နာဇရက်ဟု ခေါ်သော မြို့၌ နေထိုင်လေ၏။ သို့ဖြစ်၍ “ကိုယ်တော်ကို နာဇရက်မြို့သားဟု ခေါ်ကြလိမ့်မည်” ဟူသော ပရောဖက်တို့၏ ဟောပြောချက်သည် ဖြစ်လာ၏။
မဿဲ 21:11 - ခေတ်သစ်မြန်မာ သမ္မာကျမ်း လူထုပရိသတ်များက “ဤသူသည် ဂါလိလဲပြည် နာဇရက်မြို့မှ ပရောဖက်၊ ယေရှုဖြစ်သည်” ဟု ဖြေဆိုကြ၏။ Common Language Bible လူပရိသတ်များက ``ဤသူသည်ဂါလိလဲ ပြည်နာဇရက်မြို့သားပရောဖက်ယေရှုဖြစ် သည်'' ဟုဖြေကြားကြ၏။ Garrad Bible ဂါ လိ လဲ နယ် နာ ဇ ရက် မြို့ မှ ပ ရော ဖက် ယေ ရှု ဖြစ် သည် ဟု ဖြေ ဆို ကြ၏။ Judson Bible လူအစုအဝေးတို့က၊ ဤသူသည် ဂါလိလဲပြည် နာဇရက်မြို့၌ ပေါ်ထွန်းသော ပရောဖက်ယေရှုပေတည်းဟု ပြောဆိုကြ၏။ မြန်မာ့စံမီသမ္မာကျမ်း လူထုပရိသတ်များကလည်း “ဤသူသည် ဂါလိလဲနယ် နာဇရက်မြို့မှ ပရောဖက်ယေရှုဖြစ်သည်”ဟု ဆိုကြ၏။ မြန်မာ လူအစုအဝေးတို့က၊ ဤသူသည် ဂါလိလဲပြည် နာဇရက်မြို့၌ ပေါ်ထွန်းသော ပရောဖက်ယေရှုပေတည်းဟု ပြောဆိုကြ၏။ |
နာဇရက်ဟု ခေါ်သော မြို့၌ နေထိုင်လေ၏။ သို့ဖြစ်၍ “ကိုယ်တော်ကို နာဇရက်မြို့သားဟု ခေါ်ကြလိမ့်မည်” ဟူသော ပရောဖက်တို့၏ ဟောပြောချက်သည် ဖြစ်လာ၏။
ယေရှုသည် ဂျေရုဆလင်မြို့သို့ ဝင်တော်မူသော် တစ်မြို့လုံးအုတ်အုတ်သဲသဲဖြစ်ကာ “ဤသူသည် မည်သူနည်း” ဟု မေးမြန်းကြ၏။
သို့သော် ငါတို့က ‘လူ့ထံမှလာသည်’ ဟု ဖြေလျှင် လူထုပရိသတ်ကိုလည်း ကြောက်ရ၏။ အဘယ်ကြောင့်ဆိုသော် လူအပေါင်းတို့သည် ယောဟန်ကို ပရောဖက်တစ်ပါးဖြစ်သည်ဟု ယုံကြည်ထားကြသောကြောင့်ဖြစ်၏” ဟူ၍ အချင်းချင်း တိုင်ပင်ဆွေးနွေးကြ၏။
ထို့ကြောင့် သူတို့သည် ယေရှုကို ဖမ်းဆီးလိုကြ၏။ သို့သော်လည်း လူတို့ကို ကြောက်ရွံ့ကြ၏။ အဘယ်ကြောင့်ဆိုသော် လူထုသည် ယေရှုကို ပရောဖက်တစ်ပါးကဲ့သို့ မှတ်ယူကြသောကြောင့်ဖြစ်၏။
သို့သော် တချို့က “သူသည် ပရောဖက်ဧလိယဖြစ်သည်” ဟု ဆိုကြ၏။ တချို့က “သူသည် ရှေးပရောဖက်ကဲ့သို့သော ပရောဖက်တစ်ပါးဖြစ်သည်” ဟု ဆိုကြ၏။
သို့သော်လည်း ငါသည် ယနေ့၊ မနက်ဖြန်နှင့် နောက်တစ်နေ့တွင် ခရီးဆက်သွားရမည်။ အဘယ်ကြောင့်ဆိုသော် ပရောဖက်သည် ဂျေရုဆလင်မြို့မှလွဲ၍ အခြားနေရာ၌ အသေခံရန်မဖြစ်နိုင်သောကြောင့် ဖြစ်၏’
ထိုအခါ ယေရှုက “မည်သည့်အကြောင်းအရာများ ဖြစ်သနည်း” ဟု မေးတော်မူ၏။ ထိုသူတို့က “နာဇရက်မြို့သားယေရှုဆိုသောသူ၏အကြောင်းအရာများဖြစ်၏။ ထိုသူသည် ဘုရားရှေ့၊ လူရှေ့တွင် အံ့ဖွယ်တန်ခိုးလက္ခဏာကိုပြု၍ နှုတ်သတ္တိရှိသော ပရောဖက်တစ်ပါးဖြစ်၏။
လူအပေါင်းတို့သည်လည်း အံ့သြထိတ်လန့်၍ “ငါတို့အထဲတွင် ထူဆန်းသောပရောဖက်တစ်ပါး ပေါ်ထွန်းလေပြီ။ ဘုရားသခင်သည် မိမိလူမျိုးအား အကူအညီပေးတော်မူရန် ကြွလာတော်မူပြီ” ဟူ၍ ဘုရားသခင်၏ဂုဏ်တော်ကို ချီးမွမ်းကြ၏။
ထိုသို့ပြုသည်ကို ယေရှုအား ဖိတ်ခေါ်သူ ဖာရိရှဲသည် မြင်လေသော် “ဤသူသည် ပရောဖက်တစ်ပါးဖြစ်လျှင် သူ့အားထိနေသော ထိုအမျိုးသမီးသည် မည်သူဖြစ်ကြောင်းနှင့် မည်သို့သောသူ ဖြစ်ကြောင်းကို သိရမည်။ ဤအမျိုးသမီးသည် အပြစ်များသော အမျိုးသမီးဖြစ်သည်” ဟု မိမိစိတ်ထဲ၌ တွေးတောလေ၏။
ထိုသူတို့က “သို့ဖြစ်လျှင် သင်သည် မည်သူနည်း။ ဧလိယလော” ဟု မေးကြ၏။ ယောဟန်က “မဟုတ်ပါ” ဟု ဖြေ၏။ သူတို့က “သင်သည် ငါတို့စောင့်မျှော်နေသောပရောဖက်လော” ဟု မေးကြပြန်လျှင် ယောဟန်က “မဟုတ်ပါ” ဟု ဖြေပြန်၏။
“သင်သည် ခရစ်တော်လည်းမဟုတ်၊ ဧလိယလည်းမဟုတ်၊ ထိုပရောဖက်လည်းမဟုတ်လျှင် အဘယ်ကြောင့် နှစ်ခြင်းမင်္ဂလာပေးသနည်း” ဟု မေးကြပြန်၏။
ဤသို့ ယေရှုပြတော်မူသော နိမိတ်လက္ခဏာကို မြင်သောလူတို့က “ဤသူသည် အမှန်ပင် ကျွန်ုပ်တို့စောင့်မျှော်နေသော ပရောဖက် ဖြစ်သည်” ဟု ဆိုကြ၏။
ဤစကားတော်များကို ကြားသော် လူထုထဲမှတချို့က “ဤသူသည် အမှန်ပင် ကျွန်ုပ်တို့စောင့်မျှော်နေသော ပရောဖက်ဖြစ်သည်” ဟု ပြောဆိုကြ၏။
ဖာရိရှဲတို့က ထိုမျက်မမြင်ဖြစ်ခဲ့ဖူးသူအား “သင့်ကို မျက်စိမြင်အောင် သူသည် ပြုခဲ့သည်ဖြစ်၍ သင်ပြောလော့။ သူသည် မည်သို့သောသူ ဖြစ်မည်နည်း” ဟု ထပ်မံ၍ မေးကြ၏။ ထိုသူကလည်း “သူသည် ပရောဖက်တစ်ပါး ဖြစ်သည်” ဟု ဖြေလေ၏။
ထိုမောရှေမှာ ‘ဘုရားသခင် ထာဝရဘုရားသည် သင်တို့၏အမျိုးထဲမှ ငါကဲ့သို့သော ပရောဖက်တစ်ပါးကို သင်တို့အတွက် ပေါ်ထွန်းစေတော်မူလိမ့်မည်’ ဟု အစ္စရေးလူမျိုးတို့အား ပြောခဲ့သူဖြစ်၏။