Biblia Todo Logo
အွန်လိုင်း သမ္မာကျမ်းစာ

- ကြော်ငြာတွေ -




မဿဲ 25:20 - ခေတ်သစ်​မြန်မာ သမ္မာကျမ်း

20 ထိုအခါ ငွေငါးပိဿာ​ကို ရသော​သူ​သည် အပို​ငါးပိဿာ​ကို ယူဆောင်လာ​၍ ‘သခင်… သခင်​သည် အကျွန်ုပ်​အား ငွေငါးပိဿာ​ကို ပေးအပ်ခဲ့ပါ၏။ ကြည့်ပါလော့။ အကျွန်ုပ်​သည် ငါးပိဿာ​ကို အမြတ်ရပါပြီ’ ဟု လျှောက်၏။

အခန်းကိုကြည့်ပါ။ ကော်ပီ

Common Language Bible

20 ရွှေ​ငါး​ပိ​ဿာ​ရ​သူ​သည်​အ​ပို​ရွှေ​ငါး​ပိ​ဿာ​ကို​ယူ ဆောင်​လာ​ပြီး​လျှင်`အ​ရှင်၊ အ​ကျွန်ုပ်​အား​အ​ရှင်​ရွှေ ငါး​ပိ​ဿာ​ပေး​အပ်​ခဲ့​ပါ​၏။ ကြည့်​ပါ။ အ​ကျွန်ုပ် သည်​ရွှေ​ငါး​ပိ​ဿာ​အ​မြတ်​ရ​ပါ​ပြီ' ဟု​လျှောက်​၏။-

အခန်းကိုကြည့်ပါ။ ကော်ပီ

Garrad Bible

20 ငါး ပိဿာ ရ သူ သည် အ မြတ် ငါး ပိဿာ ပါ ယူ ခဲ့၍ အ ရှင် ကြည့် တော် မူ ပါ။ အပ် ထား တော် မူ သော ငါး ပိဿာ ဖြင့် အ မြတ် ငါး ပိဿ ရ ပါ သည် ဟု လျှောက် သော်

အခန်းကိုကြည့်ပါ။ ကော်ပီ

Judson Bible

20 အ​ခွက်​ငါး​ဆယ်​ကို ခံ​သော​သူ​သည် ချဉ်း​ကပ်၍ အ​ခြား​သော​အ​ခွက်​ငါး​ဆယ်​ကို ဆက်​လျက်၊ သ​ခင်၊ ကိုယ်​တော်​သည် အ​ကျွန်ုပ်၌ အ​ခွက်​ငါး​ဆယ်​ကို အပ်​ပေး​တော်​မူ၏။ အ​ခြား​သော​အ​ခွက်​ငါး​ဆယ်​ကို အ​ကျွန်ုပ် အ​မြတ်​ရ​ပါ​ပြီ​ဟု လျှောက်​လေ၏။-

အခန်းကိုကြည့်ပါ။ ကော်ပီ

မြန်​​​မာ့​​​စံ​​​မီ​​​သမ္မာ​​​ကျမ်း​​

20 ထိုအခါ ငါး​တာလန်​ရ​သော​သူ​သည် ချဉ်းကပ်​၍ နောက်ထပ် ငါး​တာလန်​ကို​ဆက်သ​ကာ ‘သခင်၊ သခင်​သည် အကျွန်ုပ်​အား ငါး​တာလန်​အပ်နှင်း​ခဲ့​ပါ​သည်။ ကြည့်​ပါ။ အကျွန်ုပ်​သည် နောက်ထပ် ငါး​တာလန်​အမြတ်​ရ​ပါ​ပြီ’​ဟု လျှောက်​လေ​၏။

အခန်းကိုကြည့်ပါ။ ကော်ပီ

မြန်မာ

20 အ​ခွက်​ငါး​ဆယ်​ကို ခံ​သော​သူ​သည် ချဉ်း​ကပ်၍ အ​ခြား​သော​အ​ခွက်​ငါး​ဆယ်​ကို ဆက်​လျက်၊ သ​ခင်၊ ကိုယ်​တော်​သည် အ​ကျွန်ုပ်၌ အ​ခွက်​ငါး​ဆယ်​ကို အပ်​ပေး​တော်​မူ၏။ အ​ခြား​သော​အ​ခွက်​ငါး​ဆယ်​ကို အ​ကျွန်ုပ် အ​မြတ်​ရ​ပါ​ပြီ​ဟု လျှောက်​လေ၏။-

အခန်းကိုကြည့်ပါ။ ကော်ပီ




မဿဲ 25:20
8 ပူးပေါင်းရင်းမြစ်များ  

သို့ရာတွင် ဘုရားသခင်​၏​ကျေးဇူးတော်​နှင့်​ဆိုင်သည့် သတင်းကောင်း​ကို သက်သေခံ​ရန်​အတွက် သခင်​ယေရှု​ထံမှ လက်ခံရရှိ​သည့် အလုပ်​တာဝန်​နှင့် အမှုတော်​ကို ပြီးစီးနိုင်မည်​ဆိုလျှင် ကျွန်ုပ်​သည် မိမိ​အသက်​ကိုပင် မနှမြောပါ။


တစ်စုံတစ်ဦး​က “လူတချို့​၌ ယုံကြည်ခြင်း​ရှိ၏။ လူတချို့​၌ လုပ်ဆောင်ခြင်း​ရှိ၏” ဟု ပြော​လိမ့်မည်။ သို့သော် ကျွန်ုပ်​က “လုပ်ဆောင်ခြင်း မရှိ​လျှင် သင်​၏ ယုံကြည်ခြင်း​ကို မည်သို့​ပြနိုင်​မည်နည်း။ ကောင်းသော​လုပ်ဆောင်ခြင်း​အားဖြင့် ကျွန်ုပ်​၏​ယုံကြည်ခြင်း​ကို ပြမည်” ဟု ပြန်ပြော၏။


ထို​အတွက်​ကြောင့် ကျွန်ုပ်​အထဲ​၌ သက်ဝင်လှုပ်ရှားနေသော ခရစ်တော်​၏ တန်ခိုးကြီးသော လုပ်ဆောင်မှု​အပေါ် မူတည်​၍ ကျွန်ုပ်​ကြိုးပမ်းလုပ်ဆောင်နေ၏။


သို့ရာတွင် ဘုရားသခင်​၏ ကျေးဇူးတော်​ကြောင့် ကျွန်ုပ်​သည် တမန်တော်​ဖြစ်​လာခဲ့၏။ ကျွန်ုပ်​အပေါ် ထားရှိသော ကိုယ်တော်​၏ ကျေးဇူးတော်​သည်လည်း အချည်းနှီး​မဖြစ်ဘဲ ကျွန်ုပ်​သည် အခြား​တမန်တော်များ​ထက် သာ​၍ လုပ်ဆောင်ရ၏။ ထိုသို့ လုပ်ဆောင်နိုင်ခြင်း​မှာ ကျွန်ုပ်​ကြောင့်​မဟုတ်ဘဲ ကျွန်ုပ်​နှင့်အတူ လုပ်ဆောင်သော​ဘုရားသခင်​၏ ကျေးဇူးတော်​ကြောင့်သာ​ဖြစ်၏။


သူ​သည် စာရင်း​ရှင်းတမ်းပြု​စဉ်တွင် ငွေကြေး​သန်းပေါင်းများစွာ ကြွေးတင်သူ​တစ်ဦး​ကို သူ့​ထံ ခေါ်လာကြ၏။


ခရီး​မသွားမီ မိမိ​၏​အစေခံ​ဆယ်ဦး​ကို ခေါ်​၍ ငွေ​တစ်​ပိဿာ​စီ ပေး​ပြီးလျှင် ‘ငါ​ပြန်လာသည်​အထိ စီးပွားရှာ​လျက် နေကြလော့’ ဟု မှာထားလေ၏။


ကြှနျုပျတို့နောကျလိုကျပါ:

ကြော်ငြာတွေ


ကြော်ငြာတွေ