ဟေရုဒ်မင်းလက်ထက် ယုဒပြည် ဗက်လင်မြို့တွင် ယေရှုမွေးဖွားလာတော်မူ၏။ ထိုအချိန်ကာလ၌ အရှေ့ပြည်မှ ပညာရှိများသည် ဂျေရုဆလင်မြို့သို့ ရောက်လာ၍
မဿဲ 2:6 - ခေတ်သစ်မြန်မာ သမ္မာကျမ်း ‘အို ယုဒပြည် ဗက်လင်မြို့… သင်သည် ယုဒပြည်ရှိ မြို့များထဲတွင် သေးနုပ်လှသောမြို့ မဟုတ်ပါ။ အဘယ်ကြောင့်ဆိုသော် သင့်အထဲက အုပ်စိုးသူတစ်ဦး ပေါ်ထွက်လာမည်။ သူသည် ငါ၏လူမျိုးတော်ဖြစ်သော အစ္စရေးတို့ကို အုပ်စိုးမည့်သူ ဖြစ်၏’ ဟူ၍ ရေးသားထား၏” ဟု လျှောက်ဆိုကြ၏။ Common Language Bible `အို ယုဒပြည်ဗက်လင်မြို့၊သင်သည်ယုဒပြည်ရှိ မြို့များအနက်သိမ်ငယ်လှသောမြို့မဟုတ်။ ငါ၏လူမျိုးတော်ဣသရေလအမျိုးသားတို့အား ရှေ့ဆောင်လမ်းပြမည့်ခေါင်းဆောင်တစ်ဦးသည် သင်၏အထဲမှပေါ်ထွန်းလိမ့်မည်' ဟုဟောကြားထားပါသည်'' ဟူ၍လျှောက်ထား ကြ၏။ Judson Bible အို ယုဒပြည်ဗက်လင်မြို့၊ အစိုးရသောယုဒမြို့တို့တွင် သင်သည် မြို့ငယ်မြို့ယုတ်မဟုတ်။ အကြောင်းမူကား၊ ငါ၏လူစု ဣသရေလအမျိုးကို အုပ်စိုးရသောသခင်သည် သင်၏အထဲမှာ ပေါ်ထွန်းလတ္တံ့ဟု ကျမ်းလာရှိပါ၏။ ထိုကြောင့် ယုဒပြည်ဗက်လင်မြို့၌ ခရစ်တော်ကို ဖွားမြင်ရပါမည်ဟု မင်းကြီးအား ပြန်ကြားလျှောက်ထားကြ၏။- မြန်မာ့စံမီသမ္မာကျမ်း ‘အို ယုဒပြည်၊ ဗက်လင်မြို့၊ သင်သည် ယုဒပြည်ကိုအုပ်ချုပ်သောမြို့တို့တွင် အသေးသိမ်ဆုံးမဟုတ်။ အကြောင်းမူကား ငါ၏လူမျိုးတော်အစ္စရေးကို အုပ်ထိန်းမည့်ခေါင်းဆောင်တစ်ဦးသည် သင့်အထဲမှပေါ်ထွန်းလိမ့်မည်’ဟူ၍ ပရောဖက်က ရေးထားသောကြောင့်ဖြစ်သည်”ဟု လျှောက်ထားကြ၏။ မြန်မာ အို ယုဒပြည်ဗက်လင်မြို့၊ အစိုးရသောယုဒမြို့တို့တွင် သင်သည် မြို့ငယ်မြို့ယုတ်မဟုတ်။ အကြောင်းမူကား၊ ငါ၏လူစု ဣသရေလအမျိုးကို အုပ်စိုးရသောသခင်သည် သင်၏အထဲမှာ ပေါ်ထွန်းလတ္တံ့ဟု ကျမ်းလာရှိပါ၏။ ထိုကြောင့် ယုဒပြည်ဗက်လင်မြို့၌ ခရစ်တော်ကို ဖွားမြင်ရပါမည်ဟု မင်းကြီးအား ပြန်ကြားလျှောက်ထားကြ၏။- |
ဟေရုဒ်မင်းလက်ထက် ယုဒပြည် ဗက်လင်မြို့တွင် ယေရှုမွေးဖွားလာတော်မူ၏။ ထိုအချိန်ကာလ၌ အရှေ့ပြည်မှ ပညာရှိများသည် ဂျေရုဆလင်မြို့သို့ ရောက်လာ၍
ထိုအခါ ယေရှုသည် တပည့်တော်တို့ထံ ချဉ်းကပ်တော်မူ၍ “ငါ့ခမည်းတော်သည် ကောင်းကင်နှင့် မြေကြီးပေါ်၌ ရှိသမျှသော အခွင့်အာဏာအားလုံးကို ငါ့ထံ အပ်နှင်းတော်မူပြီ။
ယေရှုက “ယောဟန်၏သားရှိမုန်… သင်သည် ငါ့ကို ချစ်သလော” ဟူ၍ ဒုတိယအကြိမ် ပြန်၍မေးတော်မူ၏။ ပေတရုက “ချစ်ပါ၏ သခင်။ အကျွန်ုပ်သည် သခင့်ကို ချစ်ကြောင်း သခင်သိပါ၏” ဟု လျှောက်၏။ ယေရှုက “သို့ဖြစ်လျှင် ငါ့သိုးတို့ကို ထိန်းကျောင်းလော့” ဟု မိန့်တော်မူ၏။
ကျမ်းစာ၌ ခရစ်တော်သည် ဒါဝိဒ်မင်း၏အမျိုး၊ ဒါဝိဒ်မင်း၏မွေးရပ် ဗက်လင်မြို့မှ ပေါ်ထွန်းလိမ့်မည်ဟု ဖော်ပြထားသည် မဟုတ်လော” ဟု ဆိုကြ၏။
ဘုရားသခင်သည် အရာအားလုံးကို ကိုယ်တော်၏ ခြေတော်အောက်၌ ထား၍ အသင်းတော်အတွက် ကိုယ်တော်ကို အရာအားလုံး၏ ဦးခေါင်း ဖြစ်စေတော်မူ၏။
ကိုယ်တော်သည် အသင်းတော်ဟူသော မိမိကိုယ်ခန္ဓာ၏ ဦးခေါင်းဖြစ်၍ ကိုယ်ခန္ဓာ၏ မူလအရင်းအမြစ် ဖြစ်တော်မူ၏။ သေရာမှ အဦးဆုံး ရှင်ပြန်ထမြောက်လာသော သားဦး ဖြစ်တော်မူ၏။ သို့ဖြစ်၍ ကိုယ်တော်သည် အရာအားလုံးတွင် အကြီးမြတ်ဆုံး ဖြစ်တော်မူ၏။
ကျွန်ုပ်တို့၏ သခင်သည် ယုဒအနွယ်မှ ဆင်းသက်တော်မူကြောင်းထင်ရှား၏။ မောရှေသည် ထိုယုဒအနွယ်မှ ယဇ်ပုရောဟိတ်ပေါ်ထွန်းမည်ဟု မည်သည့်အခါမျှ မပြောခဲ့ပေ။
သတ္တမကောင်းကင်တမန်သည် တံပိုးခရာမှုတ်သောအခါ “ဤလောကီနိုင်ငံသည် ယခု ငါတို့အရှင်နှင့် ထိုအရှင်၏ခရစ်တော်စိုးပိုင်သောနိုင်ငံဖြစ်လေပြီ။ ကိုယ်တော်သည် အစဉ်ထာဝရအုပ်စိုးတော်မူလိမ့်မည်” ဟု ကောင်းကင်မှ ကျယ်လောင်စွာ ပြောဆိုသံများထွက်ပေါ်လာ၏။
အဘယ်ကြောင့်ဆိုသော် ရာဇပလ္လင်တော်အလယ်၌ရှိသော သိုးသငယ်တော်သည် သူတို့၏သိုးထိန်းဖြစ်၍ အသက်စမ်းရေတွင်းသို့ ပို့ဆောင်တော်မူမည်ဖြစ်သောကြောင့်ပင်။ ဘုရားသခင်သည် သူတို့၏ ရှိသမျှမျက်ရည်တို့ကို သုတ်ပေးတော်မူလိမ့်မည်” ဟုဆို၏။