ဟေရုဒ်မင်း၏ ရက်စက်သောလုပ်ရပ်သည် ပရောဖက်ယေရမိမှတစ်ဆင့် မိန့်တော်မူသော ဘုရားသခင်၏စကားတော်အတိုင်း ဖြစ်လာလေ၏။ ၎င်းမှာ
မဿဲ 2:18 - ခေတ်သစ်မြန်မာ သမ္မာကျမ်း “ရာမအရပ်၌ ငိုကြွေးခြင်းနှင့် အလွန်ညည်းတွားမြည်တမ်းခြင်းအသံကို ကြားရ၏။ ရာခေလသည် မိမိကလေးများ သေဆုံးသောကြောင့် သူတို့အတွက် ငိုကြွေးကာ နှစ်သိမ့်၍မရနိုင်” ဟူ၍ ဖြစ်၏။ Judson Bible ရာမအရပ်၌ သည်းစွာသောညည်းတွားငိုကြွေး မြည်တမ်းခြင်းအသံကို ကြားရ၍၊ ရာခေလသည် မိမိသားတို့ မရှိသောကြောင့် ငို၍စိတ်မပြေနိုင် ဟူသောစကားသည် ထိုအခါ၌ အမှန်ကျသတည်း။- မြန်မာ့စံမီသမ္မာကျမ်း ထိုအခါ “ရာမမြို့၌ သည်းထန်သောငိုကြွေးခြင်းနှင့်မြည်တမ်းခြင်းအသံကို ကြားရ၏။ ရာခေလသည် သူ၏ကလေးများအတွက်ငိုကြွေးကာ ကလေးတို့မရှိကြတော့သည်ဖြစ်၍ နှစ်သိမ့်ပေးခြင်းကိုအလိုမရှိ”ဟု ပရောဖက်ယေရမိအားဖြင့် မိန့်တော်မူသောအရာသည် ပြည့်စုံခြင်းသို့ရောက်လေ၏။ မြန်မာ ရာမအရပ်၌ သည်းစွာသောညည်းတွားငိုကြွေး မြည်တမ်းခြင်းအသံကို ကြားရ၍၊ ရာခေလသည် မိမိသားတို့ မရှိသောကြောင့် ငို၍စိတ်မပြေနိုင် ဟူသောစကားသည် ထိုအခါ၌ အမှန်ကျသတည်း။- |
ဟေရုဒ်မင်း၏ ရက်စက်သောလုပ်ရပ်သည် ပရောဖက်ယေရမိမှတစ်ဆင့် မိန့်တော်မူသော ဘုရားသခင်၏စကားတော်အတိုင်း ဖြစ်လာလေ၏။ ၎င်းမှာ
လူတို့သည် ထိုမိန်းကလေးအတွက် ရင်ဘတ်ထုလျက် အလွန်ငိုကြွေးကြသော်လည်း ယေရှုက “မငိုကြွေးကြနှင့်။ ဤမိန်းကလေးသည် သေသည်မဟုတ်။ အိပ်ပျော်နေခြင်းသာဖြစ်သည်” ဟု မိန့်တော်မူ၏။
ထို့နောက် ကောင်းကင်အလယ်၌ ပျံဝဲနေသည့် လင်းယုန်ငှက်တစ်ကောင်ကို ကျွန်ုပ်မြင်ရ၏။ ထိုလင်းယုန်က “ကျန်ရှိသောကောင်းကင်တမန်သုံးပါးတို့၏ တံပိုးခရာမှုတ်တော့မည့်အသံကြောင့် ကမ္ဘာလောက၌ နေထိုင်ကြသောသူတို့သည် အမင်္ဂလာရှိကြလိမ့်မည်။ အမင်္ဂလာရှိကြလိမ့်မည်။ အမင်္ဂလာရှိကြလိမ့်မည်” ဟုကျယ်လောင်စွာ ကြွေးကြော်သည်ကို ကျွန်ုပ်ကြားရ၏။