သင်တို့သည် မည်သည့်အရာကိုမဆို ယုံကြည်ခြင်းဖြင့် ဆုတောင်းလျှင် တောင်းသမျှကို ရကြလိမ့်မည်” ဟု မိန့်တော်မူ၏။
မဿဲ 18:19 - ခေတ်သစ်မြန်မာ သမ္မာကျမ်း တစ်ဖန် ငါအမှန်ဆိုရလျှင် လောကတွင် သင်တို့ထဲမှ လူနှစ်ဦးတို့သဘောတူ၍ ဆုတောင်းလျှင် တောင်းသမျှသောဆုကို ကောင်းကင်ဘုံရှိ ငါ့ခမည်းတော်သည် ပေးသနားတော်မူလိမ့်မည်။ Common Language Bible ``ထို့ပြင်အမှန်အကန်သင်တို့အားငါဆိုသည် ကား၊ လောကတွင်သင်တို့အနက်လူနှစ်ယောက် မျှစိတ်တူသဘောတူ၍ဆုတောင်းပတ္ထနာပြု ပါလျှင် ကောင်းကင်ဘုံရှင်ငါ၏ခမည်းတော် သည်သင်တို့တောင်းလျှောက်သမျှသောအရာ ကိုပေးသနားတော်မူလိမ့်မည်။- Garrad Bible တစ် ဖန် ငါ အ မှန် ဆို သည် မှာ သင် တို့ အ နက် နှစ် ဦး နှစ် ယောက် သည် တောင်း လေ ရာ ရာ၌ စပ်၍ မြေ ကြီး ပေါ် တွင် သ ဘော ချင်း တူ ညီ လျှင် ကောင်း ကင် ဘုံ စံ ငါ့ ခ မည်း တော် သည် ထို အ ရာ ကို သ နား တော် မူ မည်။ Judson Bible တစ်ဖန် ငါဆိုသည်ကား၊ မြေကြီးပေါ်မှာ သင်တို့တွင် နှစ်ယောက်တို့သည် သဘောချင်းတူ၍ ဆုတောင်းလျှင်၊ တောင်းသမျှသောဆုတို့ကို ကောင်းကင်ဘုံ၌ ရှိတော်မူသော ငါ၏ခမည်းတော်သည် ပေးတော်မူလတ္တံ့။- မြန်မာ့စံမီသမ္မာကျမ်း တစ်ဖန် သင်တို့အား ငါအမှန်ဆိုသည်ကား သင်တို့တွင် လူနှစ်ဦးသည် မိမိတို့တောင်းလျှောက်သည့်အရာအားလုံးအတွက် မြေကြီးပေါ်၌ စိတ်သဘောတူကြလျှင် ကောင်းကင်ဘုံ၌ရှိတော်မူသော ငါ့ခမည်းတော်သည် သူတို့အတွက် ၎င်းကို ပြည့်စုံစေတော်မူလိမ့်မည်။ မြန်မာ တစ်ဖန် ငါဆိုသည်ကား၊ မြေကြီးပေါ်မှာ သင်တို့တွင် နှစ်ယောက်တို့သည် သဘောချင်းတူ၍ ဆုတောင်းလျှင်၊ တောင်းသမျှသောဆုတို့ကို ကောင်းကင်ဘုံ၌ ရှိတော်မူသော ငါ၏ခမည်းတော်သည် ပေးတော်မူလတ္တံ့။- |
သင်တို့သည် မည်သည့်အရာကိုမဆို ယုံကြည်ခြင်းဖြင့် ဆုတောင်းလျှင် တောင်းသမျှကို ရကြလိမ့်မည်” ဟု မိန့်တော်မူ၏။
ထိုပူဇော်စရာကို ယဇ်ပလ္လင်ရှေ့တွင် ချထား၍ ထိုသူထံသို့ သွားလော့။ သူနှင့် ပြန်လည်သင့်မြတ်ရန် ဦးစွာလုပ်ဆောင်ပြီးနောက် ပြန်လာ၍ ပူဇော်စရာကို ဘုရားသခင်ထံ ဆက်သလော့။
တောင်းကြလော့။ တောင်းလျှင် ရလိမ့်မည်။ ရှာကြလော့။ ရှာလျှင်တွေ့လိမ့်မည်။ တံခါးကို ခေါက်ကြလော့။ ခေါက်လျှင် ဖွင့်ပေးလိမ့်မည်။
ထို့ကြောင့် သင်တို့ကို ငါဆိုသည်မှာ သင်တို့သည် မိမိတို့တောင်းလျှောက်သမျှကို ရရှိပြီဟု ယုံကြည်သောစိတ်ဖြင့် ဆုတောင်းလျှင် တောင်းသမျှကို ရကြလိမ့်မည်။
သင်တို့သည် ငါ့ကို ရွေးချယ်ခဲ့သည်မဟုတ်။ ငါသည် သင်တို့ကို ရွေးချယ်၏။ တည်မြဲမည့်အသီးကို သင်တို့သီးစေရန် ငါခန့်ထား၏။ သို့ဖြစ်၍ ငါ့နာမကို အမှီပြု၍ ခမည်းတော်ထံ သင်တို့တောင်းသမျှကို ခမည်းတော်မှ ပေးတော်မူရန် ဖြစ်၏။
သို့သော် သင်တို့သည် ငါ၌ တည်၍ ငါ့စကားတို့သည် သင်တို့၌ တည်လျှင် သင်တို့တောင်းလျှောက်သမျှသော အရာတို့ကို ရရှိကြလိမ့်မည်။
ထိုအချိန်၌ သင်တို့သည် မည်သည့်အရာကိုမျှ ငါ့ကို မေးမြန်းကြလိမ့်မည်မဟုတ်။ ငါအမှန်ဆိုရလျှင် သင်တို့သည် ငါ့နာမကို အမှီပြု၍ ခမည်းတော်ထံ တောင်းသမျှကို ခမည်းတော်သည် ပေးတော်မူလိမ့်မည်။
ထိုသူတို့အားလုံးသည် မယ်တော်မာရိအပါအဝင် အမျိုးသမီးတစ်စု၊ ယေရှု၏ညီတော်များနှင့် တစ်စိတ်တစ်ဝမ်းတည်းဖြင့် အဆက်မပြတ်ဆုတောင်းလျက် နေကြ၏။
ထိုသို့ ပေတရုသည် ထောင်ထဲတွင်ရှိနေစဉ် အသင်းတော်သည် သူ့အတွက် ဘုရားသခင်ထံ စိတ်အားပြင်းပြစွာ ဆုတောင်းလေ၏။
ထိုရူပါရုံကို မြင်ရပြီးသောအခါ ထိုပြည်သားတို့အား သတင်းကောင်းဟောပြောရန် ကျွန်ုပ်တို့ကို ဘုရားသခင်ခေါ်တော်မူပြီဟု ယုံကြည်ကာ မာကေဒေါနိပြည်သို့ သွားရန် ချက်ချင်းဆုံးဖြတ်ကြ၏။
ကျွန်ုပ်တို့သည် ဆုတောင်းခြင်းနှင့် နှုတ်ကပတ်တရားတော်ဟောပြောခြင်းအမှုတို့ကို အစဉ်တစိုက်ပြုကြမည်” ဟု ပြောလေ၏။
အဘယ်ကြောင့်ဆိုသော် သင်တို့၏ ဆုတောင်းခြင်းနှင့် ယေရှုခရစ်တော်၏ ဝိညာဉ်တော်ကူညီမစခြင်းတို့ဖြင့် ဤအခြေအနေမှ ကျွန်ုပ်လွတ်မြောက်မည်ကို သိသောကြောင့် ဖြစ်၏။
ကျွန်ုပ်တို့သည် ကိုယ်တော်၏ ပညတ်တော်တို့ကို လိုက်နာ၍ ကိုယ်တော်နှစ်သက်တော်မူသောအရာကို လုပ်ဆောင်ကြသောကြောင့် ကိုယ်တော်ထံ တောင်းလျှောက်သမျှကိုလည်း ရရှိကြလိမ့်မည်။