“ကျမ်းတတ်ဆရာများနှင့် ဖာရိရှဲတို့သည် မောရှေ၏ပညတ်ကျမ်းကို အနက်ဖွင့်ရန် အခွင့်အာဏာရရှိထားသူများဖြစ်ကြ၏။
မဿဲ 15:1 - ခေတ်သစ်မြန်မာ သမ္မာကျမ်း ထိုအခါ ဂျေရုဆလင်မြို့မှ ဖာရိရှဲနှင့် ကျမ်းတတ်ဆရာတချို့သည် ယေရှုထံတော်သို့ လာ၍ Common Language Bible ထိုအခါယေရုရှလင်မြို့မှဖာရိရှဲများနှင့် ကျမ်းတတ်ဆရာများသည်သခင်ယေရှုထံ တော်ကိုရောက်လာကြ၏။- Garrad Bible ထို နောက် ယေ ရု ရှ လင် မြို့ က ဖာ ရိ ရှဲ တို့ နှင့် ကျမ်း တတ် ဆ ရာ တို့ သည် Judson Bible ထိုအခါ ယေရုရှလင်မြို့သား ဖာရိရှဲတို့နှင့် ကျမ်းပြုဆရာတို့သည် ချဉ်းကပ်ပြီးလျှင်၊- မြန်မာ့စံမီသမ္မာကျမ်း ထိုအခါ၌ ဂျေရုဆလင်မြို့မှ ဖာရိရှဲနှင့်ကျမ်းပြုဆရာတို့သည် ယေရှုထံသို့ချဉ်းကပ်လာ၍ မြန်မာ ထိုအခါ ယေရုရှလင်မြို့သား ဖာရိရှဲတို့နှင့် ကျမ်းပြုဆရာတို့သည် ချဉ်းကပ်ပြီးလျှင်၊- |
“ကျမ်းတတ်ဆရာများနှင့် ဖာရိရှဲတို့သည် မောရှေ၏ပညတ်ကျမ်းကို အနက်ဖွင့်ရန် အခွင့်အာဏာရရှိထားသူများဖြစ်ကြ၏။
သင်တို့၏ ဖြောင့်မတ်ခြင်းသည် ကျမ်းတတ်ဆရာများနှင့် ဖာရိရှဲတို့၏ ဖြောင့်မတ်ခြင်းထက် မသာလျှင် သင်တို့သည် ကောင်းကင်နိုင်ငံတော်ထဲသို့ မည်သည့်အခါမျှ ဝင်ရောက်နိုင်လိမ့်မည်မဟုတ်ဟု ငါသတိပေး၏။
သို့သော် ဂျေရုဆလင်မြို့မှ ရောက်လာကြသော ကျမ်းတတ်ဆရာများက “သူသည် နတ်ဆိုးမင်းဗေလဇေဗုလ ပူးနေသူဖြစ်၏။ ထိုနတ်ဆိုး၏တန်ခိုးဖြင့် နတ်ဆိုးတို့ကို နှင်ထုတ်သည်” ဟု ပြောဆိုကြ၏။
တစ်နေ့၌ ယေရှုသည်ဟောပြောသွန်သင်လျက်ရှိနေစဉ် ဂါလိလဲပြည်နှင့် ယုဒပြည်ရှိ ကျေးရွာအသီးသီးမှလည်းကောင်း၊ ဂျေရုဆလင်မြို့မှလည်းကောင်း ရောက်လာကြသောဖာရိရှဲများနှင့် ကျမ်းတတ်ဆရာများတို့သည် ထိုင်နေကြ၏။ အနာရောဂါပျောက်ကင်းစေနိုင်သော ဘုရားသခင်၏တန်ခိုးသည်လည်း ယေရှု၌ ရှိနေ၏။
ထိုအခါ ဖာရိရှဲများနှင့် ကျမ်းတတ်ဆရာများက “ဘုရားသခင်ကို စော်ကားပြောဆိုသော ဤသူသည် မည်သူနည်း။ ဘုရားသခင်မှလွဲ၍ မည်သူသည် အပြစ်ကို ခွင့်လွှတ်နိုင်ပါမည်နည်း” ဟု စိတ်ထဲ၌ တွေးတောနေကြ၏။
သို့သော် ဖာရိရှဲများနှင့် သူတို့ထဲမှ ကျမ်းတတ်ဆရာများက “သင်တို့သည် အဘယ်ကြောင့် အခွန်ကောက်သူများ၊ အပြစ်သားများနှင့်အတူ စားသောက်ကြသနည်း” ဟု တပည့်တော်တို့အား ဝေဖန်ပြစ်တင်ကြ၏။
ဂျူးခေါင်းဆောင်တို့သည် ယဇ်ပုရောဟိတ်များနှင့် လေဝိမျိုးနွယ်များကို ဂျေရုဆလင်မြို့မှ ယောဟန်ထံသို့ စေလွှတ်၍ “သင်သည် မည်သူနည်း” ဟု မေးမြန်းစေ၏။ ထိုအခါ ယောဟန်က ဤသို့ သက်သေခံ၏။
ဆူညံအော်ဟစ်သံများကျယ်လောင်လာသဖြင့် ဖာရိရှဲအဖွဲ့ဝင် ကျမ်းတတ်ဆရာတချို့က ထ၍ “ဤလူနှင့်ပတ်သက်၍ မှားယွင်းသောအရာ တစ်စုံတစ်ခုမှမတွေ့ပါ။ ဝိညာဉ်တစ်ပါး၊ သို့မဟုတ် ကောင်းကင်တမန်တစ်ပါးက သူ့ကိုစကားပြောခြင်းလည်း ဖြစ်ကောင်းဖြစ်နိုင်သည်” ဟု ပြင်းထန်စွာ ငြင်းခုံပြောဆိုကြ၏။
ပေါလုရောက်လာသောအခါ ဂျေရုဆလင်မြို့မှ ဆင်းလာသောဂျူးတို့သည် သူ့ကိုဝိုင်း၍ ကြီးလေးသောစွဲချက်များဖြင့် စွပ်စွဲကြ၏။ သို့သော် သက်သေကိုမူ မပြနိုင်ကြပေ။