ယေရှုက “သင်တို့သည်လည်း သင်တို့၏ ဓလေ့ထုံးတမ်းအတွက် ဘုရားသခင်၏ ပညတ်တော်ကို အဘယ်ကြောင့် ချိုးဖောက်ကြသနည်း။
မဿဲ 15:2 - ခေတ်သစ်မြန်မာ သမ္မာကျမ်း “သင်၏တပည့်တို့သည် ရှေးလူကြီးများ၏ ဓလေ့ထုံးတမ်းကို အဘယ်ကြောင့် ချိုးဖောက်ကြသနည်း။ သူတို့သည် အစာမစားမီ ဂျူးဓလေ့ထုံးတမ်းအရလက်ဆေးခြင်းအစဉ်အလာကို မလိုက်နာဘဲ စားကြသည်” ဟု ဆိုကြ၏။ Common Language Bible သူတို့က ``အရှင်၏တပည့်များသည်အဘယ် ကြောင့်ရှေးလူကြီးတို့၏ထုံးတမ်းစဉ်လာများ ကိုမလိုက်နာကြပါသနည်း။ သူတို့သည်နည်း မှန်အတိုင်းလက်မဆေးဘဲစားသောက်ကြပါ သည်တကား'' ဟုလျှောက်ထားကြ၏။ Garrad Bible ယေ ရှု ထံ လာ၍ ဆ ရာ့ တ ပည့် တို့ သည် လူ ကြီး တို့ ရှေး ထုံး နည်း ကို အ ဘယ် ကြောင့် လွန် ကျူး ကြ သ နည်း။ လက် မ ဆေး ပဲ အ စာ စား ကြ သည် တ ကား ဟု ဆို ကြ သော်။ Judson Bible ရှေးလူဟောင်းတို့မှ ဆက်ခံသော နည်းဥပဒေကို ကိုယ်တော်၏တပည့်တို့သည် အဘယ်ကြောင့် လွန်ကျူးကြပါသနည်း။ သူတို့သည် လက်မဆေးဘဲ အစာစားကြပါသည်တကားဟု လျှောက်ကြလျှင်၊- မြန်မာ့စံမီသမ္မာကျမ်း “သင်၏တပည့်များသည် အဘယ်ကြောင့် ရှေးလူကြီးတို့၏ဓလေ့ထုံးတမ်းကို ချိုးဖောက်ကြသနည်း။ အကြောင်းမှာ သူတို့သည် အစာစားသည့်အခါ သူတို့၏လက်ကိုမဆေးကြပါ”ဟု လျှောက်ကြ၏။ မြန်မာ ရှေးလူဟောင်းတို့မှ ဆက်ခံသော နည်းဥပဒေကို ကိုယ်တော်၏တပည့်တို့သည် အဘယ်ကြောင့် လွန်ကျူးကြပါသနည်း။ သူတို့သည် လက်မဆေးဘဲ အစာစားကြပါသည်တကားဟု လျှောက်ကြလျှင်၊- |
ယေရှုက “သင်တို့သည်လည်း သင်တို့၏ ဓလေ့ထုံးတမ်းအတွက် ဘုရားသခင်၏ ပညတ်တော်ကို အဘယ်ကြောင့် ချိုးဖောက်ကြသနည်း။
ထိုအခါ တပည့်တော်တချို့သည် အစာမစားမီ ဂျူးဓလေ့ထုံးတမ်းအရ လက်ဆေးခြင်းအစဉ်အလာကို လိုက်နာဆောင်ရွက်ခြင်း မရှိကြောင်း ဖာရိရှဲများနှင့် ကျမ်းတတ်ဆရာများက တွေ့မြင်ကြ၏။
ထို့ကြောင့် ဖာရိရှဲများနှင့် ကျမ်းတတ်ဆရာများက “သင်၏တပည့်တို့သည် ရှေးလူကြီးများ၏ ဓလေ့ထုံးတမ်းကို အဘယ်ကြောင့် မလိုက်နာကြသနည်း။ သူတို့သည် အစာမစားမီ ဂျူးဓလေ့ထုံးတမ်းအရ လက်ဆေးခြင်းအစဉ်အလာကို မလိုက်နာဘဲ စားကြသည်” ဟု ဆိုကြ၏။
သို့သော် အစာမသုံးဆောင်မီ ကိုယ်တော်သည် ဂျူးဓလေ့ထုံးတမ်းအရ လိုက်နာရသောလက်ဆေးခြင်းအစဉ်အလာ ပြုတော်မမူသည်ကို ထိုဖာရိရှဲသည် မြင်၍ အံ့သြလေ၏။
ကျွန်ုပ်သည် ဂျူးဘာသာ၏ ယုံကြည်မှုကို လိုက်နာကျင့်သုံးရာတွင် ကျွန်ုပ်၏ လူမျိုးထဲမှ သက်တူရွယ်တူများထက် သာလွန်ပြီး ဘိုးဘေးတို့၏ ထုံးတမ်းစဉ်လာများကို ထိန်းသိမ်းရာတွင်လည်း အလွန်စိတ်အားထက်သန်ခဲ့သူ ဖြစ်၏။
ခရစ်တော်၏ တရားကို အခြေမခံဘဲ လောကီအခြေခံမူနှင့် လူ့ဓလေ့ထုံးတမ်းကို အခြေခံသည့် အတွေးအခေါ်နှင့် အနှစ်သာရမရှိသော လှည့်ဖြားမှုတို့ဖြင့် မည်သူကမျှ သင်တို့ကို မသိမ်းသွင်းနိုင်စေရန် သတိပြုကြလော့။
ဘိုးဘေးများထံမှ ဆက်ခံရရှိသော အချည်းနှီးပြုမူနေထိုင်ခြင်းထဲမှ သင်တို့ကို ဘုရားသခင်ရွေးနုတ်တော်မူကြောင်း သင်တို့သိကြ၏။ ထိုသို့ရွေးနုတ်တော်မူရာတွင် ရွှေ၊ ငွေကဲ့သို့ ပျက်စီးတတ်သည့်အရာများဖြင့် ရွေးနုတ်တော်မူသည်မဟုတ်။