ယေရှုသည် ဖာရိရှဲတို့၏ အကြံအစည်ကို သိတော်မူသဖြင့် ထိုအရပ်မှ ထွက်ခွာတော်မူ၏။ လူများစွာတို့သည် နောက်တော်သို့ လိုက်ကြ၏။ ယေရှုသည် ထိုသူတို့အထဲမှ ဖျားနာသူရှိသမျှကို ကျန်းမာစေတော်မူ၏။
မဿဲ 22:18 - ခေတ်သစ်မြန်မာ သမ္မာကျမ်း သို့သော်လည်း ယေရှုသည် ထိုသူတို့၏ ဆိုးညစ်သောအကြံအစည်ကို သိတော်မူသဖြင့် “သူတော်ကောင်းယောင်ဆောင်သူတို့… သင်တို့သည် အဘယ်ကြောင့်ငါ့ကို ထောင်ချောက်ဆင်ဖမ်းရန် ကြိုးစားကြသနည်း။ Common Language Bible သို့ရာတွင်သခင်ယေရှုသည်သူတို့၏ဆိုးညစ် သောအကြံအစည်ကိုသိတော်မူသဖြင့် ``ကြောင် သူတော်တို့၊ သင်တို့သည်အဘယ်ကြောင့်ငါ့အား ပရိယာယ်ဆင်၍မေးမြန်းကြသနည်း။- Garrad Bible ယေ ရှု သည် ထို သူ တို့၏ ဆိုး သွမ်း ခြင်း ကို သိ မြင်၍ အ ချင်း သီ လ ကြောင် တို့၊ ငါ့ ကို အ ဘယ့် ကြောင့် စုံ စမ်း ကြ သ နည်း။ Judson Bible ယေရှုသည် ထိုသူတို့၏ ဆိုးညစ်သောသဘောကို သိတော်မူလျှင်၊ လျှို့ဝှက်သောသူတို့၊ အဘယ်ကြောင့် ငါ့ကို စုံစမ်းနှောင့်ယှက်ကြသနည်း။- မြန်မာ့စံမီသမ္မာကျမ်း သို့သော် ယေရှုသည် သူတို့၏ဆိုးညစ်မှုကိုသိတော်မူ၍“သူတော်ကောင်းယောင်ဆောင်သောသူတို့၊ အဘယ်ကြောင့် ငါ့ကိုစမ်းသပ်ကြသနည်း။ မြန်မာ ယေရှုသည် ထိုသူတို့၏ ဆိုးညစ်သောသဘောကို သိတော်မူလျှင်၊ လျှို့ဝှက်သောသူတို့၊ အဘယ်ကြောင့် ငါ့ကို စုံစမ်းနှောင့်ယှက်ကြသနည်း။- |
ယေရှုသည် ဖာရိရှဲတို့၏ အကြံအစည်ကို သိတော်မူသဖြင့် ထိုအရပ်မှ ထွက်ခွာတော်မူ၏။ လူများစွာတို့သည် နောက်တော်သို့ လိုက်ကြ၏။ ယေရှုသည် ထိုသူတို့အထဲမှ ဖျားနာသူရှိသမျှကို ကျန်းမာစေတော်မူ၏။
ဖာရိရှဲတချို့သည် စမ်းသပ်လိုသဖြင့် ကိုယ်တော်ထံသို့ လာ၍ “လူတစ်ဦးသည် မည်သည့်အကြောင်းကြောင့်ဖြစ်စေ မိမိဇနီးကို ကွာရှင်းသည်မှာ ပညတ်တော်နှင့် ကိုက်ညီသလော၊ မကိုက်ညီသလော” ဟု မေးလျှောက်ကြ၏။
သို့ဖြစ်၍ ဆရာတော် မည်သို့ထင်မြင်သည်ကို အကျွန်ုပ်တို့အားပြောပါ။ ဆီဇာဘုရင်အား အကျွန်ုပ်တို့က အခွန်ပေးဆောင်ခြင်းသည် ပညတ်တော်နှင့် ကိုက်ညီသလော၊ မကိုက်ညီသလော” ဟု မေးလျှောက်ကြ၏။
အခွန်ဆောင်ရာတွင်သုံးသည့် ဒင်္ဂါးပြားတစ်ပြားကို ပြလော့” ဟု မိန့်တော်မူလျှင် သူတို့သည် ဒင်္ဂါးပြားတစ်ပြားကို ယူခဲ့ကြ၏။
တစ်ဖန် စပျစ်ခြံပိုင်ရှင်သည် အခြားအစေခံတစ်ဦးကို စေလွှတ်ပြန်လျှင် စပျစ်ခြံလုပ်သားများက ထိုသူကို သတ်ပစ်ကြ၏။ အခြားသောအစေခံများကို စေလွှတ်သော်လည်း ထိုနည်းတူ တချို့ကို ရိုက်နှက်၍ တချို့ကို သတ်ပစ်ကြ၏။
ယေရှုသည် ကျမ်းတတ်ဆရာများက ထိုသို့တွေးတောနေကြသည်ကို ချက်ချင်းသိတော်မူသဖြင့် သူတို့အား “သင်တို့စိတ်ထဲ၌ အဘယ်ကြောင့် ဤသို့တွေးတောနေကြသနည်း။
တစ်နေ့၌ ကျမ်းတတ်ပညာရှင်တစ်ဦးသည် ကိုယ်တော်ကို စမ်းသပ်ရန် “ဆရာတော်… ထာဝရအသက်ကို ရရှိရန် အကျွန်ုပ်သည် မည်သို့ပြုရပါမည်နည်း” ဟု မေးလျှောက်လေ၏။
ယေရှုသည် ထိုသူတို့ မည်သို့တွေးတောနေကြသည်ကို သိတော်မူသဖြင့် “သင်တို့စိတ်ထဲ၌ အဘယ်ကြောင့် ဤသို့တွေးတောနေကြသနည်း။
သို့သော် ယေရှုသည် ထိုသူတို့၏တွေးတောကြံစည်မှုကို ကောင်းစွာသိတော်မူသဖြင့် ကလေးငယ်တစ်ဦးကို ခေါ်ကာ မိမိအနားတွင် ရပ်စေတော်မူ၏။
ထိုသို့ လူ့အတွင်းသဘောကို သိတော်မူသောကြောင့် ကိုယ်တော်အား လူ့အကြောင်းကို မည်သူကမျှ ပြောပြရန် မလိုပေ။
သူတို့သည် ယေရှုကို ပြစ်တင်စွပ်စွဲနိုင်ရန် ထိုသို့ လျှောက်ထား၍ ထောင်ချောက်ဆင်ကြခြင်းဖြစ်၏။ သို့ရာတွင် ယေရှုသည် အောက်သို့ငုံ့၍ မြေပြင်ပေါ်တွင် လက်ညှိုးတော်ဖြင့် ရေးခြစ်လျက်နေတော်မူ၏။
ထိုအခါ ပေတရုက သူ့အား “သင်တို့နှစ်ဦးစလုံးသည် အဘယ်ကြောင့် ထာဝရဘုရား၏ဝိညာဉ်တော်ကို လှည့်စားရန် သဘောတူ၍ ပူးပေါင်းကြံစည်ကြသနည်း။ ကြည့်လော့။ သင်၏ခင်ပွန်းကို သင်္ဂြိုဟ်သောသူတို့သည် တံခါးနားတွင် ရောက်နေကြပြီဖြစ်၍ သူတို့သည် သင့်ကိုလည်း သယ်ဆောင်ကြလိမ့်မည်” ဟု ဆို၏။
ငါသည် သူ၏သားသမီးများကို အသက်ဆုံးစေမည်။ ငါသည် လူတို့၏စိတ်နှလုံးနှင့် အကြံအစည်ကိုဆန်းစစ်သောသူဖြစ်ကြောင်း အသင်းတော်အပေါင်းတို့သည် သိကြလိမ့်မည်။ သင်တို့အသီးသီး၏အကျင့်နှင့်အညီ ထိုက်သင့်သည့်အတိုင်း ငါပေးဆပ်မည်။