Biblia Todo Logo
အွန်လိုင်း သမ္မာကျမ်းစာ
- ကြော်ငြာတွေ -




မဿဲ 14:9 - ခေတ်သစ်​မြန်မာ သမ္မာကျမ်း

9 ထိုအခါ ဟေရုဒ်မင်း​သည် မိမိ​ပြောခဲ့သည့်​စကား​အတွက် နောင်တရလေ၏။ သို့သော်လည်း ကြွရောက်လာသော ဧည့်သည်တော်များ​ရှေ့တွင် မိမိ​ပေးခဲ့သည့် ကတိ​ကို ထောက်ရှု​၍ တောင်းဆိုသည့်​အတိုင်း ပေး​စေရန် အမိန့်ချလေ၏။

အခန်းကိုကြည့်ပါ။ ကော်ပီ

Common Language Bible

9 ထို​အ​ခါ​မင်း​ကြီး​သည်​များ​စွာ​စိတ်​မ​ချမ်း​မ​သာ ဖြစ်​တော်​မူ​သော်​လည်း​ဧည့်​သည်​တော်​များ​ရှေ့​တွင် မိ​မိ​ပေး​ခဲ့​သည့်​က​တိ​ကို​ထောက်​၍ သူ​ငယ်​မ တောင်း​လျှောက်​သည့်​အ​တိုင်း​ပေး​စေ​ရန်​အ​မိန့် ချ​တော်​မူ​၏။-

အခန်းကိုကြည့်ပါ။ ကော်ပီ

Garrad Bible

9 ဘု ရင် မင်း သည် ဝမ်း နည်း သော် လည်း သ စ္စာ ထား မိ သည် ကို လည်း ကောင်း၊ စား ပွဲ တော် ထိုင် ဘက် တို့ ကိုလည်း ကောင်း ထောက် သ ဖြင့်၊

အခန်းကိုကြည့်ပါ။ ကော်ပီ

Judson Bible

9 မင်း​ကြီး​သည် ဝမ်း​နည်း​သော်​လည်း ကျိန်​ဆို​ခြင်း​ကို​လည်း​ကောင်း၊ အ​ပေါင်း​အ​ဖော်​တို့၏ မျက်​နှာ​ကို​လည်း​ကောင်း ထောက်​သော​ကြောင့် ပေး​စေ​ဟု အ​မိန့်​တော်​ရှိ​လျက်၊-

အခန်းကိုကြည့်ပါ။ ကော်ပီ

မြန်​​​မာ့​​​စံ​​​မီ​​​သမ္မာ​​​ကျမ်း​​

9 မင်းကြီး​သည် စိတ်မကောင်း​ဖြစ်​သော်လည်း ပြု​ထား​သော​ကတိ​သစ္စာ​ကို​လည်းကောင်း၊ မိမိ​နှင့်အတူ​စားသောက်ပွဲ​၌​ထိုင်​နေ​သော​သူ​တို့​၏​မျက်နှာ​ကို​လည်းကောင်း ထောက်၍ ပေး​လိုက်​ရန် အမိန့်​ပေး​ကာ

အခန်းကိုကြည့်ပါ။ ကော်ပီ

မြန်မာ

9 မင်း​ကြီး​သည် ဝမ်း​နည်း​သော်​လည်း ကျိန်​ဆို​ခြင်း​ကို​လည်း​ကောင်း၊ အ​ပေါင်း​အ​ဖော်​တို့၏ မျက်​နှာ​ကို​လည်း​ကောင်း ထောက်​သော​ကြောင့် ပေး​စေ​ဟု အ​မိန့်​တော်​ရှိ​လျက်၊-

အခန်းကိုကြည့်ပါ။ ကော်ပီ




မဿဲ 14:9
27 ပူးပေါင်းရင်းမြစ်များ  

ထို​အချိန်​တွင် နယ်စား​အန္တိပ​ဟေရုဒ်​သည် ယေရှု​အကြောင်း​ကို ကြား​သော်


ထိုသို့ဖြင့် လူလွှတ်​ကာ ယောဟန်​၏​ဦးခေါင်း​ကို ထောင်​ထဲတွင် ဖြတ်စေ၏။


ဟေရုဒ်မင်း​သည် ယောဟန်​ကို သတ်​လို​သော်လည်း ဆူပူအုံကြွမည်​ကို ကြောက်ရွံ့​သဖြင့် မသတ်ဝံ့ပေ။ အဘယ်ကြောင့်ဆိုသော် လူထု​သည် ယောဟန်​အား ပရောဖက်​တစ်ပါး​အဖြစ် သတ်မှတ်ထား​သောကြောင့် ဖြစ်၏။


ထို​မိန်းကလေး​သည်လည်း မိခင်​၏​တိုက်တွန်းချက်​ဖြင့် “နှစ်ခြင်းဆရာ​ယောဟန်​၏ ဦးခေါင်း​ကို လင်ပန်း​တွင်​တင်​၍ ပေးတော်မူပါ” ဟု တောင်းဆိုလေ၏။


ယေရှု​၏ သတင်းတော်​သည် ကျော်ကြားလာ​သဖြင့် ဟေရုဒ်မင်း​ကြားလေ၏။ လူ​တချို့​က “ဤ​သူ​သည် သေရာ​မှ​ပြန်ရှင်လာသော နှစ်ခြင်းဆရာ​ယောဟန် ဖြစ်၏။ ထို့ကြောင့် အံ့ဖွယ်တန်ခိုးများ​ကို ပြနိုင်ခြင်း​ဖြစ်သည်” ဟု ပြောဆိုကြ၏။


ဟေရုဒ်မင်း​သည် ယောဟန်​ကို ဖြောင့်မတ်သူ​နှင့် သန့်ရှင်းသူ​တစ်ဦး ဖြစ်ကြောင်း သိမြင်​၍ ရိုသေလေးစား​သောကြောင့် အကာအကွယ်​ပေး၏။ ယောဟန်​၏ စကား​ကို ကြား​သောအခါ စိတ်အနှောင့်အယှက်​ဖြစ်ရ​သော်လည်း လိုလား​စွာ​ပင် နားထောင်လေ့​ရှိ၏။


ထိုအခါ ဟေရုဒ်မင်း​သည် မိမိ​ပြောခဲ့သည့်​စကား​အတွက် အလွန်​ဝမ်းနည်းလေ၏။ သို့သော်လည်း ကြွရောက်လာသော ဧည့်သည်တော်များ​ရှေ့တွင် မိမိ​ပေးခဲ့သည့် ကတိသစ္စာ​ကို ထောက်ရှု​သဖြင့် တောင်းဆိုသည့်​အရာ​ကို မငြင်းပယ်နိုင်ပေ။


ယေရှု​က “ထို​မြေခွေး​ကို သွား​၍ ပြောလော့။ ‘ငါ​သည် ယနေ့​နှင့် မနက်ဖြန် နတ်ဆိုးများ​ကို နှင်ထုတ်​၍ လူနာများ​ကို ကျန်းမာစေ​လျက်​ရှိမည်။ သုံးရက်မြောက်​နေ့​တွင် ငါ​၏​အမှု​ကို ပြီးစီးစေမည်။


ကြှနျုပျတို့နောကျလိုကျပါ:

ကြော်ငြာတွေ


ကြော်ငြာတွေ