ရေလွှမ်းမိုး၍ သေကျေပျက်စီးသည့်အချိန်တိုင်အောင် သူတို့သည် သတိကင်းမဲ့လျက် နေကြ၏။ လူသားကြွလာသောအခါ၌လည်း ထိုနည်းတူ ဖြစ်လိမ့်မည်။
မဿဲ 24:40 - ခေတ်သစ်မြန်မာ သမ္မာကျမ်း ထိုအခါ လယ်ထဲတွင် လုပ်သားနှစ်ဦးရှိသည့်အနက် တစ်ဦးသည် ခေါ်ဆောင်သွားခြင်းခံရ၍ တစ်ဦးသည် ကျန်ရစ်ခဲ့လိမ့်မည်။ Common Language Bible ထိုအခါလယ်ထဲတွင်ရှိသူလူနှစ်ယောက်အနက် တစ်ယောက်ကိုသိမ်းယူ၍တစ်ယောက်ကိုထားခဲ့ လတ္တံ့။- Garrad Bible ထို အ ခါ လယ် ယာ၌ လူ နှစ် ဦး ရှိ ရာ တစ် ဦး ကို သိမ်း ယူ၍ တစ် ဦး ကျန် ရစ် လ တ္တံ။ Judson Bible ထိုအခါ လယ်၌ရှိသော သူနှစ်ယောက်တို့တွင် တစ်ယောက်ကိုသိမ်းယူ၍ တစ်ယောက်မူကား နေရစ်ရလတ္တံ့။- မြန်မာ့စံမီသမ္မာကျမ်း ထိုအခါ လယ်၌ရှိသောလူနှစ်ဦးတို့တွင် တစ်ဦးသည် ခေါ်ဆောင်သွားခြင်းခံရ၍ တစ်ဦးသည် ကျန်ရစ်ရလိမ့်မည်။ မြန်မာ ထိုအခါ လယ်၌ရှိသော သူနှစ်ယောက်တို့တွင် တစ်ယောက်ကိုသိမ်းယူ၍ တစ်ယောက်မူကား နေရစ်ရလတ္တံ့။- |
ရေလွှမ်းမိုး၍ သေကျေပျက်စီးသည့်အချိန်တိုင်အောင် သူတို့သည် သတိကင်းမဲ့လျက် နေကြ၏။ လူသားကြွလာသောအခါ၌လည်း ထိုနည်းတူ ဖြစ်လိမ့်မည်။
ကြိတ်ဆုံကြိတ်နေသော အမျိုးသမီးနှစ်ဦးတွင် တစ်ဦးသည် ခေါ်ဆောင်သွားခြင်းခံရ၍ တစ်ဦးသည် ကျန်ရစ်ခဲ့လိမ့်မည်။
မည်သူသည် သင့်ကို အခြားသူထက် ထူးခြားစေသနည်း။ ဘုရားသခင် ပေးတော်မမူလျှင် သင်၌ မည်သည့်အရာရှိမည်နည်း။ သင်၌ ရှိသောအရာမှန်သမျှသည် ဘုရားသခင်ထံတော်မှ ဖြစ်ပါလျက်နှင့် ဘုရားသခင်ထံတော်မှ ရရှိသည့်အရာမဟုတ်သကဲ့သို့ အဘယ်ကြောင့် ကြွားဝါသနည်း။
ဘုရားသခင်သည် ရှေးခေတ်လောကီသားတို့ကိုလည်း ချမ်းသာပေးတော်မမူဘဲ ထိုဘုရားတရားမဲ့သောလောကီသားတို့ကို ရေလွှမ်းမိုး၍ ဖြောင့်မတ်ခြင်းတရားကို ဟောပြောသူ နောဧနှင့် သူ၏ မိသားစုဝင်ခုနစ်ဦးတို့ကိုသာ ကာကွယ်တော်မူ၏။