လူသားသည် မိမိ၏ဘုန်းအသရေကို ဆောင်၍ ကောင်းကင်တမန်များခြံရံလျက် ကြွလာသောအခါ ဘုန်းအသရေနှင့် ပြည့်စုံသော သူ၏ ရာဇပလ္လင်ပေါ်တွင် ထိုင်တော်မူလိမ့်မည်။
မဿဲ 26:53 - ခေတ်သစ်မြန်မာ သမ္မာကျမ်း ယခုပင် ငါတို့ကို ကာကွယ်ရန် ဆယ့်နှစ်တပ်ထက်မကသော ကောင်းကင်တမန်တပ်များကို ငါ့ထံသို့ စေလွှတ်ရန် တောင်းဆိုလျှင် ငါ၏ ခမည်းတော်သည် ချက်ချင်းစေလွှတ်ပေးနိုင်သည်ကို သင်တို့မသိသလော။ Common Language Bible ငါသည်ခမည်းတော်ထံမှအကူအညီတောင်းခံ လျှင်ခမည်းတော်သည်တပ်ကြီးတစ်ဆယ့်နှစ်တပ် ထက်များပြားလှသောကောင်းကင်တမန်တို့ကို ငါ့ထံသို့စေလွှတ်တော်မူမည်ကိုသင်တို့မသိ ကြသလော။- Garrad Bible တစ် ဆယ် နှစ် တပ် ထက် များ သော စေ တ မန် တော် တို့ ကို ယ ခု ပင် ငါ့ ထံ လွှတ် တော် မူ စေ ခြင်း ငှာ ခ မည်း တော် အား ငါ မ လျှောက် တောင်း နိုင် ဟု သင် ထင် သ လော။ Judson Bible ယခုပင် ငါ့အဘကို ငါတောင်းနိုင်သည်ကိုလည်းကောင်း၊ တောင်းလျှင် ကောင်းကင်တမန်တစ်ဆယ်နှစ်တပ်မက ငါ့ထံသို့ စေလွှတ်တော်မူမည်ကိုလည်းကောင်း၊ သင်သည်မထင်သလော။- မြန်မာ့စံမီသမ္မာကျမ်း ယခုပင် တစ်ဆယ့်နှစ်တပ်ထက်များပြားသော ကောင်းကင်တမန်ကို ငါ့ထံသို့စေလွှတ်တော်မူမည့်အကြောင်း ခမည်းတော်ထံသို့ ငါမတောင်းနိုင်ဟု သင်ထင်သလော။ မြန်မာ ယခုပင် ငါ့အဘကို ငါတောင်းနိုင်သည်ကိုလည်းကောင်း၊ တောင်းလျှင် ကောင်းကင်တမန်တစ်ဆယ်နှစ်တပ်မက ငါ့ထံသို့ စေလွှတ်တော်မူမည်ကိုလည်းကောင်း၊ သင်သည်မထင်သလော။- |
လူသားသည် မိမိ၏ဘုန်းအသရေကို ဆောင်၍ ကောင်းကင်တမန်များခြံရံလျက် ကြွလာသောအခါ ဘုန်းအသရေနှင့် ပြည့်စုံသော သူ၏ ရာဇပလ္လင်ပေါ်တွင် ထိုင်တော်မူလိမ့်မည်။
ထိုအခါ မာရ်နတ်သည် ထွက်ခွာသွားပြီး ကောင်းကင်တမန်တို့သည် လာ၍ ယေရှုကို လုပ်ကျွေးပြုစုကြ၏။
ယေရှုထံသို့ ထိုသူတို့ ရောက်သောအခါ လေဂေါင်နတ်ဆိုးပူးခံရသူသည် အဝတ်ကိုဝတ်ထားလျက် လူကောင်းပကတိစိတ်ဖြင့် ထိုင်နေသည်ကို တွေ့မြင်ကြလျှင် ကြောက်ရွံ့ကြ၏။
ယေရှုက “သင့်နာမည် မည်သို့ခေါ်သနည်း” ဟု မေးလျှင် ထိုသူက “အကျွန်ုပ်၏ နာမည်မှာ လေဂေါင်ဖြစ်ပါ၏။ အဘယ်ကြောင့်ဆိုသော် ဤလူအထဲ၌ အကျွန်ုပ်တို့သည် များစွာရှိနေသောကြောင့်ဖြစ်သည်” ဟု ပြန်လျှောက်၏။
ယေရှုက “သင့်နာမည် မည်သို့ခေါ်သနည်း” ဟု မေးတော်မူလျှင် “လေဂေါင်ဖြစ်ပါ၏” ဟု ဖြေလေ၏။ အကြောင်းမှာ နတ်ဆိုးအများအပြားတို့သည် ထိုသူအထဲ၌ ဝင်ပူးသောကြောင့်ဖြစ်၏။
မည်သူကမျှ ငါ့အသက်ကို စွန့်စေသည်မဟုတ်။ မိမိသဘောဖြင့်သာ ငါစွန့်၏။ အဘယ်ကြောင့်ဆိုသော် ငါ့အသက်ကို စွန့်ရန်နှင့် ပြန်ယူရန် ငါ့ထံ၌ အခွင့်အာဏာရှိသောကြောင့်ဖြစ်၏။ ထိုအမိန့်ကို ခမည်းတော်ထံမှ ငါရရှိ၏” ဟု မိန့်တော်မူ၏။
ယေရှုက “ငါ့နိုင်ငံသည် လောကီနိုင်ငံမဟုတ်။ ဟုတ်လျှင် ဂျူးခေါင်းဆောင်များ၏ဖမ်းဆီးခြင်းကို ငါမခံရစေရန် ငါ့တပည့်တို့က တိုက်ခိုက်ကြလိမ့်မည်။ သို့ရာတွင် ငါ့နိုင်ငံသည် ဤကမ္ဘာလောကမှ မဟုတ်” ဟု မိန့်တော်မူ၏။
ဆင်းရဲဒုက္ခရောက်နေသော သင်တို့နှင့်အတူ ကျွန်ုပ်တို့ကိုလည်း စိတ်သက်သာရာရစေတော်မူလိမ့်မည်။ သခင်ယေရှုသည် မီးလျှံကြားက တန်ခိုးကြီးသော ကောင်းကင်တမန်များခြံရံလျက် ကောင်းကင်ဘုံမှ ပေါ်ထွက်လာသောအခါ
အာဒံမှ ဆင်းသက်၍ ခုနစ်ဆက်မြောက်သောမျိုးဆက် ဧနောက်သည် သူတို့နှင့်ပတ်သက်၍ “နားထောင်လော့။ ထာဝရဘုရားသည် မိမိ၏ မြောက်မြားစွာသောကောင်းကင်တမန်များနှင့်အတူ ကြွလာ၍