အွန်လိုင်း သမ္မာကျမ်းစာ

ကြော်ငြာတွေ


သမ္မာကျမ်းစာတစ်အုပ်လုံး ဓမ္မဟောင်း ဓမ္မသစ်




မဿဲ 19:17 - ခေတ်သစ်​မြန်မာ သမ္မာကျမ်း

ယေရှု​က “ကောင်းမှု​နှင့်​ပတ်သက်၍ အဘယ်ကြောင့်​ငါ့​ကို မေးသနည်း။ ကောင်းမြတ်သော​အရှင် တစ်ပါးတည်း​သာ​ရှိ၏။ ထာဝရ​အသက်​ကို ရလို​လျှင် ပညတ်တော်များ​ကို လိုက်နာလော့” ဟု မိန့်တော်မူ၏။

အခန်းကိုကြည့်ပါ။

Common Language Bible

ကိုယ်​တော်​က ``သင်​သည်​ကောင်း​မြတ်​သည့်​အ​မှု နှင့်​ပတ်​သက်​၍​ငါ့​အား​အ​ဘယ်​ကြောင့်​မေး​သ​နည်း။ ကောင်း​မြတ်​သော​အ​ရှင်​တစ်​ပါး​တည်း​သာ​ရှိ​၏။ သင် သည်​ထာ​ဝ​ရ​အ​သက်​ကို​ခံ​ယူ​လို​လျှင်​ပညတ်​တော် တို့​ကို​စောင့်​ထိန်း​လော့'' ဟု​မိန့်​တော်​မူ​၏။

အခန်းကိုကြည့်ပါ။

Garrad Bible

ကိုယ် တော် က ကောင်း မှု နှင့် စပ်၍ ငါ့ ကို အ ဘယ် ကြောင့် မေး သ နည်း။ ကောင်း သော အ ရှင် တစ် ပါး သာ ရှိ သည်။ အ သက် ရှင် ရာ သို့ သင် ဝင် လို လျှင် ပ ညတ် တော် များ ကို စောင့် ရှောက် လော့ ဟု မိန့် တော် မူ ၏။

အခန်းကိုကြည့်ပါ။

Judson Bible

ငါ့​ကို​ကောင်း​မြတ်​သည်​ဟု အ​ဘယ်​ကြောင့်​ခေါ်​သ​နည်း။ ဘု​ရား​သ​ခင်​တစ်​ပါး​တည်း​သာ ကောင်း​မြတ်​တော်​မူ၏။ အ​သက်​ရှင်​ခြင်း​သို့ ဝင်​စား​လို​လျှင် ပ​ညတ်​တော်​တို့​ကို စောင့်​ရှောက်​လော့​ဟု မိန့်​တော်​မူ၏။-

အခန်းကိုကြည့်ပါ။

မြန်​​​မာ့​​​စံ​​​မီ​​​သမ္မာ​​​ကျမ်း​​

ကိုယ်တော်​က​လည်း“ကောင်းမြတ်​သော​အမှု​နှင့်​ပတ်သက်၍ အဘယ်ကြောင့် ငါ့​ကို​မေး​သနည်း။ ကောင်းမြတ်​သော​အရှင်​တစ်ပါးတည်း​သာ​ရှိ​တော်မူ​၏။ သင်​သည် အသက်ရှင်​ခြင်း​သို့​ဝင်စား​လို​လျှင် ပညတ်​တော်​တို့​ကို စောင့်ထိန်း​လော့”​ဟု မိန့်​တော်မူ​၏။

အခန်းကိုကြည့်ပါ။

မြန်မာ

ငါ့​ကို​ကောင်း​မြတ်​သည်​ဟု အ​ဘယ်​ကြောင့်​ခေါ်​သ​နည်း။ ဘု​ရား​သ​ခင်​တစ်​ပါး​တည်း​သာ ကောင်း​မြတ်​တော်​မူ၏။ အ​သက်​ရှင်​ခြင်း​သို့ ဝင်​စား​လို​လျှင် ပ​ညတ်​တော်​တို့​ကို စောင့်​ရှောက်​လော့​ဟု မိန့်​တော်​မူ၏။-

အခန်းကိုကြည့်ပါ။



မဿဲ 19:17
14 ပူးပေါင်းရင်းမြစ်များ  

ပညတ်တရား​၏ နည်းလမ်း​အရ လူတစ်ဦး​သည် ဘုရားသခင်​ရှေ့တော်​၌ ဖြောင့်မတ်သည်​ဟု သတ်မှတ်​ခံရ​ရန် ထို​ပညတ်​အားလုံး​ကို လိုက်နာရမည်​ဖြစ်ကြောင်း မောရှေ​ရေးသားထား၏။


ကောင်းမြတ်သော​ဆုကျေးဇူး​နှင့် ပြီးပြည့်စုံသော​လက်ဆောင်များ အားလုံး​သည် ကောင်းကင်​အလင်များ​ကို ဖန်ဆင်းသော အဖ​ဘုရားသခင်​ထံမှ ရောက်လာသည်​ဖြစ်၍ အထက်​အရပ်​မှ ဖြစ်ကြ၏။ ကိုယ်တော်​သည် ရွေ့လျားတတ်သော​အရိပ်များ​ကဲ့သို့ ပြောင်းလဲတော်မမူ။


ကျွန်ုပ်တို့​အပေါ် ဘုရားသခင်​မည်မျှ ချစ်တော်မူသည်​ကို ကျွန်ုပ်တို့​သိ​၍ ယုံကြည်သည်​နှင့်အညီ ထို​မေတ္တာ​အပေါ် မှီခို​အားထားကြ၏။ ဘုရားသခင်​သည် ချစ်ခြင်းမေတ္တာ​ဖြစ်တော်မူ​၍ ချစ်တတ်သောသူ​သည် ဘုရားသခင်​နှင့် တပေါင်းတစည်းတည်း​ဖြစ်၏။ ဘုရားသခင်​သည်လည်း ထို​သူ​နှင့် တပေါင်းတစည်းတည်း​ဖြစ်တော်မူ၏။