တပည့်တော်တို့သည် ထိုစကားကို ကြားသောအခါ အလွန်အံ့အားသင့်လျက် “သို့ဖြစ်လျှင် မည်သူသည် ကယ်တင်ခြင်းခံရပါမည်နည်း” ဟု မေးလျှောက်ကြ၏။
မဿဲ 19:24 - ခေတ်သစ်မြန်မာ သမ္မာကျမ်း ထပ်မံ၍ ငါပြောမည်။ ချမ်းသာသောသူသည် ဘုရားသခင်၏နိုင်ငံတော်ထဲသို့ ဝင်ရန်ထက် ကုလားအုတ်သည် အပ်နဖားပေါက်ထဲသို့ လျှိုဝင်ရန် ပို၍လွယ်ကူသည်” ဟု မိန့်တော်မူ၏။ Common Language Bible တစ်ဖန်ငါဆိုသည်ကား၊ အပ်နဖားကိုကုလားအုတ် လျှိုဝင်ရန်လွယ်လိမ့်မည်။ ဘုရားသခင်၏နိုင်ငံတော် သို့ဥစ္စာကြွယ်ဝသူဝင်နိုင်ရန်ကားခဲယဉ်းလှ၏'' ဟု တပည့်တော်တို့အားမိန့်တော်မူ၏။ Garrad Bible တစ် နည်း သူ ဌေး သူ ကြွယ် သည် ဘု ရား သ ခင့် နိုင် ငံ တော် သို့ ဝင် ရန် ထက် ကု လား အုပ် သည် အပ် န ဖား ကို လျှို ရန် လွယ် ကူ သည် ငါ ဆို၏ ဟု မိန့် တော် မူ သော်၊ Judson Bible တစ်ဖန် ငါဆိုသည်ကား၊ ကုလားအုတ်သည် အပ်နဖားကို လျှိုလွယ်၏။ ငွေရတတ်သောသူသည် ဘုရားသခင်၏နိုင်ငံတော်သို့ ဝင်ခဲသည်ဟု တပည့်တော်တို့အားမိန့်တော်မူ၏။- မြန်မာ့စံမီသမ္မာကျမ်း တစ်ဖန် သင်တို့အား ငါဆိုသည်ကား ချမ်းသာသောသူသည် ဘုရားသခင်၏နိုင်ငံတော်သို့ဝင်ရန်ထက် ကုလားအုတ်သည် အပ်နဖားပေါက်မှလျှိုဝင်ရန် ပို၍လွယ်ကူ၏”ဟု တပည့်တော်တို့အား မိန့်တော်မူ၏။ မြန်မာ တစ်ဖန် ငါဆိုသည်ကား၊ ကုလားအုတ်သည် အပ်နဖားကို လျှိုလွယ်၏။ ငွေရတတ်သောသူသည် ဘုရားသခင်၏နိုင်ငံတော်သို့ ဝင်ခဲသည်ဟု တပည့်တော်တို့အားမိန့်တော်မူ၏။- |
တပည့်တော်တို့သည် ထိုစကားကို ကြားသောအခါ အလွန်အံ့အားသင့်လျက် “သို့ဖြစ်လျှင် မည်သူသည် ကယ်တင်ခြင်းခံရပါမည်နည်း” ဟု မေးလျှောက်ကြ၏။
ယေရှုသည် သူတို့အား စူးစိုက်ကြည့်တော်မူ၍ “ဤအမှုကို လူမတတ်နိုင်ပါ။ သို့သော် ဘုရားသခင်သည် အရာအားလုံးကို တတ်နိုင်တော်မူ၏” ဟု မိန့်တော်မူ၏။
မျက်မမြင်သောလမ်းပြတို့… သင်တို့သည် ခြင်တစ်ကောင်ကိုမျှ မမျိုမိစေရန် ရေကိုစစ်ကြသော်လည်း ကုလားအုတ်ကိုမူ မျိုချကြပြီ။
အမှန်စင်စစ် ချမ်းသာသောသူသည် ဘုရားသခင်၏နိုင်ငံတော်သို့ ဝင်ရန်ထက် ကုလားအုတ်သည် အပ်နဖားပေါက်ထဲသို့ လျှိုဝင်ရန် ပို၍လွယ်ကူသည်” ဟု မိန့်တော်မူ၏။
ယေရှုက “သင့်အား ငါအမှန်ဆို၏။ အသစ်တစ်ဖန်မွေးဖွားခြင်း မခံရသောသူသည် ဘုရားသခင်၏ နိုင်ငံတော်ကို မမြင်နိုင်” ဟု မိန့်တော်မူ၏။
ယေရှုက “သင့်အား ငါအမှန်ဆို၏။ ရေဖြင့်လည်းကောင်း၊ ဝိညာဉ်တော်ဖြင့်လည်းကောင်း အသစ်တစ်ဖန်မွေးဖွားခြင်း မခံရသောသူသည် ဘုရားသခင်၏ နိုင်ငံတော်သို့ မဝင်နိုင်။
သင်တို့သည် အချင်းချင်းဂုဏ်ပြုချီးမြှောက်ကြပြီး တစ်ဆူတည်းသော ဘုရားသခင်၏ ဂုဏ်ပြုချီးမြှောက်ခြင်းကိုမူ အလိုမရှိကြ။ ထို့ကြောင့် သင်တို့သည် ငါ့ကို မယုံကြည်ဘဲနေသည်မှာ အံ့ဩစရာမရှိ။