မဿဲ 18:19 - မြန်မာ့စံမီသမ္မာကျမ်း19 တစ်ဖန် သင်တို့အား ငါအမှန်ဆိုသည်ကား သင်တို့တွင် လူနှစ်ဦးသည် မိမိတို့တောင်းလျှောက်သည့်အရာအားလုံးအတွက် မြေကြီးပေါ်၌ စိတ်သဘောတူကြလျှင် ကောင်းကင်ဘုံ၌ရှိတော်မူသော ငါ့ခမည်းတော်သည် သူတို့အတွက် ၎င်းကို ပြည့်စုံစေတော်မူလိမ့်မည်။ အခန်းကိုကြည့်ပါ။Common Language Bible19 ``ထို့ပြင်အမှန်အကန်သင်တို့အားငါဆိုသည် ကား၊ လောကတွင်သင်တို့အနက်လူနှစ်ယောက် မျှစိတ်တူသဘောတူ၍ဆုတောင်းပတ္ထနာပြု ပါလျှင် ကောင်းကင်ဘုံရှင်ငါ၏ခမည်းတော် သည်သင်တို့တောင်းလျှောက်သမျှသောအရာ ကိုပေးသနားတော်မူလိမ့်မည်။- အခန်းကိုကြည့်ပါ။Garrad Bible19 တစ် ဖန် ငါ အ မှန် ဆို သည် မှာ သင် တို့ အ နက် နှစ် ဦး နှစ် ယောက် သည် တောင်း လေ ရာ ရာ၌ စပ်၍ မြေ ကြီး ပေါ် တွင် သ ဘော ချင်း တူ ညီ လျှင် ကောင်း ကင် ဘုံ စံ ငါ့ ခ မည်း တော် သည် ထို အ ရာ ကို သ နား တော် မူ မည်။ အခန်းကိုကြည့်ပါ။Judson Bible19 တစ်ဖန် ငါဆိုသည်ကား၊ မြေကြီးပေါ်မှာ သင်တို့တွင် နှစ်ယောက်တို့သည် သဘောချင်းတူ၍ ဆုတောင်းလျှင်၊ တောင်းသမျှသောဆုတို့ကို ကောင်းကင်ဘုံ၌ ရှိတော်မူသော ငါ၏ခမည်းတော်သည် ပေးတော်မူလတ္တံ့။- အခန်းကိုကြည့်ပါ။ခေတ်သစ်မြန်မာ သမ္မာကျမ်း19 တစ်ဖန် ငါအမှန်ဆိုရလျှင် လောကတွင် သင်တို့ထဲမှ လူနှစ်ဦးတို့သဘောတူ၍ ဆုတောင်းလျှင် တောင်းသမျှသောဆုကို ကောင်းကင်ဘုံရှိ ငါ့ခမည်းတော်သည် ပေးသနားတော်မူလိမ့်မည်။ အခန်းကိုကြည့်ပါ။မြန်မာ19 တစ်ဖန် ငါဆိုသည်ကား၊ မြေကြီးပေါ်မှာ သင်တို့တွင် နှစ်ယောက်တို့သည် သဘောချင်းတူ၍ ဆုတောင်းလျှင်၊ တောင်းသမျှသောဆုတို့ကို ကောင်းကင်ဘုံ၌ ရှိတော်မူသော ငါ၏ခမည်းတော်သည် ပေးတော်မူလတ္တံ့။- အခန်းကိုကြည့်ပါ။ |