မဿဲ 24:15 - ခေတ်သစ်မြန်မာ သမ္မာကျမ်း ထို့ကြောင့် ပရောဖက်ဒံယေလ ဟောပြောခဲ့သည့် ဖျက်ဆီးတတ်သည့် စက်ဆုပ်ရွံ့ရှာဖွယ်သောအရာသည် သန့်ရှင်းသောနေရာ၌ ရှိနေသည်ကို သင်တို့တွေ့မြင်ရမည့်နေ့ရက် ရောက်လာလိမ့်မည်။ (ဤအချက်ကို စာဖတ်သူ သတိပြုမိပါစေ။) Common Language Bible ``ပရောဖက်ဒံယေလဟောကြားခဲ့သည့်ထိတ်လန့် စက်ဆုတ်ဖွယ်ကောင်းသည့်အရာသည်မရှိအပ်သည့် အရပ်တွင်ရှိနေသည်ကိုသင်တို့မြင်ကြလိမ့်မည်။ (စာဖတ်သူသည်ဤအချက်ကိုသတိပြုအပ်၏။)- Garrad Bible ကျမ်း စာ ဖတ် သူ နား လည် ရ မည် မှာ ပ ရော ဖက် ဒံ ယေ လ ဖြင့် ဗျာ ဒိတ် တော် ရောက် သည့် အ တိုင်း ဆိတ် ညံ ရာ ဖြစ် စေ သော ရွံ့ ရှာ ဖွယ် သည် သန့် ရှင်း ရာ ဌာ န တော် တွင် တည် ရှိ သည် ကို သင် တို့ မြင် ကြ သော်။ Judson Bible ထိုကြောင့် ပရောဖက်ဒံယေလ ဟောသည်အတိုင်း ဖျက်ဆီးတတ်သော ရွံရှာဖွယ်အရာသည် သန့်ရှင်းသောအရပ်ဌာန၌ စိုက်နေသည်ကို သင်တို့မြင်ရလျှင်၊ ကျမ်းစာကိုကြည့်သောသူသည် နားလည်ပါစေ။- မြန်မာ့စံမီသမ္မာကျမ်း ထို့ကြောင့် ပရောဖက်ဒံယေလအားဖြင့် မိန့်တော်မူခဲ့သည့် ပျက်စီးဆိတ်သုဉ်းခြင်းနှင့်ဆိုင်သောရွံရှာဖွယ်အရာ သည် သန့်ရှင်းသောနေရာ၌ ရပ်နေသည်ကို သင်တို့မြင်ကြသောအခါ (ဖတ်သောသူနားလည်ပါစေ) မြန်မာ ထိုကြောင့် ပရောဖက်ဒံယေလ ဟောသည်အတိုင်း ဖျက်ဆီးတတ်သော ရွံရှာဖွယ်အရာသည် သန့်ရှင်းသောအရပ်ဌာန၌ စိုက်နေသည်ကို သင်တို့မြင်ရလျှင်၊ ကျမ်းစာကိုကြည့်သောသူသည် နားလည်ပါစေ။- |
ဖျက်ဆီးတတ်သည့် စက်ဆုပ်ရွံ့ရှာဖွယ်သောအရာသည် မရှိအပ်သောနေရာ၌ ရှိနေသည်ကို သင်တို့တွေ့မြင်ရမည့်နေ့ရက် ရောက်လာလိမ့်မည်။ (ဤအချက်ကို စာဖတ်သူ သတိပြုမိပါစေ။) ထို့နောက် ယုဒပြည်တွင် ရှိသောသူတို့သည် တောင်များပေါ်သို့ ပြေးကြရမည်။
သင်၏ရန်သူများသည် သင့်ပတ်လည်တွင် တပ်ချ၍ သင့်ကိုဝန်းရံလျက် အဘက်ဘက်မှ တိုက်ခိုက်သောအချိန် ရောက်လာလိမ့်မည်။
ဂျေရုဆလင်မြို့အား စစ်တပ်များဝန်းရံထားသည်ကို သင်တို့ မြင်တွေ့ရသောအခါ ထိုမြို့သည် ပျက်စီးချိန် နီးပြီဖြစ်ကြောင်း သိမှတ်ကြလော့။
ဤသို့ ခွင့်ပြုထားလျှင် လူအပေါင်းတို့သည် သူ့ကို ယုံကြည်လာကြလိမ့်မည်။ ထိုအခါ ရောမတပ်သည် လာ၍ ငါတို့၏ဗိမာန်တော်နှင့် ငါတို့တစ်မျိုးသားလုံးကို ဖျက်ဆီးပစ်ကြလိမ့်မည်” ဟု ပြောဆိုကြ၏။
“အစ္စရေးလူမျိုးတို့… ကူညီကြလော့။ ဤသူသည် ကျွန်ုပ်တို့၏လူမျိုးကိုလည်းကောင်း၊ ပညတ်တရားနှင့် ဤဗိမာန်ကိုလည်းကောင်း ဆန့်ကျင်လျက် နေရာတိုင်း၌ရှိသော လူအပေါင်းတို့အား သွန်သင်နေသူဖြစ်၏။ ထိုမျှမက ဂရိလူမျိုးတို့ကိုလည်း ဗိမာန်တော်ထဲသို့ခေါ်ဆောင်လာ၍ ဤသန့်ရှင်းသောနေရာကို ညစ်ညမ်းစေပါပြီ” ဟု အော်ဟစ်ပြောဆိုကြ၏။
သူတို့သည် မမှန်သောသက်သေခံများကို ခေါ်၍ “ဤလူသည် သန့်ရှင်းသောအရပ်နှင့် ပညတ်ကျမ်းအပေါ် ဆန့်ကျင်သည့်စကားကို မရပ်မနား ပြောဆိုနေ၏။
ထို့ကြောင့် ကျွန်ုပ်တို့သည် လမ်းမှားမရောက်ရန် ကြားနာရသည့်တရားကို စွဲမြဲစွာ ဆုပ်ကိုင်ထားကြရမည်။
ဤပရောဖက်ပြုဟောပြောချက်သည် ဖြစ်ပျက်ရန် အချိန်နီးလာသောကြောင့် ၎င်းကို ဖတ်သောသူနှင့် ကြားနာ၍ လိုက်နာသောသူတို့သည် မင်္ဂလာရှိကြ၏။
ဝိညာဉ်တော်သည် အသင်းတော်တို့အား မိန့်တော်မူသောစကားကို နားရှိသောသူသည် ကြား၍ နားလည်ပါစေ။”