အဘယ်ကြောင့်ဆိုသော် ကမ္ဘာဦးမှစ၍ ယခုအချိန်အထိ မဖြစ်စဖူး၊ နောင်တွင်လည်း မည်သည့်အခါမျှ ကြုံတွေ့ရမည်မဟုတ်သည့် အလွန်ဆိုးရွားသောဆင်းရဲဒုက္ခသည် ထိုကာလ၌ ကျရောက်မည်ဖြစ်သောကြောင့်ပင်။
မဿဲ 24:29 - ခေတ်သစ်မြန်မာ သမ္မာကျမ်း ဆင်းရဲဒုက္ခခံရမည့် ထိုနေ့ရက်များ ကုန်ဆုံးပြီးနောက် နေမင်းသည် ချက်ချင်းမှောင်မိုက်၍ လသည် အလင်းရောင်ကို မပေးဘဲနေလိမ့်မည်။ ကြယ်တို့သည်လည်း ကောင်းကင်မှ ကြွေကျ၍ ကောင်းကင်တန်ခိုးတို့သည် တုန်လှုပ်ကြလိမ့်မည်။ Common Language Bible ``ထိုသို့ဆင်းရဲဒုက္ခများကျရောက်လာပြီးနောက် ချက်ချင်းပင်နေသည်မှောင်မိုက်သွားလိမ့်မည်။ လ သည်အလင်းရောင်ပေးလိမ့်မည်မဟုတ်။ ကြယ်များ သည်ကောင်းကင်မှကြွေလိမ့်မည်။ ကောင်းကင်နက္ခတ် များသည်လမ်းပြောင်းကြလိမ့်မည်။- Garrad Bible ထို ဒု က္ခ ကုန် လျှင် ကုန် ခြင်း၊ နေ မိုက်၍ လ ရောင် မ ထွန်း မိုး ကောင်း ကင် မှ ကြယ် များ ကျ လျက် က မ္ဘာ့ တန် ဆာ များ လည်း တုန် လှုပ် ရ လိမ့် မည်။ Judson Bible ထိုကာလ၏ ဒုက္ခဆင်းရဲခြင်းနောက် ရုတ်ခနဲ နေသည်မိုက်လိမ့်မည်။ လသည် အရောင်ကိုမပေး။ ကြယ်တို့သည် ကောင်းကင်မှ ကျကြလိမ့်မည်။ ကောင်းကင်တန်ခိုးတို့သည် တုန်လှုပ်ကြလိမ့်မည်။- မြန်မာ့စံမီသမ္မာကျမ်း ထိုနေ့ရက်တို့၏ဆင်းရဲဒုက္ခပြီးဆုံးသည်နှင့် ချက်ချင်းပင် နေသည် မှောင်မည်းသွား၍ လသည်လည်း မိမိ၏အလင်းရောင်ကိုမပေးဘဲနေလိမ့်မည်။ ကြယ်တို့သည်လည်း ကောင်းကင်မှကြွေကျကာ အာကာသကောင်းကင်၏စွမ်းအားတို့သည် တုန်လှုပ်ကြလိမ့်မည်။ မြန်မာ ထိုကာလ၏ ဒုက္ခဆင်းရဲခြင်းနောက် ရုတ်ခနဲ နေသည်မိုက်လိမ့်မည်။ လသည် အရောင်ကိုမပေး။ ကြယ်တို့သည် ကောင်းကင်မှ ကျကြလိမ့်မည်။ ကောင်းကင်တန်ခိုးတို့သည် တုန်လှုပ်ကြလိမ့်မည်။- |
အဘယ်ကြောင့်ဆိုသော် ကမ္ဘာဦးမှစ၍ ယခုအချိန်အထိ မဖြစ်စဖူး၊ နောင်တွင်လည်း မည်သည့်အခါမျှ ကြုံတွေ့ရမည်မဟုတ်သည့် အလွန်ဆိုးရွားသောဆင်းရဲဒုက္ခသည် ထိုကာလ၌ ကျရောက်မည်ဖြစ်သောကြောင့်ပင်။
သို့သော် ထိုအရာများအားလုံးသည် ကျရောက်လာမည့် ကြောက်မက်ဖွယ်သောဆင်းရဲဒုက္ခများ၏ အစမျှသာဖြစ်၏။
သို့သော် ထာဝရဘုရား၏နေ့ရက်သည် သူခိုးကဲ့သို့ ရောက်လာလိမ့်မည်။ ကောင်းကင်သည် မြည်ဟည်း၍ ပျောက်ကွယ်လိမ့်မည်။ လောကဓာတ်တို့သည် အလွန်ပူပြင်း၍ ပျက်ပြယ်သွားကြလိမ့်မည်။ ကမ္ဘာမြေကြီးနှင့် ကမ္ဘာမြေပေါ်တွင် ပြုလုပ်ထားသမျှ အရာအားလုံးသည် ပျောက်ကွယ်သွားလိမ့်မည်။
စတုတ္ထကောင်းကင်တမန်သည် တံပိုးခရာမှုတ်သောအခါ နေ၊ လ၊ ကြယ်တို့၏ သုံးပုံတစ်ပုံသည် ထိခိုက်ပျက်စီးသွားသဖြင့် ၎င်းတို့၏အလင်းသည် သုံးပုံတစ်ပုံ လျော့နည်းသွား၏။ နေ့၏သုံးပုံတစ်ပုံနှင့် ည၏သုံးပုံတစ်ပုံသည် အလင်းရောင်မရကြ။