သို့ဖြစ်လျှင် မည်ကဲ့သို့သောသူကိုရှာရန် သွားကြသနည်း။ ပရောဖက်တစ်ပါးကိုလော။ မှန်ပါ၏။ ထိုသူသည် ပရောဖက်ထက် ပို၍ကြီးမြတ်သောသူဖြစ်သည်ဟု ငါဆို၏။
မဿဲ 14:5 - ခေတ်သစ်မြန်မာ သမ္မာကျမ်း ဟေရုဒ်မင်းသည် ယောဟန်ကို သတ်လိုသော်လည်း ဆူပူအုံကြွမည်ကို ကြောက်ရွံ့သဖြင့် မသတ်ဝံ့ပေ။ အဘယ်ကြောင့်ဆိုသော် လူထုသည် ယောဟန်အား ပရောဖက်တစ်ပါးအဖြစ် သတ်မှတ်ထားသောကြောင့် ဖြစ်၏။ Common Language Bible ဟေရုဒ်သည်ယောဟန်ကိုသတ်လိုသော်လည်း ယုဒအမျိုးသားတို့ကိုကြောက်သဖြင့်မသတ် ရဲချေ။ အဘယ်ကြောင့်ဆိုသော်သူတို့သည်ယောဟန် ကိုပရောဖက်တစ်ပါးဟုမှတ်ယူနေကြသော ကြောင့်ဖြစ်၏။ Garrad Bible သတ် လို သော် ပြည် သူ ပြည် သား တို့ သည် ယော ဟန် ကို ပ ရော ဖက် အ ဖြစ် မှတ် ယူ ကြ သော ကြောင့် ကြောက် ရွံ့၏။ Judson Bible ယောဟန်ကိုသတ်ခြင်းငှာ အလိုရှိသော်လည်း၊ လူအပေါင်းတို့၏မျက်နှာကို ထောက်၍ မသတ်ဝံ့ဘဲနေ၏။ အကြောင်းမူကား၊ ထိုသူတို့သည် ယောဟန်ကို ပရောဖက်ကဲ့သို့ ထင်မှတ်ကြသတည်း။ မြန်မာ့စံမီသမ္မာကျမ်း ဟေရုဒ်သည် ယောဟန်ကိုသတ်လိုသော်လည်း လူထုကိုကြောက်လေ၏။ အကြောင်းမူကား သူတို့သည် ယောဟန်ကို ပရောဖက်တစ်ပါးအဖြစ် မှတ်ယူကြ၏။ မြန်မာ ယောဟန်ကိုသတ်ခြင်းငှာ အလိုရှိသော်လည်း၊ လူအပေါင်းတို့၏မျက်နှာကို ထောက်၍ မသတ်ဝံ့ဘဲနေ၏။ အကြောင်းမူကား၊ ထိုသူတို့သည် ယောဟန်ကို ပရောဖက်ကဲ့သို့ ထင်မှတ်ကြသတည်း။ |
သို့ဖြစ်လျှင် မည်ကဲ့သို့သောသူကိုရှာရန် သွားကြသနည်း။ ပရောဖက်တစ်ပါးကိုလော။ မှန်ပါ၏။ ထိုသူသည် ပရောဖက်ထက် ပို၍ကြီးမြတ်သောသူဖြစ်သည်ဟု ငါဆို၏။
သို့သော် ငါတို့က ‘လူ့ထံမှလာသည်’ ဟု ဖြေလျှင် လူထုပရိသတ်ကိုလည်း ကြောက်ရ၏။ အဘယ်ကြောင့်ဆိုသော် လူအပေါင်းတို့သည် ယောဟန်ကို ပရောဖက်တစ်ပါးဖြစ်သည်ဟု ယုံကြည်ထားကြသောကြောင့်ဖြစ်၏” ဟူ၍ အချင်းချင်း တိုင်ပင်ဆွေးနွေးကြ၏။
နှစ်ခြင်းဆရာယောဟန်သည် လာ၍ မှန်ကန်စွာ အသက်ရှင်ရန် သင်တို့အား လမ်းပြခဲ့၏။ သို့သော် သင်တို့သည် သူ့ကို မယုံကြ။ အခွန်ကောက်သူများနှင့် ပြည့်တန်ဆာများကမူ ယုံကြည်ကြ၏။ သင်တို့သည် ထိုအရာကို မြင်လျက်နှင့်ပင် နောင်တရ၍ သူ့ကို ယုံကြည်လာခြင်းမရှိကြ။
သို့သော်လည်း ငါတို့က ‘လူ့ထံမှလာသည်’ ဟု ဖြေလျှင် လူအားလုံးက ယောဟန်သည် ပရောဖက်တစ်ပါးဖြစ်သည်ဟု ယုံကြည်ကြသဖြင့် ငါတို့အားကျောက်ခဲနှင့် ပေါက်ကြလိမ့်မည်” ဟု အချင်းချင်း တိုင်ပင်ဆွေးနွေးကြ၏။
တရားလွှတ်တော်အဖွဲ့ဝင်တို့သည်လည်း တမန်တော်တို့ကို ထပ်မံခြိမ်းခြောက်သတိပေး၍ လွှတ်လိုက်ကြ၏။ လူအပေါင်းတို့သည် ဖြစ်ပျက်ခဲ့သောအရာအတွက် ဘုရားသခင်ကို ချီးမွမ်းကြသောကြောင့် တရားလွှတ်တော်အဖွဲ့ဝင်တို့သည် တမန်တော်တို့အား ပြစ်ဒဏ်ပေးရန် နည်းလမ်းရှာမတွေ့ကြပေ။
ထို့နောက် ဗိမာန်တော်တပ်မှူးသည်အစောင့်တပ်သားများနှင့်အတူ သွားကြပြီးလျှင် တမန်တော်တို့ကို ခေါ်ဆောင်လာကြ၏။ သို့သော်လည်း လူတို့သည် မိမိတို့အား ကျောက်ခဲနှင့် ပေါက်သတ်မည်ကိုကြောက်သောကြောင့် တမန်တော်တို့ကို အကြမ်းမဖက်ကြ။