သို့ဖြစ်လျှင် မည်ကဲ့သို့သောသူကိုရှာရန် သွားကြသနည်း။ ပရောဖက်တစ်ပါးကိုလော။ မှန်ပါ၏။ ထိုသူသည် ပရောဖက်ထက် ပို၍ကြီးမြတ်သောသူဖြစ်သည်ဟု ငါဆို၏။
မဿဲ 21:26 - ခေတ်သစ်မြန်မာ သမ္မာကျမ်း သို့သော် ငါတို့က ‘လူ့ထံမှလာသည်’ ဟု ဖြေလျှင် လူထုပရိသတ်ကိုလည်း ကြောက်ရ၏။ အဘယ်ကြောင့်ဆိုသော် လူအပေါင်းတို့သည် ယောဟန်ကို ပရောဖက်တစ်ပါးဖြစ်သည်ဟု ယုံကြည်ထားကြသောကြောင့်ဖြစ်၏” ဟူ၍ အချင်းချင်း တိုင်ပင်ဆွေးနွေးကြ၏။ Common Language Bible သို့ရာတွင်လူတို့၏အခွင့်အာဏာနှင့်ပေးသည် ဟုဆိုရမည်မှာလည်းလူအပေါင်းတို့သည်ယောဟန် ကို ပရောဖက်တစ်ပါးဟုယုံကြည်ကြသဖြင့်လူ ပရိသတ်ကိုငါတို့ကြောက်ရ၏'' ဟုအချင်းချင်း ဆွေးနွေးကြ၏။- Garrad Bible လူ တို့ မှ ဖြစ် လာ သည် ဖြေ လျှင် မူ ကား ပြည် သူ ပြည် သား တို့ ကို ကြောက် ရ သည်။ ယော ဟန် ကို ပ ရော ဖက် အ ဖြစ် ရှိ သ မျှ တို့ မှတ် ယူ လျက် နေ ကြ သည် ဟူ၍ အ ချင်း ချင်း ဆွေး နွေး တိုင် ပင် ကြ ပြီ လျှင် Judson Bible လူကဖြစ်သည်ဟု ငါတို့ဖြေလျှင် လူများကိုကြောက်ရ၏။ အကြောင်းမူကား၊ လူအပေါင်းတို့သည် ယောဟန်ကို ပရောဖက်ကဲ့သို့ ထင်မှတ်ကြ၏ဟု အချင်းချင်းဆင်ခြင်ပြီးမှ၊- မြန်မာ့စံမီသမ္မာကျမ်း ‘လူတို့ထံမှဖြစ်သည်’ဟု ငါတို့ပြောလျှင်လည်း လူထုပရိသတ်ကိုကြောက်ရ၏။ အကြောင်းမူကား သူတို့အားလုံးသည် ယောဟန်ကို ပရောဖက်တစ်ပါးအဖြစ် မှတ်ယူကြ၏”ဟု ပြောဆိုကြ၏။ မြန်မာ လူကဖြစ်သည်ဟု ငါတို့ဖြေလျှင် လူများကိုကြောက်ရ၏။ အကြောင်းမူကား၊ လူအပေါင်းတို့သည် ယောဟန်ကို ပရောဖက်ကဲ့သို့ ထင်မှတ်ကြ၏ဟု အချင်းချင်းဆင်ခြင်ပြီးမှ၊- |
သို့ဖြစ်လျှင် မည်ကဲ့သို့သောသူကိုရှာရန် သွားကြသနည်း။ ပရောဖက်တစ်ပါးကိုလော။ မှန်ပါ၏။ ထိုသူသည် ပရောဖက်ထက် ပို၍ကြီးမြတ်သောသူဖြစ်သည်ဟု ငါဆို၏။
ဟေရုဒ်မင်းသည် ယောဟန်ကို သတ်လိုသော်လည်း ဆူပူအုံကြွမည်ကို ကြောက်ရွံ့သဖြင့် မသတ်ဝံ့ပေ။ အဘယ်ကြောင့်ဆိုသော် လူထုသည် ယောဟန်အား ပရောဖက်တစ်ပါးအဖြစ် သတ်မှတ်ထားသောကြောင့် ဖြစ်၏။
လူထုပရိသတ်များက “ဤသူသည် ဂါလိလဲပြည် နာဇရက်မြို့မှ ပရောဖက်၊ ယေရှုဖြစ်သည်” ဟု ဖြေဆိုကြ၏။
ယောဟန်၏ နှစ်ခြင်းမင်္ဂလာပေးရသောအခွင့်အာဏာသည် ကောင်းကင်ဘုံမှ လာသလော။ လူ့ထံမှ လာသလော” ဟု မေးတော်မူ၏။ ထိုအခါ သူတို့က “ငါတို့သည် ‘ကောင်းကင်ဘုံမှ လာသည်’ ဟု ဖြေလျှင် သူက ‘ထိုသို့ဆိုလျှင် သင်တို့သည် အဘယ်ကြောင့် ယောဟန်ကို မယုံကြသနည်း’ ဟု မေးလိမ့်မည်။
ထို့ကြောင့် သူတို့က “အကျွန်ုပ်တို့ မသိပါ” ဟု ယေရှုအား ဖြေဆိုကြ၏။ ထိုအခါ ယေရှုက “ငါသည်လည်း မည်သည့်အခွင့်အာဏာဖြင့် လုပ်ဆောင်နေကြောင်းကို သင်တို့အားမပြောနိုင်” ဟု ထိုသူတို့အား မိန့်တော်မူ၏။
ထို့ကြောင့် သူတို့သည် ယေရှုကို ဖမ်းဆီးလိုကြ၏။ သို့သော်လည်း လူတို့ကို ကြောက်ရွံ့ကြ၏။ အဘယ်ကြောင့်ဆိုသော် လူထုသည် ယေရှုကို ပရောဖက်တစ်ပါးကဲ့သို့ မှတ်ယူကြသောကြောင့်ဖြစ်၏။
သို့သော်လည်း ငါတို့က ‘လူ့ထံမှလာသည်’ ဟု ဖြေလျှင်လည်း မဖြစ်” ဟူ၍ အချင်းချင်း တိုင်ပင်ဆွေးနွေးကြ၏။ သူတို့သည် လူထုပရိသတ်ကို ကြောက်ကြ၏။ အဘယ်ကြောင့်ဆိုသော် လူအပေါင်းတို့က ယောဟန်သည် ပရောဖက်တစ်ပါးဖြစ်ကြောင်း ယုံကြည်ထားကြ၏။
ယဇ်ပုရောဟိတ်ခေါင်းဆောင်များ၊ ကျမ်းတတ်ဆရာများနှင့် အကြီးအကဲများက ယေရှုသည် မိမိတို့ကို ရည်ညွှန်း၍ ဤပုံဥပမာကို ပြောဆိုကြောင်း သဘောပေါက်ကြ၏။ ထို့ကြောင့် သူတို့သည် ကိုယ်တော်ကို ဖမ်းဆီးလိုကြ၏။ သို့သော်လည်း လူတို့ကို ကြောက်ရွံ့သောကြောင့် ကိုယ်တော်ထံမှ ထွက်သွားကြ၏။
ဟေရုဒ်မင်းသည် ယောဟန်ကို ဖြောင့်မတ်သူနှင့် သန့်ရှင်းသူတစ်ဦး ဖြစ်ကြောင်း သိမြင်၍ ရိုသေလေးစားသောကြောင့် အကာအကွယ်ပေး၏။ ယောဟန်၏ စကားကို ကြားသောအခါ စိတ်အနှောင့်အယှက်ဖြစ်ရသော်လည်း လိုလားစွာပင် နားထောင်လေ့ရှိ၏။
ကျမ်းတတ်ဆရာများနှင့် ယဇ်ပုရောဟိတ်ခေါင်းဆောင်များက ယေရှုသည် မိမိတို့အား ရည်ညွှန်း၍ ဤပုံဥပမာကို ပြောဆိုကြောင်း သဘောပေါက်ကြ၏။ ထို့ကြောင့် သူတို့သည် ကိုယ်တော်ကို ချက်ချင်းဖမ်းဆီးလိုကြ၏။ သို့သော်လည်း လူတို့ကို ကြောက်ရွံ့ကြ၏။
သို့သော်လည်း ငါတို့က ‘လူ့ထံမှလာသည်’ ဟု ဖြေလျှင် လူအားလုံးက ယောဟန်သည် ပရောဖက်တစ်ပါးဖြစ်သည်ဟု ယုံကြည်ကြသဖြင့် ငါတို့အားကျောက်ခဲနှင့် ပေါက်ကြလိမ့်မည်” ဟု အချင်းချင်း တိုင်ပင်ဆွေးနွေးကြ၏။
ယဇ်ပုရောဟိတ်ခေါင်းဆောင်များနှင့် ကျမ်းတတ်ဆရာများသည် ယေရှုကို သတ်ရန် လျှို့ဝှက်စွာ ရှာကြံလျက်ရှိ၏။ သို့သော်လည်း သူတို့သည် လူများကို ကြောက်ရွံ့ကြ၏။
ယောဟန်သည် မီးစာဖြင့် ထွန်းညှိထား၍ လင်းထိန်နေသော ဆီမီးခွက်သဖွယ်ဖြစ်ပြီး သင်တို့သည် သူ၏ သတင်းစကားကြောင့် ခဏတာစိတ်အားထက်သန်ကြ၏။
ဤသို့ ဖြေရခြင်းမှာ သူတို့သည် ဂျူးလူမျိုးခေါင်းဆောင်တို့ကို ကြောက်ရွံ့သောကြောင့်ဖြစ်၏။ ဂျူးလူမျိုးခေါင်းဆောင်တို့က ယေရှုကို ခရစ်တော်ဖြစ်သည်ဟု ဝန်ခံသောသူကို ဂျူးဝတ်ပြုဆောင်မှ ထုတ်ပယ်မည်ဟု ကြေညာထားကြ၏။
ထို့နောက် ဗိမာန်တော်တပ်မှူးသည်အစောင့်တပ်သားများနှင့်အတူ သွားကြပြီးလျှင် တမန်တော်တို့ကို ခေါ်ဆောင်လာကြ၏။ သို့သော်လည်း လူတို့သည် မိမိတို့အား ကျောက်ခဲနှင့် ပေါက်သတ်မည်ကိုကြောက်သောကြောင့် တမန်တော်တို့ကို အကြမ်းမဖက်ကြ။