှိမုန်၊ ထို့နောက် သူ၏ညီ အန္ဒြေ၊ ဇေဗေဒဲ၏သား ယာကုပ်၊ ယာကုပ်၏ညီ ယောဟန်၊
ယေရှုသည် ထိုဒေသမှ ထွက်ခွာတော်မူပြီးလျှင် ဂါလိလဲအိုင်နားသို့ ရောက်သော် တောင်ပေါ်သို့တက်၍ ထိုင်တော်မူ၏။
သင့်အား ငါပြောဆိုသည်မှာ သင်သည် ကျောက်ဟု အဓိပ္ပာယ်ရသောပေတရုဖြစ်၏။ ဤကျောက်ပေါ်တွင် ငါ၏ အသင်းတော်ကို တည်ဆောက်မည်။ မရဏနိုင်ငံ၏တံခါးများပင် ထိုအသင်းတော်ကို အောင်နိုင်လိမ့်မည်မဟုတ်။
ယေရှုက “ငါ့နောက်သို့ လိုက်ကြလော့။ ငါသည် သင်တို့အား လူကိုဖမ်းသော တံငါဖြစ်စေမည်” ဟု မိန့်တော်မူ၏။
ထို့နောက် ယေရှုသည် တိုင်ရာမြို့၏အရပ်ဒေသမှ ထွက်ခွာ၍ ဆီဒုန်မြို့ကို ဖြတ်ကာ ဒေကာပေါလိပြည်အလယ်ပိုင်းမှတစ်ဆင့် ဂါလိလဲအိုင်သို့ ကြွတော်မူ၏။
ပေတရုဟု ယေရှုမှည့်ခေါ်ထားသော ရှိမုန်၊ ပေတရု၏ညီ အန္ဒြေ၊ ယာကုပ်၊ ယောဟန်၊ ဖိလိပ္ပု၊ ဗာသောလမဲ၊
ထို့နောက် ယေရှုသည် ဂါလိလဲအိုင်အနီးတွင် တပည့်တော်တို့ရှေ့၌ ထပ်မံ၍ ကိုယ်ထင်ပြတော်မူ၏။ ကိုယ်ထင်ပြတော်မူပုံမှာ ဤသို့ဖြစ်၏။
ထို့နောက် ယေရှုသည် တိဗေရိအိုင်ဟုလည်း ခေါ်သော ဂါလိလဲအိုင် တစ်ဖက်ကမ်းသို့ ကူးတော်မူ၏။