ထိုအခါ ထိုဒေသတွင်နေထိုင်သော လူမျိုးခြားအမျိုးသမီးတစ်ဦးသည် အထံတော်သို့လာ၍ “အို သခင်… ဒါဝိဒ်မင်း၏သားတော်… ကျွန်မကို သနားတော်မူပါ။ ကျွန်မ၏သမီးသည် နတ်ဆိုးပူးသဖြင့် နတ်ဆိုးနှိပ်စက်ခြင်းကို ခံနေရပါသည်” ဟု အော်ဟစ်၍ လျှောက်လေ၏။
မဿဲ 17:15 - ခေတ်သစ်မြန်မာ သမ္မာကျမ်း “သခင်… အကျွန်ုပ်၏သားကို သနားတော်မူပါ။ သူသည် ဝက်ရူးပြန်ရောဂါစွဲကပ်၍ ဝေဒနာပြင်းထန်စွာ ခံစားနေရပါ၏။ မီးထဲသို့လည်းကောင်း၊ ရေထဲသို့လည်းကောင်း မကြာခဏကျတတ်ပါ၏။ Common Language Bible ``အရှင်၊ အကျွန်ုပ်၏သားကိုသနားတော်မူပါ။ သူ သည်ဝက်ရူးနာစွဲ၍မီးထဲသို့ဖြစ်စေ၊ ရေထဲသို့ ဖြစ်စေမကြာခဏလဲကျတတ်ပါ၏။- Garrad Bible အ ကျွန်ုပ် သား ကို သ နား တော် မူ ပါ။ သူ သည် ဝက် ရူး စွဲ၍ မီး တွင်လည်း ကောင်း၊ ရေ တွင်လည်း ကောင်း ကြိမ် ဖန် များ စွာ လဲ လျက် ဒု က္ခ ကြီး စွာ ခံ နေ ရ ပါ သည်။ Judson Bible အကျွန်ုပ်၏သားကို ကယ်မသနားတော်မူပါ။ ဝက်ရူးနာစွဲ၍ ပြင်းစွာခံစားရပါ၏။ မီး၌လည်းကောင်း၊ ရေ၌လည်းကောင်း အကြိမ်ကြိမ် လဲတတ်ပါ၏။- မြန်မာ့စံမီသမ္မာကျမ်း “သခင်ဘုရား၊ အကျွန်ုပ်၏သားကိုသနားတော်မူပါ။ အကြောင်းမှာ သူသည် ဝက်ရူးပြန်ရောဂါစွဲ၍ ဝေဒနာပြင်းထန်စွာခံစားနေရပါ၏။ မီးထဲသို့လည်းကောင်း၊ ရေထဲသို့လည်းကောင်း မကြာခဏ လဲကျတတ်ပါ၏။ မြန်မာ အကျွန်ုပ်၏သားကို ကယ်မသနားတော်မူပါ။ ဝက်ရူးနာစွဲ၍ ပြင်းစွာခံစားရပါ၏။ မီး၌လည်းကောင်း၊ ရေ၌လည်းကောင်း အကြိမ်ကြိမ် လဲတတ်ပါ၏။- |
ထိုအခါ ထိုဒေသတွင်နေထိုင်သော လူမျိုးခြားအမျိုးသမီးတစ်ဦးသည် အထံတော်သို့လာ၍ “အို သခင်… ဒါဝိဒ်မင်း၏သားတော်… ကျွန်မကို သနားတော်မူပါ။ ကျွန်မ၏သမီးသည် နတ်ဆိုးပူးသဖြင့် နတ်ဆိုးနှိပ်စက်ခြင်းကို ခံနေရပါသည်” ဟု အော်ဟစ်၍ လျှောက်လေ၏။
သူ့ကို ကိုယ်တော်၏တပည့်တော်များထံ ခေါ်ဆောင်လာခဲ့သော်လည်း သူတို့သည် မကျန်းမာစေနိုင်ကြပါ” ဟု လျှောက်၏။
ကိုယ်တော်၏သတင်းသည် ဆီးရီးယားပြည်တစ်လျှောက်လုံးသို့ ပျံ့နှံ့သွား၏။ ထို့ကြောင့် လူတို့သည် ဖျားနာသူများ၊ ရောဂါဝေဒနာအမျိုးမျိုး ခံစားနေရသူများ၊ နတ်ဆိုးပူးနေသူများ၊ ဝက်ရူးပြန်နေသူများနှင့် လေဖြတ်နေသူများကို ခေါ်ဆောင်လာကြ၏။ ကိုယ်တော်သည် ထိုသူတို့အားလုံး၏ ရောဂါများကို ပျောက်ကင်းစေတော်မူ၏။
ထိုသူတို့သည် ယေရှု၏ဟောပြောသွန်သင်မှုကို ကြားနာရန်နှင့် မိမိတို့၏အနာရောဂါများကို ကုသခံရန် ရောက်လာကြခြင်း ဖြစ်၏။ နတ်ဆိုးတို့၏ညှဉ်းဆဲခြင်းခံရသောသူတို့သည်လည်း လာ၍ အကောင်းပကတိအတိုင်း ဖြစ်သွားကြ၏။
ထိုဥယျာဉ်သို့ ယေရှုသည် တပည့်တော်တို့နှင့်အတူ မကြာခဏသွားလေ့ရှိသဖြင့် ယေရှုကို သစ္စာဖောက်သောယုဒသည် ထိုနေရာကို သိ၏။