ပြင်းထန်သောငလျင်လှုပ်ခြင်း၊ နေရာအနှံ့အပြားတွင် အစာခေါင်းပါးခြင်း၊ ကပ်ရောဂါများဖြစ်ခြင်း စသည်တို့ဖြစ်ပေါ်လိမ့်မည်။ ကောင်းကင်တွင်လည်း ကြောက်မက်ဖွယ်ရာများနှင့် ကြီးမားသောနိမိတ်လက္ခဏာများ ဖြစ်ပေါ်လိမ့်မည်။
မဿဲ 24:7 - ခေတ်သစ်မြန်မာ သမ္မာကျမ်း လူမျိုးတစ်မျိုးနှင့်တစ်မျိုး၊ နိုင်ငံတစ်နိုင်ငံနှင့်တစ်နိုင်ငံ အချင်းချင်းပုန်ကန်၍ စစ်ဖြစ်ကြလိမ့်မည်။ ကမ္ဘာ့နေရာအနှံ့အပြားတွင် အစာခေါင်းပါးခြင်းနှင့် ငလျင်လှုပ်ခြင်းများ ဖြစ်လိမ့်မည်။ Common Language Bible လူတစ်မျိုးနှင့်တစ်မျိုး၊ တစ်နိုင်ငံနှင့်တစ်နိုင်ငံ စစ်ဖြစ်လိမ့်မည်။ နေရာအနှံ့အပြားတွင် အစာခေါင်းပါး၍မြေငလျင်လှုပ်လိမ့်မည်။- Garrad Bible လူ တစ် မျိုး နှင့် တစ် မျိုး တစ် နိုင် ငံ နှင့် တစ် နိုင် ငံ ရန် ဘက် ပြု သည့် ပြင် အ စာ ခေါင်း ပါး ခြင်း၊ င လျင် လှုပ် ခြင်း များ သည် အ ရပ် ရပ် ဖြစ် လျက် ပင် ဒု က္ခ ဦး သာ တည်း။ Judson Bible လူတစ်မျိုးနှင့် တစ်မျိုး တစ်နိုင်ငံနှင့်တစ်နိုင်ငံ ရန်ဘက်ပြုကြလိမ့်မည်။ အရပ်ရပ်တို့၌ အစာခေါင်းပါးခြင်း၊ ကာလနာများပြားခြင်း၊ မြေကြီးလှုပ်ခြင်းတို့သည် ဖြစ်ကြလိမ့်မည်။- မြန်မာ့စံမီသမ္မာကျမ်း လူမျိုးတစ်မျိုးနှင့်တစ်မျိုး၊ နိုင်ငံတစ်နိုင်ငံနှင့်တစ်နိုင်ငံတို့သည် ရန်ဘက်ပြုကြ၍ အရပ်ရပ်တို့၌ ငတ်မွတ်ခေါင်းပါးခြင်းနှင့် ငလျင်လှုပ်ခြင်းများဖြစ်ကြလိမ့်မည်။ မြန်မာ လူတစ်မျိုးနှင့် တစ်မျိုး တစ်နိုင်ငံနှင့်တစ်နိုင်ငံ ရန်ဘက်ပြုကြလိမ့်မည်။ အရပ်ရပ်တို့၌ အစာခေါင်းပါးခြင်း၊ ကာလနာများပြားခြင်း၊ မြေကြီးလှုပ်ခြင်းတို့သည် ဖြစ်ကြလိမ့်မည်။- |
ပြင်းထန်သောငလျင်လှုပ်ခြင်း၊ နေရာအနှံ့အပြားတွင် အစာခေါင်းပါးခြင်း၊ ကပ်ရောဂါများဖြစ်ခြင်း စသည်တို့ဖြစ်ပေါ်လိမ့်မည်။ ကောင်းကင်တွင်လည်း ကြောက်မက်ဖွယ်ရာများနှင့် ကြီးမားသောနိမိတ်လက္ခဏာများ ဖြစ်ပေါ်လိမ့်မည်။
သူတို့အထဲမှ အာဂဗုအမည်ရှိသောသူသည် ထ၍ ကမ္ဘာတစ်ဝန်းလုံးတွင် ပြင်းထန်သောအစာခေါင်းပါးခြင်း ဖြစ်လိမ့်မည်ဟု ဝိညာဉ်တော်ဖွင့်ပြခြင်းအားဖြင့် ကြိုဟောလေ၏။ ထိုအစာခေါင်းပါးခြင်းသည် ကလောဒိမင်းလက်ထက်တွင် ဖြစ်ပွား၏။
ငါသည် အထက်ကောင်းကင်၌ အံ့ဖွယ်ဖြစ်ရပ်များနှင့် မြေကြီးပေါ်၌ နိမိတ်လက္ခဏာများကို ပြမည်။ သွေး၊ မီးလျှံ၊ မီးခိုးငွေ့များကို ငါပြမည်။
“နောက်တစ်ဖန်” ဟူသော စကားမှာ ဖန်ဆင်းခံအရာအားလုံးသည် တုန်လှုပ်ပြီး ဖယ်ရှားခံရမည်ဖြစ်သောကြောင့် မတုန်လှုပ်နိုင်သော အရာများသာ ကျန်ရှိတော့မည်ဖြစ်ကြောင်းဆိုလို၏။
သိုးသငယ်တော်သည် ဆဋ္ဌမတံဆိပ်ကိုဖွင့်သောအခါ ပြင်းထန်သောငလျင်လှုပ်သည်ကို ကျွန်ုပ်မြင်ရ၏။ နေသည် ဆိတ်မွေးဖြင့်ရက်သောအထည်ကြမ်းကဲ့သို့ မည်းလာပြီး လသည်လည်း သွေးနီရောင်ပြောင်းသွား၏။
သိုးသငယ်တော်သည် တတိယတံဆိပ်ကို ဖွင့်သောအခါ တတိယသတ္တဝါက “လာလော့” ဟုဆိုသည်ကို ကျွန်ုပ်ကြားရ၏။ ထို့နောက် ကျွန်ုပ်ကြည့်လိုက်ရာ မြင်းနက်တစ်ကောင်ကို မြင်ရ၏။ ထိုမြင်းကို စီးသောသူသည် လက်ထဲတွင် ချိန်ခွင်တစ်ခုကို ကိုင်ထား၏။
ထိုအခါ သတ္တဝါလေးပါးတို့အလယ်မှ ထွက်လာသည်ဟု ထင်ရသော အသံကို ကျွန်ုပ်ကြားရ၏။ ထိုအသံမှာ “ဂျုံတစ်ခွက်လျှင် ငွေဒင်္ဂါးတစ်ပြားပေးရ၏။ မုယောဆန်သုံးခွက်လျှင် ငွေဒင်္ဂါးတစ်ပြားပေးရ၏။ ဆီနှင့် စပျစ်ဝိုင်ကို မပျက်စေနှင့်” ဟူ၍ဖြစ်၏။
ထိုအခါ ကျွန်ုပ်ကြည့်လိုက်ရာ အရောင်မွဲမြင်းတစ်ကောင်ကို မြင်ရ၏။ ထိုမြင်းကို စီးသောသူ၏ အမည်မှာ သေမင်းဖြစ်၏။ သူ၏နောက်တွင် မရဏနိုင်ငံ လိုက်လာ၏။ ကမ္ဘာ့လူဦးရေ၏ လေးပုံတစ်ပုံကို ဓားဘေး၊ အငတ်ဘေး၊ ရောဂါဘေး၊ ကမ္ဘာလောကရှိ သားရဲတိရစ္ဆာန်များ၏ဘေးတို့ဖြင့် သတ်ဖြတ်ရန် သူတို့အား အခွင့်အာဏာပေးထားတော်မူ၏။