Biblia Todo Logo
အွန်လိုင်း သမ္မာကျမ်းစာ
- ကြော်ငြာတွေ -




မဿဲ 19:23 - ခေတ်သစ်​မြန်မာ သမ္မာကျမ်း

23 ထိုအခါ ယေရှု​က တပည့်တော်တို့​အား “ငါ​အမှန်​ဆိုရ​လျှင် ချမ်းသာသော​သူ​သည် ကောင်းကင်​နိုင်ငံတော်​ထဲသို့ ဝင်​ရန် ခဲယဉ်းလှ၏။

အခန်းကိုကြည့်ပါ။ ကော်ပီ

Common Language Bible

23 သ​ခင်​ယေ​ရှု​က​လည်း ``အ​မှန်​အ​ကန်​ငါ​ဆို​သည်​ကား၊ ဥစ္စာ​ကြွယ်​ဝ​သူ​သည်​ဘု​ရား​သ​ခင်​၏​နိုင်​ငံ​တော်​သို့ ဝင်​နိုင်​ရန်​ခဲ​ယဉ်း​လှ​၏။-

အခန်းကိုကြည့်ပါ။ ကော်ပီ

Garrad Bible

23 ထို အ ခါ တ ပည့် တော် တို့ အား ယေ ရှု က သူ ဌေး သူ ကြွယ် သည် ကောင်း ကင် နိုင် ငံ တော် သို့ ဝင် ခဲ လေ စွ။ ငါ အ မှန် ဆို၏။

အခန်းကိုကြည့်ပါ။ ကော်ပီ

Judson Bible

23 ယေ​ရှု​က​လည်း၊ ငါ​အ​မှန်​ဆို​သည်​ကား၊ ငွေ​ရ​တတ်​သော​သူ​သည် ကောင်း​ကင်​နိုင်​ငံ​တော်​သို့ ဝင်​ခဲ​လှ၏။-

အခန်းကိုကြည့်ပါ။ ကော်ပီ

မြန်​​​မာ့​​​စံ​​​မီ​​​သမ္မာ​​​ကျမ်း​​

23 ထိုအခါ ယေရှု​က“သင်​တို့​အား ငါ​အမှန်​ဆို​သည်​ကား ချမ်းသာ​သော​သူ​သည် ကောင်းကင်​နိုင်ငံ​တော်​သို့​ဝင်​ရန် ခဲယဉ်း​လှ​၏။

အခန်းကိုကြည့်ပါ။ ကော်ပီ

မြန်မာ

23 ယေ​ရှု​က​လည်း၊ ငါ​အ​မှန်​ဆို​သည်​ကား၊ ငွေ​ရ​တတ်​သော​သူ​သည် ကောင်း​ကင်​နိုင်​ငံ​တော်​သို့ ဝင်​ခဲ​လှ၏။-

အခန်းကိုကြည့်ပါ။ ကော်ပီ




မဿဲ 19:23
25 ပူးပေါင်းရင်းမြစ်များ  

ဆူးပင်​ကြား​တွင် ကျသော​မျိုးစေ့​မှာ တရားစကား​ကို​ကြား​သော်လည်း လောကီရေးရာ​ကို​စိုးရိမ်ခြင်း​နှင့် စည်းစိမ်​၏​ဖြားယောင်းခြင်းတို့​က ထို​တရားစကား​ကို လျင်မြန်​စွာ ပိတ်ဆို့ထား​သဖြင့် အသီး​မသီးနိုင်သော​သူ​ကို ဆိုလို၏။


“ငါ​အမှန်​ဆိုရ​လျှင် သင်တို့​သည် ပြောင်းလဲ​၍ ကလေးငယ်​ကဲ့သို့ မဖြစ်​လျှင် ကောင်းကင်​နိုင်ငံတော်​သို့ မည်သည့်​အခါမျှ ဝင်ရ​လိမ့်မည်​မဟုတ်။


သို့ရာတွင် ထို​လူငယ်​သည် ဥစ္စာပစ္စည်း​ကြွယ်ဝသူ​ဖြစ်​သောကြောင့် ထို​စကားကို ကြား​သော် စိတ်မသက်မသာ​ဖြင့် ထွက်သွားလေ၏။


ထို​သား​နှစ်ဦးတို့​တွင် မည်သူ​သည် ဖခင်​စကား​ကို နားထောင်သနည်း” ဟု မေးတော်မူ၏။ တပည့်တော်တို့​က “သားကြီး ဖြစ်ပါသည်” ဟု ဖြေကြ၏။ ယေရှု​က သူတို့​အား “ငါ​အမှန်​ဆိုရ​လျှင် အကျင့်ပျက်သော​အခွန်ကောက်သူများ​နှင့် ပြည့်တန်ဆာများ​သည် ဘုရားသခင်​၏ နိုင်ငံတော်​သို့ သင်တို့​ထက်​အလျင် ဝင်ကြ​လိမ့်မည်။


သင်တို့​၏ ဖြောင့်မတ်ခြင်း​သည် ကျမ်းတတ်ဆရာများ​နှင့် ဖာရိရှဲတို့​၏ ဖြောင့်မတ်ခြင်း​ထက် မသာ​လျှင် သင်တို့​သည် ကောင်းကင်​နိုင်ငံတော်​ထဲသို့ မည်သည့်အခါမျှ ဝင်ရောက်နိုင်​လိမ့်မည်​မဟုတ်​ဟု ငါ​သတိပေး၏။


ထိုအခါ ယေရှု​သည် တပည့်တော်တို့​ရှိရာ​ပတ်ပတ်လည်လည် ကြည့်တော်မူ​ပြီးလျှင် “ချမ်းသာသော​သူ​သည် ဘုရားသခင်​၏ နိုင်ငံတော်​ထဲသို့ ဝင်​ရန် ခဲယဉ်းလှ၏” ဟု မိန့်တော်မူ၏။


ထိုသို့ ဝမ်းနည်းသည်​ကို ယေရှု​မြင်တော်မူ​လျှင် “ချမ်းသာသော​သူ​သည် ဘုရားသခင်​၏​နိုင်ငံတော်​ထဲသို့ ဝင်​ရန် ခဲယဉ်းလှ၏။


ယေရှု​က “သင့်​အား ငါ​အမှန်​ဆို၏။ အသစ်တစ်ဖန်​မွေးဖွားခြင်း မခံရသောသူ​သည် ဘုရားသခင်​၏ နိုင်ငံတော်​ကို မမြင်နိုင်” ဟု မိန့်တော်မူ၏။


ယေရှု​က “သင့်​အား ငါ​အမှန်​ဆို၏။ ရေ​ဖြင့်​လည်းကောင်း၊ ဝိညာဉ်တော်​ဖြင့်​လည်းကောင်း အသစ်တစ်ဖန်​မွေးဖွားခြင်း မခံရသောသူ​သည် ဘုရားသခင်​၏ နိုင်ငံတော်​သို့ မဝင်နိုင်။


သူတို့​က “ကျွန်ုပ်တို့​သည် ဆင်းရဲဒုက္ခ​များစွာ​ခံရခြင်း​အားဖြင့် ဘုရားသခင်​၏​နိုင်ငံတော်​သို့ ဝင်ရောက်ကြရမည်” ဟု ဆို​လျက် ထို​မြို့များ​ရှိ တပည့်တော်တို့​၏ စိတ်​ကို ကြံ့ခိုင်​စေကြ၏။ ယုံကြည်ခြင်း​တွင်လည်း ဆက်လက်​ရပ်တည်​ရန် ခွန်အားပေးကြ၏။


ချစ်သော ညီအစ်ကို​မောင်နှမတို့… သင်တို့​ကို ဘုရားသခင်​ရွေးချယ်တော်မူ​စဉ်က ရှိခဲ့သော သင်တို့​၏ အခြေအနေ​ကို ပြန်လည်​ဆင်ခြင်ကြည့်လော့။ လူတို့​အမြင်​အရ​ဆိုလျှင် သင်တို့​ထဲတွင် ပညာရှင်​များစွာ မပါခဲ့ကြ။ ဩဇာကြီးသူ​များစွာ မပါခဲ့ကြ။ မြင့်မြတ်သူ​ဟူ၍ များစွာ မပါခဲ့ကြ။


သို့သော် သင်တို့​သည် ဆင်းရဲသောသူတို့​ကို ရှုတ်ချကြ၏။ သင်တို့​ကို ဖိနှိပ်​ချုပ်ချယ်​၍ တရားရုံး​သို့ ဆွဲခေါ်သွားသော​သူတို့​သည် ချမ်းသာသော​သူများ မဟုတ်လော။


ကြှနျုပျတို့နောကျလိုကျပါ:

ကြော်ငြာတွေ


ကြော်ငြာတွေ