သို့သော်လည်း ဖိတ်ခေါ်ခံထားရသောသူများသည် လျစ်လျူရှု၍ တချို့သည် မိမိလယ်သို့လည်းကောင်း၊ တချို့သည် ကုန်သွယ်ရာသို့လည်းကောင်း ထွက်သွားကြ၏။
မဿဲ 22:6 - ခေတ်သစ်မြန်မာ သမ္မာကျမ်း အခြားသောသူတို့က ဘုရင်၏အစေအပါးတို့ကို ဖမ်းချုပ်၍ နှိပ်စက်ကာ သတ်ဖြတ်ကြ၏။ Common Language Bible ကျန်သောသူများကမင်းစေတို့ကိုဖမ်း၍ ရိုက်နှက်သတ်ဖြတ်ကြ၏။- Garrad Bible အ သီး သီး သွား ကြ လျက် ကျန် သူ တို့ သည် ထို မင်း စေ များ ကို ဖမ်း ဆီး ဆဲ ရေး သတ် ဖြတ် ကြ သ ဖြင့် Judson Bible ကြွင်းသောသူတို့သည်လည်း လုလင်တို့ကိုဖမ်းဆီး၍ ညှဉ်းဆဲခြင်း၊ အသေသတ်ခြင်းကို ပြုကြ၏။- မြန်မာ့စံမီသမ္မာကျမ်း အခြားသောသူတို့မူကား ဘုရင်၏အစေအပါးတို့ကိုဖမ်းဆီးလျက် နှိပ်စက်ကာ သတ်ဖြတ်ကြ၏။ မြန်မာ ကြွင်းသောသူတို့သည်လည်း လုလင်တို့ကိုဖမ်းဆီး၍ ညှဉ်းဆဲခြင်း၊ အသေသတ်ခြင်းကို ပြုကြ၏။- |
သို့သော်လည်း ဖိတ်ခေါ်ခံထားရသောသူများသည် လျစ်လျူရှု၍ တချို့သည် မိမိလယ်သို့လည်းကောင်း၊ တချို့သည် ကုန်သွယ်ရာသို့လည်းကောင်း ထွက်သွားကြ၏။
ထိုအခါ ဘုရင်သည် အမျက်ထွက်၍ သူ၏တပ်ကို စစ်ချီစေပြီး ထိုလူသတ်သမားများကို သတ်ကာ သူတို့၏မြို့ကို မီးရှို့စေ၏။
လူသားသည် လူမျိုးခြားတို့၏လက်သို့ အပ်နှံခြင်းခံရ၍ ပြက်ရယ်ပြုခြင်း၊ စော်ကားခြင်း၊ တံတွေးနှင့်ထွေးခြင်းတို့ကို ခံရလိမ့်မည်။
သတေဖန်ကို သတ်သည့်အမှုတွင် ရှောလုသည်လည်း အလိုတူအလိုပါဖြစ်ခဲ့၏။ ထိုနေ့တွင် ဂျေရုဆလင်မြို့ရှိ အသင်းတော်အား ပြင်းထန်သောညှဉ်းပန်းနှိပ်စက်ခြင်းများ စတင်လာသဖြင့် တမန်တော်တို့မှလွဲ၍ ယုံကြည်သူများသည် ယုဒပြည်နှင့် ရှမာရိပြည်တစ်လျှောက်သို့ ကွဲလွင့်ပျံ့နှံ့သွားကြလေ၏။
သင်တို့ကိုယ်တိုင် အကျဉ်းကျနေသကဲ့သို့ သဘောထားလျက် အကျဉ်းကျနေသူတို့ကို သတိရလော့။ သင်တို့၏ကိုယ်ခန္ဓာ၌ နှိပ်စက်ညှဉ်းဆဲခြင်းခံနေရသကဲ့သို့ သဘောထားလျက် နှိပ်စက်ညှဉ်းဆဲခံနေရသောသူတို့ကို သတိရလော့။