ဆူးပင်ကြားတွင် ကျသောမျိုးစေ့မှာ တရားစကားကိုကြားသော်လည်း လောကီရေးရာကိုစိုးရိမ်ခြင်းနှင့် စည်းစိမ်၏ဖြားယောင်းခြင်းတို့က ထိုတရားစကားကို လျင်မြန်စွာ ပိတ်ဆို့ထားသဖြင့် အသီးမသီးနိုင်သောသူကို ဆိုလို၏။
မဿဲ 19:22 - ခေတ်သစ်မြန်မာ သမ္မာကျမ်း သို့ရာတွင် ထိုလူငယ်သည် ဥစ္စာပစ္စည်းကြွယ်ဝသူဖြစ်သောကြောင့် ထိုစကားကို ကြားသော် စိတ်မသက်မသာဖြင့် ထွက်သွားလေ၏။ Common Language Bible သို့ရာတွင်ထိုလူငယ်သည်ဥစ္စာများစွာကြွယ်ဝသူ ဖြစ်သဖြင့်ကိုယ်တော်၏စကားကိုကြားသောအခါ စိတ်မချမ်းမသာဖြစ်လျက်ထွက်ခွာသွားလေ၏။ Garrad Bible ထို စ ကား ကို ပျို ရွယ် သူ ကြား လျှင် ဥ စ္စာ ပ စ္စည်း ကြွယ် ဝ သော ကြောင့် နှ လုံး မ သာ ထွက် သွား လေ၏။ Judson Bible ထိုလုလင်သည် များစွာသောဥစ္စာကို ရတတ်သောသူဖြစ်၍၊ ထိုစကားကိုကြားလျှင် စိတ်မသာသည်နှင့် သွားလေ၏။ မြန်မာ့စံမီသမ္မာကျမ်း ထိုလူငယ်သည် ဥစ္စာပစ္စည်းကြွယ်ဝသူဖြစ်သောကြောင့် ထိုစကားကိုကြားလျှင် ဝမ်းနည်းလျက် ထွက်သွားလေ၏။ မြန်မာ ထိုလုလင်သည် များစွာသောဥစ္စာကို ရတတ်သောသူဖြစ်၍၊ ထိုစကားကိုကြားလျှင် စိတ်မသာသည်နှင့် သွားလေ၏။ |
ဆူးပင်ကြားတွင် ကျသောမျိုးစေ့မှာ တရားစကားကိုကြားသော်လည်း လောကီရေးရာကိုစိုးရိမ်ခြင်းနှင့် စည်းစိမ်၏ဖြားယောင်းခြင်းတို့က ထိုတရားစကားကို လျင်မြန်စွာ ပိတ်ဆို့ထားသဖြင့် အသီးမသီးနိုင်သောသူကို ဆိုလို၏။
ထိုအခါ ဟေရုဒ်မင်းသည် မိမိပြောခဲ့သည့်စကားအတွက် နောင်တရလေ၏။ သို့သော်လည်း ကြွရောက်လာသော ဧည့်သည်တော်များရှေ့တွင် မိမိပေးခဲ့သည့် ကတိကို ထောက်ရှု၍ တောင်းဆိုသည့်အတိုင်း ပေးစေရန် အမိန့်ချလေ၏။
လူသည် ကမ္ဘာလောကတစ်ခုလုံးကို ပိုင်ဆိုင်ရသော်လည်း မိမိအသက်ကို ဆုံးရှုံးလျှင် မည်သည့်အကျိုး ရှိမည်နည်း။ မိမိအသက်ဝိညာဉ်ကို မည်သည့်အရာနှင့် လဲလှယ်နိုင်မည်နည်း။
ယေရှုက “သင်သည် ပြည့်စုံလိုပါက သွား၍ သင်၏ ဥစ္စာပစ္စည်းများကို ရောင်းချကာ ရသောငွေကို ဆင်းရဲသားတို့အား လှူဒါန်းလော့။ ထိုသို့ ပြုလျှင် ကောင်းကင်ဘုံတွင် ဘဏ္ဍာကို ရရှိလိမ့်မည်။ ပြီးမှ ငါ့နောက်သို့ လိုက်လော့” ဟု မိန့်တော်မူ၏။
ထိုအခါ ယေရှုက တပည့်တော်တို့အား “ငါအမှန်ဆိုရလျှင် ချမ်းသာသောသူသည် ကောင်းကင်နိုင်ငံတော်ထဲသို့ ဝင်ရန် ခဲယဉ်းလှ၏။
မည်သူမျှ သခင်နှစ်ဦးကို အစေမခံနိုင်ပေ။ သခင်တစ်ဦးကို မုန်း၍ ကျန်တစ်ဦးကို ချစ်မည်။ သို့မဟုတ် သခင်တစ်ဦးကို ကြည်ညိုလေးစား၍ ကျန်တစ်ဦးကို မခန့်လေးစားပြုမည်။ သင်တို့သည် ဘုရားသခင်နှင့် ငွေအား တစ်ချိန်တည်းတွင် အစေခံရန် မဖြစ်နိုင်ပါ။
သို့သော် ထိုသူသည် ဥစ္စာပစ္စည်းကြွယ်ဝသူဖြစ်သောကြောင့် မျက်နှာညိုး၍ စိတ်မသက်မသာဖြင့် ထွက်သွားလေ၏။
ထိုအခါ ဟေရုဒ်မင်းသည် မိမိပြောခဲ့သည့်စကားအတွက် အလွန်ဝမ်းနည်းလေ၏။ သို့သော်လည်း ကြွရောက်လာသော ဧည့်သည်တော်များရှေ့တွင် မိမိပေးခဲ့သည့် ကတိသစ္စာကို ထောက်ရှုသဖြင့် တောင်းဆိုသည့်အရာကို မငြင်းပယ်နိုင်ပေ။
ထိုသူသည် ချမ်းသာကြွယ်ဝသူဖြစ်သောကြောင့် ဤစကားကို ကြားသော် အလွန်ဝမ်းနည်းလေ၏။
သင်တို့အား ငါအမှန်ဆိုရလျှင် ငါ၌ ဖြစ်ပျက်လာမည့်အရာကြောင့် သင်တို့သည် ငိုကြွေးမြည်တမ်းကြလိမ့်မည်။ သို့သော် လောကီသားတို့မှာမူ ဝမ်းမြောက်ကြလိမ့်မည်။ သင်တို့သည် ဝမ်းနည်းပူဆွေးကြသော်လည်း ထိုဝမ်းနည်းခြင်းသည် ဝမ်းမြောက်ခြင်းအဖြစ်သို့ ပြောင်းလဲသွားလိမ့်မည်။
တရားနှင့်မညီသော မေထုန်ကို ပြုသူ၊ ညစ်ညမ်းသောသူ၊ ရုပ်တုကိုးကွယ်ခြင်း ဖြစ်သည့် လောဘလွန်ကြူးသောသူ တစ်ယောက်မျှ ခရစ်တော်နှင့် ဘုရားသခင်၏ နိုင်ငံတော်ကို အမွေဆက်ခံရမည် မဟုတ်ကြောင်း သင်တို့ အသေအချာ သိကြ၏။
ထို့ကြောင့် တရားနှင့်မညီသော မေထုန်ပြုခြင်း၊ စက်ဆုပ်ညစ်ညမ်းခြင်း၊ ကိလေသာစိတ် ပြင်းပြခြင်း၊ မကောင်းမှုကို တပ်မက်ခြင်း၊ ရုပ်တုကိုးကွယ်ခြင်းဟူသော လောဘလွန်ကြူးခြင်း စသည့် လောကီဆိုင်ရာအကျင့်တို့ကို အဆက်ဖြတ်ကြလော့။