မြို့တစ်မြို့တွင် သင်တို့ကို ညှဉ်းပန်းနှိပ်စက်သောအခါ အခြားတစ်မြို့သို့ ပြေးကြလော့။ သင်တို့အား ငါအမှန်ဆို၏။ အစ္စရေးမြို့များကို သင်တို့နှံ့စပ်အောင်မရောက်မီ လူသားသည် ကြွလာလိမ့်မည်။
မဿဲ 24:34 - ခေတ်သစ်မြန်မာ သမ္မာကျမ်း သင်တို့အား ငါအမှန်ဆို၏။ ဤအရာများအားလုံး မဖြစ်ပျက်မီအချိန်ထိ ယခုရှိသောမျိုးဆက် ကွယ်ပျောက်လိမ့်မည်မဟုတ်ပေ။ Common Language Bible အမှန်အကန်သင်တို့အားငါဆိုသည်ကား၊ ဤ အမှုအရာအလုံးစုံတို့သည်ယခုအသက်ရှင် လျက်ရှိသူတို့မသေလွန်မီဖြစ်ပျက်လာလိမ့်မည်။- Garrad Bible ထို အ ခြင်း အ ရာ အ လုံး စုံ မ ဖြစ် မီ ယ ခု လူ မျိုး မ ကွယ် မ လွန် ရ ငါ အ မှန် ဆို၏။ Judson Bible ငါအမှန်ဆိုသည်ကား၊ ယခုဖြစ်သောလူများ မကုန်မီ ထိုအကြောင်းအရာ အလုံးစုံတို့သည် ဖြစ်ကြလိမ့်မည်။- မြန်မာ့စံမီသမ္မာကျမ်း သင်တို့အား ငါအမှန်ဆိုသည်ကား ဤအရာအားလုံးမဖြစ်ပျက်မီတိုင်အောင် ဤမျိုးဆက်သည် မည်သည့်အခါမျှ ကွယ်ပျောက်လိမ့်မည်မဟုတ်။ မြန်မာ ငါအမှန်ဆိုသည်ကား၊ ယခုဖြစ်သောလူများ မကုန်မီ ထိုအကြောင်းအရာ အလုံးစုံတို့သည် ဖြစ်ကြလိမ့်မည်။- |
မြို့တစ်မြို့တွင် သင်တို့ကို ညှဉ်းပန်းနှိပ်စက်သောအခါ အခြားတစ်မြို့သို့ ပြေးကြလော့။ သင်တို့အား ငါအမှန်ဆို၏။ အစ္စရေးမြို့များကို သင်တို့နှံ့စပ်အောင်မရောက်မီ လူသားသည် ကြွလာလိမ့်မည်။
ထိုအခါ နတ်ဆိုးသည် သွား၍ မိမိထက်ဆိုးညစ်သောနတ်ဆိုးခုနစ်ကောင်တို့ကို ခေါ်ပြီးလျှင် ထိုလူအထဲသို့ ဝင်၍ နေကြ၏။ ထိုလူ၏အခြေအနေသည်လည်း မူလထက် ပို၍ဆိုးသွမ်းလေ၏။ ဤဆိုးညစ်သောမျိုးဆက်သည်လည်း ထိုနည်းတူ ဖြစ်လိမ့်မည်” ဟု မိန့်တော်မူ၏။
ငါအမှန်ဆိုရလျှင် လူသားသည် ဘုရင်အဖြစ် အုပ်စိုးရန် ကြွလာသည်ကို ဤနေရာ၌ ရပ်နေသောသူတို့ထဲမှ တချို့သည် မမြင်ဘဲ သေရမည်မဟုတ်” ဟု မိန့်တော်မူ၏။
သင်တို့အား ငါအမှန်ဆို၏။ ဤစီရင်မှုရှိသမျှသည် ယခုရှိသောမျိုးဆက်များအပေါ် ကျရောက်လိမ့်မည်။
အာဗေလ၏သွေးမှစ၍ ယဇ်ပလ္လင်နှင့် ဗိမာန်တော်ကြား၌ အသတ်ခံခဲ့ရသည့် ဇာခရိ၏သွေးတိုင်အောင် ကမ္ဘာတည်ချိန်မှစ၍ ပရောဖက်ရှိသမျှတို့ ပေးဆပ်ခဲ့ရသောသွေးကြွေးကို ဤမျိုးဆက်တို့သည် ပေးဆပ်ရလိမ့်မည်။ မှန်ပါ၏။ ဤမျိုးဆက်တို့သည် ထိုသွေးကြွေးကို ပြန်လည်ပေးဆပ်ရလိမ့်မည်ဟု ငါပြောဆို၏။