ထိုအခါ ဖာရိရှဲတို့သည် ဝတ်ပြုဆောင်မှ ထွက်သွား၍ ကိုယ်တော်ကို သတ်ရန် မည်သို့လုပ်ကြံရမည်ကို တိုင်ပင်ကြ၏။
မဿဲ 16:1 - ခေတ်သစ်မြန်မာ သမ္မာကျမ်း တစ်နေ့တွင် ဖာရိရှဲနှင့် ဇဒ္ဒုကဲတို့သည် ယေရှုကို စမ်းသပ်လိုသဖြင့် ချဉ်းကပ်၍ ကောင်းကင်မှ နိမိတ်လက္ခဏာကိုပြရန် တောင်းဆိုကြ၏။ Common Language Bible ဖာရိရှဲများနှင့်ဇဒ္ဒုကဲများသည်အထံတော် သို့လာ၍ကိုယ်တော်အားပရိယာယ်ဆင်လျက် ``ဘုရားသခင်သည်ကိုယ်တော်အားစေလွှတ် တော်မူကြောင်းသိနိုင်ရန်နိမိတ်လက္ခဏာကို ပြတော်မူပါ'' ဟုတောင်းဆိုကြ၏။- Garrad Bible ထို အ ခါ ဖာ ရိ ရှဲ တို့ နှင့် ဇ ဒ္ဒု ကဲ တို့ သည် လာ၍ ကိုယ် တော် ကို စုံ စမ်း လျက် မိုး ကောင်း ကင် က နိ မိတ် လ က္ခ ဏာ ကို ပြ တော် မူ ရန် တောင်း ပန် ကြ ရာ Judson Bible ထိုအခါ ဖာရိရှဲနှင့် ဇဒ္ဒုကဲတို့သည် ကိုယ်တော်ကို စုံစမ်းနှောင့်ယှက်ခြင်းငှာ ချဉ်းကပ်၍၊ မိုးကောင်းကင်ကဖြစ်သော နိမိတ်လက္ခဏာကို ပြတော်မူမည်အကြောင်း တောင်းပန်ကြ၏။- မြန်မာ့စံမီသမ္မာကျမ်း ထိုအခါ ဖာရိရှဲနှင့် ဇဒ္ဒုကဲတို့သည် ကိုယ်တော်ကိုစမ်းသပ်လိုသဖြင့် ချဉ်းကပ်လာ၍ ကောင်းကင်မှနိမိတ်လက္ခဏာကို ပြပေးပါရန် တောင်းဆိုကြ၏။ မြန်မာ ထိုအခါ ဖာရိရှဲနှင့် ဇဒ္ဒုကဲတို့သည် ကိုယ်တော်ကို စုံစမ်းနှောင့်ယှက်ခြင်းငှာ ချဉ်းကပ်၍၊ မိုးကောင်းကင်ကဖြစ်သော နိမိတ်လက္ခဏာကို ပြတော်မူမည်အကြောင်း တောင်းပန်ကြ၏။- |
ထိုအခါ ဖာရိရှဲတို့သည် ဝတ်ပြုဆောင်မှ ထွက်သွား၍ ကိုယ်တော်ကို သတ်ရန် မည်သို့လုပ်ကြံရမည်ကို တိုင်ပင်ကြ၏။
ထိုအခါ ဂျေရုဆလင်မြို့မှ ဖာရိရှဲနှင့် ကျမ်းတတ်ဆရာတချို့သည် ယေရှုထံတော်သို့ လာ၍
ဖာရိရှဲတချို့သည် စမ်းသပ်လိုသဖြင့် ကိုယ်တော်ထံသို့ လာ၍ “လူတစ်ဦးသည် မည်သည့်အကြောင်းကြောင့်ဖြစ်စေ မိမိဇနီးကို ကွာရှင်းသည်မှာ ပညတ်တော်နှင့် ကိုက်ညီသလော၊ မကိုက်ညီသလော” ဟု မေးလျှောက်ကြ၏။
ထိုအခါ ဖာရိရှဲတို့သည် စုဝေးလျက် ယေရှုမိန့်တော်မူမည့် စကားတော်ထဲမှ အမှားကို ရှာ၍ ဖမ်းဆီးရန် တိုင်ပင်ကြ၏။
သို့သော်လည်း ယေရှုသည် ထိုသူတို့၏ ဆိုးညစ်သောအကြံအစည်ကို သိတော်မူသဖြင့် “သူတော်ကောင်းယောင်ဆောင်သူတို့… သင်တို့သည် အဘယ်ကြောင့်ငါ့ကို ထောင်ချောက်ဆင်ဖမ်းရန် ကြိုးစားကြသနည်း။
ထိုနေ့၌ပင် ဇဒ္ဒုကဲတို့သည် ယေရှုထံသို့ လာကြ၏။ ဇဒ္ဒုကဲတို့က သေလွန်သောသူတို့သည် ရှင်ပြန်ထမြောက်ခြင်းမရှိဟု ခံယူကြ၏။
“ကျမ်းတတ်ဆရာများနှင့် ဖာရိရှဲတို့သည် မောရှေ၏ပညတ်ကျမ်းကို အနက်ဖွင့်ရန် အခွင့်အာဏာရရှိထားသူများဖြစ်ကြ၏။
ပြင်ဆင်ရာနေ့ဟူသောအဖိတ်နေ့ကုန်လွန်၍ ဥပုသ်နေ့ရောက်သော် ယဇ်ပုရောဟိတ်ခေါင်းဆောင်များနှင့် ဖာရိရှဲများသည် ပိလတ်မင်းထံသို့ သွား၍
သင်တို့၏ ဖြောင့်မတ်ခြင်းသည် ကျမ်းတတ်ဆရာများနှင့် ဖာရိရှဲတို့၏ ဖြောင့်မတ်ခြင်းထက် မသာလျှင် သင်တို့သည် ကောင်းကင်နိုင်ငံတော်ထဲသို့ မည်သည့်အခါမျှ ဝင်ရောက်နိုင်လိမ့်မည်မဟုတ်ဟု ငါသတိပေး၏။
ထိုအရာကို ဖာရိရှဲတို့ မြင်သောအခါ ယေရှု၏ တပည့်တော်တို့အား “သင်တို့၏ ဆရာသည် အဘယ်ကြောင့် အခွန်ကောက်သူများ၊ အပြစ်သားများနှင့်အတူ စားသောက်သနည်း” ဟု မေးကြ၏။
ထိုအခါ ဖာရိရှဲတချို့သည် ကိုယ်တော်ထံသို့ လာ၍ “လူတစ်ဦးသည် မိမိဇနီးကို ကွာရှင်းသည်မှာ ပညတ်တော်နှင့် ကိုက်ညီသလော၊ မကိုက်ညီသလော” ဟု စမ်းသပ်လိုသဖြင့် မေးလျှောက်ကြ၏။
အကျွန်ုပ်တို့သည် အခွန်ဆက်သသင့်သလော၊ မဆက်သင့်သလော” ဟု မေးလျှောက်ကြ၏။ ယေရှုသည် ထိုသူတို့၏ လှည့်ကွက်ကို သိမြင်တော်မူ၍ “သင်တို့သည် အဘယ်ကြောင့်ငါ့ကို ထောင်ချောက်ဆင်ဖမ်းရန် ကြိုးစားကြသနည်း။ ဒင်္ဂါးပြားတစ်ပြားကို ယူခဲ့လော့။ ငါပြောမည်” ဟု မိန့်တော်မူ၏။
ထို့နောက် ဇဒ္ဒုကဲတချို့သည် ယေရှုထံတော်သို့ ရောက်ရှိလာကြ၏။ ဇဒ္ဒုကဲတို့က သေလွန်သောသူတို့သည် ရှင်ပြန်ထမြောက်ခြင်းမရှိဟု ခံယူကြ၏။ သူတို့က ယေရှုအား
တစ်နေ့၌ ကျမ်းတတ်ပညာရှင်တစ်ဦးသည် ကိုယ်တော်ကို စမ်းသပ်ရန် “ဆရာတော်… ထာဝရအသက်ကို ရရှိရန် အကျွန်ုပ်သည် မည်သို့ပြုရပါမည်နည်း” ဟု မေးလျှောက်လေ၏။
တချို့က ယေရှုကို စမ်းသပ်လိုသဖြင့် ကောင်းကင်မှ နိမိတ်လက္ခဏာကို ပြရန် တောင်းဆိုကြ၏။
ထို့နောက် ဇဒ္ဒုကဲတချို့သည် ယေရှုထံတော်သို့ ရောက်ရှိလာကြ၏။ ဇဒ္ဒုကဲတို့က သေလွန်သောသူတို့သည် ရှင်ပြန်ထမြောက်ခြင်းမရှိဟု ခံယူကြ၏။
သူတို့သည် ယေရှုကို ပြစ်တင်စွပ်စွဲနိုင်ရန် ထိုသို့ လျှောက်ထား၍ ထောင်ချောက်ဆင်ကြခြင်းဖြစ်၏။ သို့ရာတွင် ယေရှုသည် အောက်သို့ငုံ့၍ မြေပြင်ပေါ်တွင် လက်ညှိုးတော်ဖြင့် ရေးခြစ်လျက်နေတော်မူ၏။
ပေတရုနှင့် ယောဟန်တို့သည် လူတို့အား တရားဟောလျက်နေစဉ် ဗိမာန်တော်အစောင့်တပ်မှူးအပါအဝင် ယဇ်ပုရောဟိတ်များနှင့် ဇဒ္ဒုကဲတို့သည် သူတို့ထံသို့ ရောက်လာကြ၏။
ထိုအခါ ယဇ်ပုရောဟိတ်မင်းနှင့် သူ၏အပေါင်းအဖော်ဖြစ်သော ဇဒ္ဒုကဲများ၏ဂိုဏ်းဝင်တို့သည် မနာလိုစိတ်ရှိကြ၏။
ဂျူးလူမျိုးတို့သည် နိမိတ်လက္ခဏာများကို တောင်းတတ်ကြ၏။ ဂရိလူမျိုးတို့သည် လူ့ဉာဏ်ပညာကို ရှာတတ်ကြ၏။