သို့သော် လူတို့ရှေ့တွင် ငါ့ကို ငြင်းပယ်သောသူအား ကောင်းကင်ဘုံ၌ ရှိတော်မူသော ငါ့ခမည်းတော်ရှေ့တွင် ငါသည် ငြင်းပယ်မည်။
မဿဲ 26:35 - ခေတ်သစ်မြန်မာ သမ္မာကျမ်း ပေတရုက “အကျွန်ုပ်သည် သခင်နှင့်အတူ သေရမည်ဆိုလျှင်ပင် သခင့်ကို အကျွန်ုပ် မည်သည့်အခါမျှ ငြင်းပယ်မည်မဟုတ်” ဟု လျှောက်လေ၏။ အခြားတပည့်တော်တို့သည်လည်း ထိုနည်းတူလျှောက်ကြ၏။ Common Language Bible ပေတရုက ``အကျွန်ုပ်သည်ကိုယ်တော်နှင့်အတူ သေပင်သေရပါစေ၊ ကိုယ်တော်ကိုမသိဟုငြင်း ဆိုမည်မဟုတ်ပါ'' ဟုလျှောက်ထား၏။ အခြား တပည့်တော်တို့သည်လည်းဤနည်းအတိုင်း လျှောက်ထားကြ၏။ Garrad Bible ပေ တ ရု က တ ပည့် တော် သည် ကိုယ် တော် နှင့် အ တူ သေ ရ မည် ဖြစ် စေ။ ငြင်း ဆို မည် မ ဟုတ် ပါ ဟု လျှောက် ဆို၏။ တ ပည့် တော် ရှိ သ မျှ တို့ လည်း ထို နည်း တူ လျှောက် ဆို ကြ၏။ Judson Bible ပေတရုက၊ ကိုယ်တော်နှင့်တကွ သေရသော်လည်း အကျွန်ုပ်သည်ကိုယ်တော်ကို မငြင်းမပယ်ပါဟု လျှောက်ပြန်၏။ တပည့်တော်အပေါင်းတို့သည်လည်း ထိုနည်းတူ လျှောက်ကြ၏။ မြန်မာ့စံမီသမ္မာကျမ်း ပေတရုက “အကျွန်ုပ်သည် ကိုယ်တော်နှင့်အတူသေရလျှင်ပင် ကိုယ်တော်ကို လုံးဝမငြင်းပယ်ပါ”ဟု လျှောက်လေ၏။ တပည့်တော်အားလုံးတို့သည်လည်း ထိုနည်းတူလျှောက်ကြ၏။ မြန်မာ ပေတရုက၊ ကိုယ်တော်နှင့်တကွ သေရသော်လည်း အကျွန်ုပ်သည်ကိုယ်တော်ကို မငြင်းမပယ်ပါဟု လျှောက်ပြန်၏။ တပည့်တော်အပေါင်းတို့သည်လည်း ထိုနည်းတူ လျှောက်ကြ၏။ |
သို့သော် လူတို့ရှေ့တွင် ငါ့ကို ငြင်းပယ်သောသူအား ကောင်းကင်ဘုံ၌ ရှိတော်မူသော ငါ့ခမည်းတော်ရှေ့တွင် ငါသည် ငြင်းပယ်မည်။
ပေတရုက “သခင်… အဘယ်ကြောင့် အကျွန်ုပ် ယခုမလိုက်နိုင်ရပါသနည်း။ သခင့်အတွက် အသက်စွန့်ရန် အကျွန်ုပ်အသင့်ရှိနေပါသည်” ဟု လျှောက်၏။
မှန်ပေ၏။ သူတို့သည် ခရစ်တော်ကို မယုံကြည်သောကြောင့် ခုတ်ဖြတ်ခြင်းခံရပြီး သင်ကမူ ယုံကြည်သောကြောင့် တည်နေ၏။ ထို့ကြောင့် မာနမထောင်လွှားဘဲ ကြောက်ရွံ့လော့။
ထို့ကြောင့် မိမိကိုယ်ကိုယ် ခိုင်ခံ့စွာ ရပ်နေသည်ဟု ထင်လျှင် မလဲကျစေရန် သတိပြုပါ။
ထို့ကြောင့် ချစ်ရသောသူတို့… သင်တို့သည် ကျွန်ုပ်သင်တို့နှင့်အတူ ရှိသောအချိန်၌သာမက အထူးသဖြင့် ယခုကျွန်ုပ်မရှိသောအချိန်၌လည်း ဘုရားသခင်ကို အမြဲတစေ နာခံခဲ့ကြ၏။ ထိုနည်းတူ ကြောက်ရွံ့ရိုသေသောစိတ်ဖြင့် မိမိတို့သည် ကယ်တင်ခံရပြီးသောသူများဖြစ်ကြောင်း ပေါ်လွင်စေရန် ကြိုးစားအားထုတ်ကြလော့။
လူတစ်ဦးစီ၏ အပြုအမူအပေါ် အခြေခံ၍ သမာသမတ်ကျစွာ တရားစီရင်တော်မူသော ဘုရားသခင်ထံ သင်တို့ဆုတောင်းသောအခါ အဖဟု ခေါ်သောကြောင့် ဤလောက၌ ဧည့်သည်အဖြစ် နေထိုင်ရသောနေ့ရက်များတွင် ထိုအရှင်ကို ကြောက်ရွံ့ရိုသေကြလော့။