သို့သော် ယေရှုနှင့်အတူ ရှိနေသောသူတစ်ဦးသည် ဓားကို ဆွဲထုတ်၍ ယဇ်ပုရောဟိတ်မင်း၏ အစေခံတစ်ဦးကို ခုတ်သဖြင့် ထိုသူ၏နားရွက် ပြတ်လေ၏။
မဿဲ 26:70 - ခေတ်သစ်မြန်မာ သမ္မာကျမ်း သို့သော် ပေတရုက “သင်ပြောဆိုနေသည့်အရာကို ငါမသိပါ” ဟု ထိုသူတို့အားလုံးရှေ့၌ ငြင်းဆိုလေ၏။ Common Language Bible သို့သော်ပေတရုက ``သင်ပြောသည့်အရာကိုငါ မသိ'' ဟုလူအပေါင်းတို့ရှေ့တွင်ငြင်းဆိုပြီး လျှင်အိမ်တော်ဝင်းတံခါးဝသို့ထသွားလေ၏။- Garrad Bible ရှိ သ မျှ တို့ ရှေ့ ငြင်း ဆို၏။ Judson Bible ပေတရုက သင်ပြောသောအရာကို ငါမသိဟု လူအပေါင်းတို့ရှေ့၌ ငြင်းခုံလေ၏။- မြန်မာ့စံမီသမ္မာကျမ်း သို့သော် ပေတရုက “သင်ပြောနေသည့်အရာကို ငါမသိ”ဟု အားလုံးရှေ့တွင် ငြင်းဆိုလေ၏။ မြန်မာ ပေတရုက သင်ပြောသောအရာကို ငါမသိဟု လူအပေါင်းတို့ရှေ့၌ ငြင်းခုံလေ၏။- |
သို့သော် ယေရှုနှင့်အတူ ရှိနေသောသူတစ်ဦးသည် ဓားကို ဆွဲထုတ်၍ ယဇ်ပုရောဟိတ်မင်း၏ အစေခံတစ်ဦးကို ခုတ်သဖြင့် ထိုသူ၏နားရွက် ပြတ်လေ၏။
သို့သော် ဤအရာများဖြစ်ပျက်ရခြင်းမှာ ကျမ်းစာတွင် ဖော်ပြထားသည့် ပရောဖက်တို့၏ဟောပြောချက်အတိုင်း ဖြစ်လာစေရန်ပင် ဖြစ်သည်” ဟု မိန့်တော်မူ၏။ ထိုအခါ တပည့်တော်ရှိသမျှတို့သည် ယေရှုကို စွန့်ခွာ၍ ထွက်ပြေးကြ၏။
ထိုအချိန်တွင် ပေတရုသည် ယဇ်ပုရောဟိတ်မင်း၏ ရုံးတော်ဝင်းတိုင်အောင် နောက်တော်သို့ မလှမ်းမကမ်းမှလိုက်လေ၏။ သူသည် အတွင်းသို့ ဝင်၍ ယေရှု၏အမှုသည် အဆုံး၌ မည်သို့ဖြစ်မည်ကို သိရှိနိုင်ရန် အစောင့်တပ်သားများနှင့်အတူ ထိုင်လျက် စောင့်ကြည့်နေ၏။
ထိုအချိန်တွင် ပေတရုသည် ရုံးတော်ဝင်းအတွင်း၌ ထိုင်နေစဉ် အစေခံအမျိုးသမီးတစ်ဦးသည် အနားသို့ လာ၍ “သင်သည်လည်း ယေရှုနှင့် အတူရှိခဲ့သောဂါလိလဲပြည်သားဖြစ်သည်” ဟု ဆို၏။
ထို့နောက် ပေတရုသည် ဝင်းတံခါးဘက်သို့ ထွက်သွားသောအခါ အခြားအစေခံအမျိုးသမီးတစ်ဦးသည် သူ့ကို သတိပြုမိသဖြင့် အနား၌ရှိသောလူတို့အား “ဤသူသည် နာဇရက်မြို့သားယေရှုနှင့် အတူရှိခဲ့သည်” ဟု ဆို၏။
မှန်ပေ၏။ သူတို့သည် ခရစ်တော်ကို မယုံကြည်သောကြောင့် ခုတ်ဖြတ်ခြင်းခံရပြီး သင်ကမူ ယုံကြည်သောကြောင့် တည်နေ၏။ ထို့ကြောင့် မာနမထောင်လွှားဘဲ ကြောက်ရွံ့လော့။
ထို့ကြောင့် မိမိကိုယ်ကိုယ် ခိုင်ခံ့စွာ ရပ်နေသည်ဟု ထင်လျှင် မလဲကျစေရန် သတိပြုပါ။
သို့ရာတွင် ကြောက်တတ်သူများ၊ မယုံကြည်သူများ၊ စက်ဆုပ်ရွံ့ရှာဖွယ်ကောင်းသူများ၊ လူသတ်သမားများ၊ တရားနှင့်မညီသော မေထုန်ကို ပြုသူများ၊ ပြုစားတတ်သူများ၊ ရုပ်တုကိုးကွယ်သူများနှင့် လိမ်လည်သူများအားလုံးတို့သည် ကန့်နှင့် လောင်သောမီးအိုင်ထဲသို့ ပစ်ချခြင်းခံကြရမည်။ မီးအိုင်သည် ဒုတိယသေခြင်းဖြစ်၏” ဟုမိန့်တော်မူ၏။