ထို့နောက် ဖခင်ဖြစ်သူသည် သားငယ်ထံသို့ သွား၍ ယခင်အတိုင်းပြောလေ၏။ သားငယ်က ‘ဟုတ်ကဲ့ အဖေ။ ကျွန်ုပ် သွားပါမည်’ ဟု ဆို၏။ သို့သော်လည်း မသွားဘဲနေ၏။
မဿဲ 23:3 - ခေတ်သစ်မြန်မာ သမ္မာကျမ်း ထို့ကြောင့် သူတို့သွန်သင်သမျှကို နာခံ၍လုပ်ဆောင်ကြလော့။ သို့သော်လည်း သူတို့၏ အကျင့်အတိုင်း မကျင့်ကြနှင့်။ အဘယ်ကြောင့်ဆိုသော် သူတို့သည် မိမိတို့သွန်သင်သည့်အတိုင်း ကိုယ်တိုင်မလုပ်ဆောင်ကြသောကြောင့်ဖြစ်၏။ Common Language Bible သို့ဖြစ်၍ထိုသူတို့ပြောဆိုသွန်သင်သမျှ အတိုင်းလိုက်နာပြုကျင့်ကြလော့။ သို့သော် သူတို့သည်မိမိတို့ဟောသည့်အတိုင်းမကျင့် ကြသဖြင့်သူတို့ကျင့်သကဲ့သို့မကျင့်ကြနှင့်။- Garrad Bible သူ တို့ ဟော ပြော သ မျှ ကို စောင့် ရှောက် လိုက် နာ ကြ လော့။ သို့ ရာ တွင် ကိုယ် ဟော ပြော သည့် အ တိုင်း မ ကျင့် ကြ သော ကြောင့် သူ တို့ အ ကျင့် များ အ လိုက် မ ကျင့် ကြ နှင့်။ Judson Bible ထိုကြောင့် သူတို့စီရင်ထုံးဖွဲ့သမျှတို့ကို စောင့်ရှောက်၍ ပြုကြလော့။ သူတို့၏ အကျင့်အတိုင်း မကျင့်ကြနှင့်။ အကြောင်းမူကား၊ သူတို့သည် စီရင်ထုံးဖွဲ့သော်လည်း ကိုယ်တိုင်မကျင့်ကြ။- မြန်မာ့စံမီသမ္မာကျမ်း ထို့ကြောင့် သင်တို့အား သူတို့ပြောသမျှသောအရာအားလုံးကို ကျင့်သုံး၍ စောင့်ထိန်းကြလော့။ သို့သော် သူတို့ပြုသည့်အတိုင်း မပြုကြနှင့်။ အကြောင်းမူကား သူတို့သည် ပြောသော်လည်း မကျင့်သုံးကြ။ မြန်မာ ထိုကြောင့် သူတို့စီရင်ထုံးဖွဲ့သမျှတို့ကို စောင့်ရှောက်၍ ပြုကြလော့။ သူတို့၏ အကျင့်အတိုင်း မကျင့်ကြနှင့်။ အကြောင်းမူကား၊ သူတို့သည် စီရင်ထုံးဖွဲ့သော်လည်း ကိုယ်တိုင်မကျင့်ကြ။- |
ထို့နောက် ဖခင်ဖြစ်သူသည် သားငယ်ထံသို့ သွား၍ ယခင်အတိုင်းပြောလေ၏။ သားငယ်က ‘ဟုတ်ကဲ့ အဖေ။ ကျွန်ုပ် သွားပါမည်’ ဟု ဆို၏။ သို့သော်လည်း မသွားဘဲနေ၏။
“ကျမ်းတတ်ဆရာများနှင့် ဖာရိရှဲတို့သည် မောရှေ၏ပညတ်ကျမ်းကို အနက်ဖွင့်ရန် အခွင့်အာဏာရရှိထားသူများဖြစ်ကြ၏။
သူတို့သည် လေးလံ၍ထမ်းရခက်သောဝန်ထုပ်များကို လူတို့အား ထမ်းစေကြသော်လည်း ကိုယ်တိုင်ကမူ ထိုအရာတို့ကို လက်ဖျားနှင့်မျှ မတို့ကြ။
သို့ရာတွင် ပေတရုနှင့် တမန်တော်တို့က “ကျွန်ုပ်တို့သည် လူတို့၏အမိန့်အာဏာထက် ဘုရားသခင်၏စကားတော်ကို နားထောင်ရပါမည်။
လူတိုင်း အစိုးရ၏ အမိန့်အာဏာကို နာခံကြရမည်။ အဘယ်ကြောင့်ဆိုသော် အာဏာဟူသမျှသည် ဘုရားသခင်ထံမှ လာသောကြောင့်ဖြစ်၏။ အုပ်စိုးလျက်ရှိသော အာဏာများသည် ဘုရားသခင် ခန့်ထားတော်မူသည့်အာဏာများ ဖြစ်၏။
ဘုရားတရား ကိုင်းရှိုင်းယောင်ဆောင်၍ ကိုင်းရှိုင်းခြင်း၏တန်ခိုးတော်ကို ငြင်းပယ်သူများဖြစ်လာကြလိမ့်မည်။ ထိုသူတို့ကို ရှောင်လော့။
သူတို့သည် ဘုရားသခင်ကို သိသည်ဟု ဝန်ခံသော်လည်း သူတို့၏ အပြုအမူဖြင့် ကိုယ်တော်ကို ငြင်းပယ်ကြ၏။ သူတို့သည် စက်ဆုပ်ရွံရှာဖွယ်ကောင်းသောသူ၊ မနာခံသောသူ၊ မည်သည့်ကောင်းမှုကိုမျှ ပြုနိုင်စွမ်းမရှိသောသူများ ဖြစ်ကြ၏။