ထို့ကြောင့် ကောင်းကင်နိုင်ငံတော်သည် မိမိကျွန်များနှင့် ငွေစာရင်းရှင်းလိုသောဘုရင်တစ်ပါး၏ အဖြစ်နှင့် တူ၏။
မဿဲ 18:24 - ခေတ်သစ်မြန်မာ သမ္မာကျမ်း သူသည် စာရင်းရှင်းတမ်းပြုစဉ်တွင် ငွေကြေးသန်းပေါင်းများစွာ ကြွေးတင်သူတစ်ဦးကို သူ့ထံ ခေါ်လာကြ၏။ Common Language Bible သူသည်စာရင်းစ၍ရှင်းသောအခါငွေသန်းပေါင်း များစွာကြွေးတင်သူလူတစ်ယောက်ကိုခေါ်စေ၏။- Garrad Bible ရှင်း မိ သော် ရွှေ ဒင်္ဂါး နှစ် သန်း ကြွေး မြီး တင် သူ တစ် ဦး ကို ရှေ့ တော် သို့ သွင်း လာ ကြ သ ဖြင့် ဆပ် ပေး ရန် မ ရှိ သော ကြောင့် Judson Bible စာရင်းယူစဉ်တွင်၊ ငွေအခွက်တစ်သိန်းကြွေးတင်သောသူတစ်ယောက်ကို ရှေ့တော်သို့ဆောင်ခဲ့ကြ၏။- မြန်မာ့စံမီသမ္မာကျမ်း သူသည် စာရင်းစတင်ရှင်းသောအခါ တာလန်တစ်သောင်းအကြွေးတင်သူတစ်ယောက်ကို ရှေ့တော်သို့ခေါ်ဆောင်ခဲ့ကြ၏။ မြန်မာ စာရင်းယူစဉ်တွင်၊ ငွေအခွက်တစ်သိန်းကြွေးတင်သောသူတစ်ယောက်ကို ရှေ့တော်သို့ဆောင်ခဲ့ကြ၏။- |
ထို့ကြောင့် ကောင်းကင်နိုင်ငံတော်သည် မိမိကျွန်များနှင့် ငွေစာရင်းရှင်းလိုသောဘုရင်တစ်ပါး၏ အဖြစ်နှင့် တူ၏။
ထိုသူသည် အကြွေးမဆပ်နိုင်သဖြင့် သူ၏သခင်က ထိုသူမှစ၍ ဇနီး၊ သားသမီးများနှင့် ဥစ္စာပစ္စည်းများကို ရောင်းချ၍ ဆပ်ပေးရန် အမိန့်ပေးလေ၏။
ထိုသူသည် အစေခံတို့ကို သူတို့၏ အရည်အချင်းနှင့်အညီ တစ်ဦးအား ငွေငါးပိဿာ၊ နောက်တစ်ဦးအား ငွေနှစ်ပိဿာနှင့် နောက်ဆုံးတစ်ဦးအား ငွေတစ်ပိဿာ ပေးအပ်ပြီး ခရီးထွက်လေ၏။
ငွေငါးပိဿာကို ရသောသူသည် ချက်ချင်းသွား၍ အရောင်းအဝယ်ပြုသဖြင့် နောက်ထပ် ငါးပိဿာကို အမြတ်ရ၏။
ထိုအခါ ငွေငါးပိဿာကို ရသောသူသည် အပိုငါးပိဿာကို ယူဆောင်လာ၍ ‘သခင်… သခင်သည် အကျွန်ုပ်အား ငွေငါးပိဿာကို ပေးအပ်ခဲ့ပါ၏။ ကြည့်ပါလော့။ အကျွန်ုပ်သည် ငါးပိဿာကို အမြတ်ရပါပြီ’ ဟု လျှောက်၏။
ငွေနှစ်ပိဿာကို ရသောသူသည်လည်း ရှေ့ထွက်လာ၍ ‘သခင်… သခင်သည် အကျွန်ုပ်အား ငွေနှစ်ပိဿာကို ပေးအပ်ခဲ့ပါ၏။ ကြည့်ပါလော့။ အကျွန်ုပ်သည် အပိုနှစ်ပိဿာကို အမြတ်ရပါပြီ’ ဟု လျှောက်၏။
ငွေတစ်ပိဿာကို ရရှိသောသူသည် လာ၍ ‘သခင်… အကျွန်ုပ်သည် သခင့်အကြောင်းကို သိပါ၏။ သခင်သည် ခက်ထန်သောသူဖြစ်၍ မိမိမစိုက်သောအရာကို ရိတ်သိမ်းတတ်ပါ၏။ မိမိမစိုက်ပျိုးသောအရပ်မှ ရိတ်သိမ်းတတ်ပြီး မိမိမကြဲဖြန့်သောအရပ်မှ စုသိမ်းတတ်ပါ၏။
ထို့ပြင် ရှိလောင်မျှော်စင်လဲပြိုသောကြောင့် ပိ၍ သေဆုံးသောလူဆယ့်ရှစ်ဦးသည် ဂျေရုဆလင်မြို့ရှိ အခြားလူများထက် ပို၍ အပြစ်ကြီးသည်ဟု ထင်ကြသလော။
ထို့နောက် မိမိသူဌေးအပေါ် အကြွေးတင်သူများကို ခေါ်ပြီးမှ ပထမလူအား ‘ငါ့သူဌေးကို ဆပ်ရန် သင်၌ အကြွေး မည်မျှရှိသနည်း’ ဟု မေး၏။
ထို့နောက် အခြားသူတစ်ဦးအား ‘အကြွေး မည်မျှရှိသနည်း’ ဟု မေးလျှင် ထိုသူက ‘ဂျုံတင်းတစ်ထောင်ပေးရန် ရှိပါသည်’ ဟု ဖြေ၏။ စီမံခန့်ခွဲသူကလည်း ‘ဤသို့ဖြစ်လျှင် စာရင်းကို ယူ၍ တင်းရှစ်ရာဟု ပြင်ရေးလော့’ ဟူ၍ ပြော၏။