ရေထဲမှ တက်လာသောအခါ ကောင်းကင်ပွင့်၍ ဘုရားသခင်၏ ဝိညာဉ်တော်သည် ချိုးငှက်အသွင်ဆောင်လျက် မိမိအပေါ် ဆင်းသက်တော်မူသည်ကို မြင်တော်မူ၏။
မဿဲ 3:16 - ခေတ်သစ်မြန်မာ သမ္မာကျမ်း ယေရှုသည် နှစ်ခြင်းမင်္ဂလာခံယူတော်မူပြီးနောက် ရေထဲမှ တက်လာသောအခါ ကောင်းကင်ပွင့်၍ ဘုရားသခင်၏ ဝိညာဉ်တော်သည် ချိုးငှက်အသွင်ဆောင်လျက် မိမိအပေါ် ဆင်းသက်တော်မူသည်ကို မြင်တော်မူ၏။ Common Language Bible သခင်ယေရှုသည်ဗတ္တိဇံကိုခံယူပြီးလျှင်ပြီး ချင်း ရေမှတက်တော်မူသောအခါ၊ မိုးကောင်းကင် သည်ကိုယ်တော်ရှင်အတွက်ကွဲဟလျက် ဘုရား သခင်၏ဝိညာဉ်တော်သည်ချိုးငှက်အသွင်ဖြင့် ကိုယ်တော်၏အပေါ်မှာနားတော်မူသည်ကိုမြင် တော်မူ၏။- Garrad Bible ယေ ရှု သည် ဗ တ္တိ ဇံ မင်္ဂ လာ ခံ ပြီး လျှင် ပြီး ချင်း၊ ရေ မှ တက် ကြွ တော် မူ ရာ ကောင်း ကင် ပွင့် လျက် ဘု ရား သ ခင်၏ ဝိ ညာဉ် တော် သည် ချိုး ငှက် သ ဏ္ဌာန် ကိုယ့် အ ပေါ် သို့ ဆင်း သက် ကြွ လာ သည် ကို မြင် တော် မူ ၏။ Judson Bible ယေရှုသည် ဗတ္တိဇံကိုခံတော်မူပြီးလျှင် ရေမှပေါ်ထစဉ်တွင်၊ ကောင်းကင်ဖွင့်လှစ်သဖြင့်၊ ဘုရားသခင်၏ ဝိညာဉ်တော်သည် ချိုးငှက်ကဲ့သို့ ဆင်းသက်၍ ကိုယ်တော်အပေါ်၌ နားတော်မူသည်ကို မြင်ရ၍၊ မြန်မာ့စံမီသမ္မာကျမ်း ယေရှုသည် ဗတ္တိဇံခံပြီးနောက် ရေထဲမှထွက်လာသည်နှင့် ကောင်းကင်သည်ပွင့်၍ ဘုရားသခင်၏ဝိညာဉ်တော်သည် ချိုးငှက်ကဲ့သို့ဆင်းသက်ကာ မိမိအပေါ်သို့ ကြွလာတော်မူသည်ကို မြင်တော်မူ၏။ မြန်မာ ယေရှုသည် ဗတ္တိဇံကိုခံတော်မူပြီးလျှင် ရေမှပေါ်ထစဉ်တွင်၊ ကောင်းကင်ဖွင့်လှစ်သဖြင့်၊ ဘုရားသခင်၏ ဝိညာဉ်တော်သည် ချိုးငှက်ကဲ့သို့ ဆင်းသက်၍ ကိုယ်တော်အပေါ်၌ နားတော်မူသည်ကို မြင်ရ၍၊ |
ရေထဲမှ တက်လာသောအခါ ကောင်းကင်ပွင့်၍ ဘုရားသခင်၏ ဝိညာဉ်တော်သည် ချိုးငှက်အသွင်ဆောင်လျက် မိမိအပေါ် ဆင်းသက်တော်မူသည်ကို မြင်တော်မူ၏။
ထို့နောက် “သင်တို့အား ငါအမှန်ဆို၏။ ကောင်းကင်ပွင့်၍ ဘုရားသခင်၏ ကောင်းကင်တမန်များသည် ကောင်းကင်နှင့်မြေကြီးအကြား လှေကားသဖွယ်ဖြစ်သောလူသားအပေါ်တွင် ဆင်းလျက်တက်လျက် နေကြသည်ကို သင်တို့မြင်ကြရလိမ့်မည်” ဟု မိန့်တော်မူ၏။
ဘုရားသခင်စေလွှတ်တော်မူသောသူသည် ဘုရားသခင်၏စကားတော်ကို ပြောဆိုတတ်၏။ အဘယ်ကြောင့်ဆိုသော် ဘုရားသခင်သည် ထိုသူအား ဝိညာဉ်တော်ကို အကန့်အသတ်မရှိ ပေးတော်မူသောကြောင့် ဖြစ်၏။
ထိုအခါ သတေဖန်က “ကြည့်ပါ။ ကောင်းကင်ပွင့်၍ လူသားသည် ဘုရားသခင်၏လက်ယာတော်ဘက်၌ ရပ်နေတော်မူသည်ကို ကျွန်ုပ်မြင်ရပါသည်” ဟု ပြောလေ၏။
ယေရှုခရစ်တော်သည် ရေနှင့် သွေးအားဖြင့် ကြွလာတော်မူသောအရှင်ဖြစ်၏။ ရေအားဖြင့်သာ ကြွလာသည်မဟုတ်။ ရေနှင့် သွေးအားဖြင့် ကြွလာ၏။ ဝိညာဉ်တော်သည် သမ္မာတရားဖြစ်တော်မူသောကြောင့် ထိုသို့ကြွလာကြောင်းကို သက်သေခံတော်မူ၏။