‘ထာဝရဘုရားသည် ကျွန်ုပ်၏ သခင်အား “ငါ၏ လက်ယာဘက်၌ ထိုင်လော့။ ငါသည် သင်၏ရန်သူတို့ကို သင်၏ခြေဖဝါးအောက်၌ ချထားလိမ့်မည်” ဟူ၍ မိန့်တော်မူ၏’ ဟု ဆိုခဲ့၏။
မဿဲ 22:45 - ခေတ်သစ်မြန်မာ သမ္မာကျမ်း ဒါဝိဒ်မင်းက ခရစ်တော်ကို သခင်ဟူ၍ ခေါ်လျှင် ခရစ်တော်သည် မည်ကဲ့သို့ ဒါဝိဒ်မင်း၏သား ဖြစ်နိုင်မည်နည်း” ဟု မိန့်တော်မူ၏။ Common Language Bible အကယ်၍ဒါဝိဒ်မင်းသည်မေရှိယကိုအရှင်ဟု ခေါ်ပါမူမေရှိယသည်အဘယ်သို့လျှင်ဒါဝိဒ်၏ သားမြေးဖြစ်နိုင်ပါသနည်း'' ဟုမေးတော်မူ၏။ Garrad Bible ခ ရစ် တော် ကို အ ရှင် ဘု ရား ဟု ဒါ ဝိဒ် ခေါ် လျှင် မည် သို့ သူ့ သား ဖြစ် မည် နည်း ဟု မေး တော် မူ ပြန် သော် မည် သူ မျှ တစ် ခွန်း တ ပါ ဒ မ ဖြေ မ ဆို နိုင်။ ထို နေ့ က စ၍ လည်း ထပ် မံ မ မေး မ စမ်း ဝံ့ ချေ။ Judson Bible ထိုသို့ ဒါဝိဒ်သည် ခရစ်တော်ကို သခင်ဟူ၍ခေါ်လျှင်၊ အဘယ်သို့ သူ၏သားဖြစ်သနည်းဟု မေးတော်မူသည်ရှိသော်၊- မြန်မာ့စံမီသမ္မာကျမ်း ထိုသို့ ဒါဝိဒ်သည် ခရစ်တော်ကို သခင်ဟု ခေါ်လျှင် ခရစ်တော်သည် မည်ကဲ့သို့ သူ၏သားဖြစ်နိုင်မည်နည်း”ဟု မိန့်တော်မူ၏။ မြန်မာ ထိုသို့ ဒါဝိဒ်သည် ခရစ်တော်ကို သခင်ဟူ၍ခေါ်လျှင်၊ အဘယ်သို့ သူ၏သားဖြစ်သနည်းဟု မေးတော်မူသည်ရှိသော်၊- |
‘ထာဝရဘုရားသည် ကျွန်ုပ်၏ သခင်အား “ငါ၏ လက်ယာဘက်၌ ထိုင်လော့။ ငါသည် သင်၏ရန်သူတို့ကို သင်၏ခြေဖဝါးအောက်၌ ချထားလိမ့်မည်” ဟူ၍ မိန့်တော်မူ၏’ ဟု ဆိုခဲ့၏။
ထိုအခါ မည်သူမျှ အဖြေမပေးနိုင်ကြ။ ထိုနေ့မှစ၍ ယေရှုအား မည်သူမျှ ထပ်မံ၍ မမေးလျှောက်ဝံ့ကြပေ။
အာဗြဟံ၊ ဣဇာက်နှင့် ယာကုပ်တို့သည် သူတို့၏ ဘိုးဘေးများဖြစ်၏။ ခရစ်တော်ကိုယ်တိုင်သည်လည်း လူသားအနေဖြင့် သူတို့၏ အမျိုးဖြစ်၏။ ခရစ်တော်သည် အရာခပ်သိမ်းကို အုပ်စိုး၍ ထာဝရမင်္ဂလာရှိသော ဘုရားသခင်လည်း ဖြစ်တော်မူ၏။ အာမင်။
ကျွန်ုပ်တို့၏ ယုံကြည်ခြင်းတရား နက်နဲဆန်းကြယ်ပုံသည် အမှန်တကယ်ကြီးမြတ်လှ၏။ သခင်ဘုရားသည် လူသားအဖြစ် ကြွလာတော်မူခဲ့ပြီး ဘုရားသခင်၏ သားတော် စစ်မှန်ကြောင်း ဝိညာဉ်တော်အားဖြင့် ဖော်ပြခြင်းခံရတော်မူ၏။ ကိုယ်တော်ကို ကောင်းကင်တမန်တို့ မြင်ကြ၏။ ကိုယ်တော်အကြောင်းကို လူမျိုးခြားတို့ထံ ဟောပြောကြ၏။ ကိုယ်တော်ကို ကမ္ဘာလောကသားတို့ ယုံကြည်ကြ၏။ ကိုယ်တော်ကို ဘုန်းအသရေနှင့်တကွ ကောင်းကင်ဘုံသို့ ဘုရားသခင်ခေါ်ယူတော်မူ၏။
ထိုသားသမီးတို့သည် အသွေးအသားရှိသဖြင့် ကိုယ်တော်သည် အသွေးအသားကို ခံယူတော်မူ၏။ ဤသို့ဖြင့် ကိုယ်တိုင်အသေခံ၍ သေခြင်းကို အစိုးရသော မာရ်နတ်၏တန်ခိုးကို ဖျက်ဆီးကာ
ငါယေရှုသည် အသင်းတော်များ၌ရှိသော သင်တို့အား ဤအကြောင်းအရာများကို သက်သေခံရန် ငါ၏ ကောင်းကင်တမန်ကို စေလွှတ်ထား၏။ ငါသည် ဒါဝိဒ်၏အမြစ်၊ ဒါဝိဒ်၏ အမျိုးဖြစ်၏။ တောက်ပသောမိုးသောက်ကြယ်လည်းဖြစ်၏” ဟု မိန့်တော်မူ၏။