ထိုသို့ မိန့်တော်မူစဉ် တပည့်တော်ဆယ့်နှစ်ပါးအနက် တစ်ပါးဖြစ်သော ယုဒသည် တုတ်နှင့်ဓားများကို ကိုင်ဆောင်သောလူအုပ်ကြီးနှင့်အတူ ရောက်လာ၏။ ထိုသူတို့သည် ယဇ်ပုရောဟိတ်ခေါင်းဆောင်များနှင့် အကြီးအကဲတို့က လွှတ်လိုက်သောလူအုပ် ဖြစ်၏။
မဿဲ 26:48 - ခေတ်သစ်မြန်မာ သမ္မာကျမ်း ယေရှုကို သစ္စာဖောက်၍ အပ်နှံသောယုဒက “ငါနမ်း၍ နှုတ်ဆက်သောသူသည် ယေရှုဖြစ်၏။ သူ့ကို ဖမ်းဆီးကြလော့” ဟု သူတို့အား အချက်ပြအမှတ်အသားကို ကြိုတင်ပေးထား၏။ Common Language Bible ကိုယ်တော်ကိုရန်သူ့လက်သို့အပ်နှံသူကမိမိ နှင့်လိုက်ပါလာသူတို့အား ``ငါနမ်း၍နှုတ်ဆက် သူသည်ယေရှုဖြစ်၏။ သူ့ကိုဖမ်းဆီးကြလော့'' ဟု အချက်ပေးထား၏။ Garrad Bible ပို့ အပ် မည့် သူ က ငါ နမ်း မည့် သူ သည် ထို သူ ဖြစ်၏။ ဖမ်း ကြ ဟူ၍ အ ထိမ်း အ မှတ် ပေး ထား ခဲ့ သည့် အ တိုင်း ယေ ရှု ထံ ရုတ် ခြင်း လာ၍ Judson Bible ကိုယ်တော်ကို အပ်နှံသောသူက၊ ငါနမ်းသောသူသည် ယေရှုပင်ဖြစ်၏။ သူ့ကိုဖမ်းကြဟု ထိုသူတို့အား အမှတ်ပေးခဲ့သည်အတိုင်း၊- မြန်မာ့စံမီသမ္မာကျမ်း ကိုယ်တော်ကိုအပ်နှံသောသူက “ငါနမ်းသောသူသည် ထိုသူပင်ဖြစ်၏။ သူ့ကိုဖမ်းဆီးကြလော့”ဟု ဆိုလျက် အချက်ပြအမှတ်အသားကို သူတို့အားပေးထား၏။ မြန်မာ ကိုယ်တော်ကို အပ်နှံသောသူက၊ ငါနမ်းသောသူသည် ယေရှုပင်ဖြစ်၏။ သူ့ကိုဖမ်းကြဟု ထိုသူတို့အား အမှတ်ပေးခဲ့သည်အတိုင်း၊- |
ထိုသို့ မိန့်တော်မူစဉ် တပည့်တော်ဆယ့်နှစ်ပါးအနက် တစ်ပါးဖြစ်သော ယုဒသည် တုတ်နှင့်ဓားများကို ကိုင်ဆောင်သောလူအုပ်ကြီးနှင့်အတူ ရောက်လာ၏။ ထိုသူတို့သည် ယဇ်ပုရောဟိတ်ခေါင်းဆောင်များနှင့် အကြီးအကဲတို့က လွှတ်လိုက်သောလူအုပ် ဖြစ်၏။
ယေရှုကို သစ္စာဖောက်၍ အပ်နှံသော ယုဒက “ငါနမ်း၍ နှုတ်ဆက်သောသူသည် ယေရှုဖြစ်၏။ သူ့ကို ဖမ်းဆီးကာ စောင့်ကြပ်၍ ခေါ်ဆောင်သွားကြလော့” ဟု သူတို့အား အချက်ပြအမှတ်အသားပေးထား၏။