ထိုအချိန်၌ ယေရှုက “ကောင်းကင်နှင့် မြေကြီး၏အရှင်သခင် ဖြစ်တော်မူသောအဖ… လောကီပညာရှင်များနှင့် ဉာဏ်ပညာထက်မြက်သူများအား ဤအရာများကို ဝှက်ထားတော်မူ၍ ကလေးငယ်တို့အား ဖော်ပြတော်မူသောကြောင့် ကျေးဇူးတင်ပါ၏။
မဿဲ 19:14 - ခေတ်သစ်မြန်မာ သမ္မာကျမ်း သို့သော် ယေရှုက “ကလေးငယ်များ ငါ့ထံလာပါစေ။ သူတို့ကို မတားကြနှင့်။ ကောင်းကင်နိုင်ငံတော်သည် ထိုသို့သောသူတို့၏ နိုင်ငံတော်ဖြစ်သည်” ဟု မိန့်တော်မူ၏။ Common Language Bible သို့ရာတွင်တပည့်တော်တို့သည်ထိုသူတို့ကို အပြစ်တင်ကြ၏။ သခင်ယေရှုက ``ကလေး သူငယ်တို့ငါ့ထံလာကြပါစေ။ မဆီးတား ကြနှင့်။ ဘုရားသခင်၏နိုင်ငံတော်သည်ထို သို့သောသူတို့၏နိုင်ငံဖြစ်၏'' ဟုမိန့်တော် မူ၏။ Garrad Bible ယေ ရှု က သူ ငယ် တို့ ကို ငါ့ ထံ လာ စေ ကြ လော့။ မ ဆီး တား ကြ နှင့်။ ကောင်း ကင် နိုင် ငံ တော် သည် ထို သို့ သော သူ တို့၏ နိုင် ငံ တော် ဖြစ် သည် ဟု မိန့် တော် မူ လျက် Judson Bible ယေရှုကလည်း၊ ထိုသူငယ်တို့ကို ရှိစေတော့။ ငါ့ထံသို့လာသည်ကို မဆီးတားကြနှင့်။ ကောင်းကင်နိုင်ငံတော်သည် ထိုသို့သောသူတို့၏ နိုင်ငံဖြစ်သည်ဟု မိန့်တော်မူ၍၊- မြန်မာ့စံမီသမ္မာကျမ်း ယေရှုကလည်း“ကလေးသူငယ်တို့ကို ရှိကြပါလေစေ။ ငါ့ထံသို့ သူတို့လာကြသည်ကို မတားဆီးကြနှင့်။ အကြောင်းမူကား ကောင်းကင်နိုင်ငံတော်သည် ထိုသို့သောသူတို့၏နိုင်ငံဖြစ်၏”ဟု မိန့်တော်မူလျက် မြန်မာ ယေရှုကလည်း၊ ထိုသူငယ်တို့ကို ရှိစေတော့။ ငါ့ထံသို့လာသည်ကို မဆီးတားကြနှင့်။ ကောင်းကင်နိုင်ငံတော်သည် ထိုသို့သောသူတို့၏ နိုင်ငံဖြစ်သည်ဟု မိန့်တော်မူ၍၊- |
ထိုအချိန်၌ ယေရှုက “ကောင်းကင်နှင့် မြေကြီး၏အရှင်သခင် ဖြစ်တော်မူသောအဖ… လောကီပညာရှင်များနှင့် ဉာဏ်ပညာထက်မြက်သူများအား ဤအရာများကို ဝှက်ထားတော်မူ၍ ကလေးငယ်တို့အား ဖော်ပြတော်မူသောကြောင့် ကျေးဇူးတင်ပါ၏။
“ငါအမှန်ဆိုရလျှင် သင်တို့သည် ပြောင်းလဲ၍ ကလေးငယ်ကဲ့သို့ မဖြစ်လျှင် ကောင်းကင်နိုင်ငံတော်သို့ မည်သည့်အခါမျှ ဝင်ရလိမ့်မည်မဟုတ်။
ထို့နောက် ကလေးငယ်များ၏ ခေါင်းပေါ်တွင် လက်တော်တင်၍ ကောင်းချီးပေးပြီးလျှင် ထိုနေရာမှ ထွက်ကြွတော်မူ၏။
ဖြောင့်မတ်စွာလုပ်ဆောင်ခြင်းကြောင့် ညှဉ်းပန်းနှိပ်စက်ခံရသောသူတို့သည် မင်္ဂလာရှိကြ၏။ အဘယ်ကြောင့်ဆိုသော် ကောင်းကင်နိုင်ငံတော်သည် ထိုသူတို့၏နိုင်ငံဖြစ်သောကြောင့်ပင်။
ယေရှုက “စိတ်အားငယ်၍ ဘုရားသခင်ကို လိုအပ်ကြောင်းသိမြင်သောသူတို့သည် မင်္ဂလာရှိကြ၏။ အဘယ်ကြောင့်ဆိုသော် ကောင်းကင်နိုင်ငံတော်သည် ထိုသူတို့၏နိုင်ငံဖြစ်သောကြောင့်ပင်။
ယေရှုသည် ထိုအခြင်းအရာကို မြင်သောအခါ တပည့်တော်တို့ကို အမျက်တော်ထွက်၍ “ကလေးငယ်များ ငါ့ထံလာပါစေ။ သူတို့ကို မတားကြနှင့်။ ဘုရားသခင်၏နိုင်ငံတော်သည် ထိုသို့သောသူတို့၏ နိုင်ငံတော်ဖြစ်၏။
သင်တို့အား ငါအမှန်ဆို၏။ ဘုရားသခင်၏နိုင်ငံတော်ကို ကလေးငယ်ကဲ့သို့ မခံယူသောသူသည် ထိုနိုင်ငံတော်သို့ မည်သည့်အခါမျှ ဝင်ရလိမ့်မည်မဟုတ်” ဟု မိန့်တော်မူ၏။
ချစ်သော ညီအစ်ကိုမောင်နှမတို့… ကလေးဆန်စွာ မတွေးခေါ်ကြနှင့်။ မကောင်းမှုနှင့်ပတ်သက်လျှင် ကလေးငယ်ကဲ့သို့ ဖြစ်၍ စဉ်းစားတွေးခေါ်မှုနှင့်ပတ်သက်လျှင် ရင့်ကျက်သောသူများကဲ့သို့ ဖြစ်ကြလော့။