မြို့သားတို့မယုံကြည်သောကြောင့် ယေရှုသည်လည်း ထိုမြို့တွင် အံ့ဖွယ်တန်ခိုးများစွာ ပြတော်မမူပေ။
မဿဲ 14:1 - ခေတ်သစ်မြန်မာ သမ္မာကျမ်း ထိုအချိန်တွင် နယ်စားအန္တိပဟေရုဒ်သည် ယေရှုအကြောင်းကို ကြားသော် Common Language Bible ထိုကာလ၌ဂါလိလဲပြည်ကိုအုပ်စိုးသူ ဟေရုဒ်သည်သခင်ယေရှု၏သတင်းကို ကြားလျှင်၊- Garrad Bible ထို ကာ လ၌ ဘု ရင် ခံ မင်း ဟေ ရုဒ် သည် ယေ ရှု၏ အ ကြောင်း ကို သ တင်း ကြား သော်၊ Judson Bible ထိုအခါ စော်ဘွားဟေရုဒ်သည် ယေရှု၏ သတင်းတော်ကိုကြားလျှင်၊- မြန်မာ့စံမီသမ္မာကျမ်း ထိုအချိန်တွင် နယ်စားဟေရုဒ်သည် ယေရှု၏သတင်းတော်ကိုကြား၍ မြန်မာ ထိုအခါ စော်ဘွားဟေရုဒ်သည် ယေရှု၏ သတင်းတော်ကိုကြားလျှင်၊- |
မြို့သားတို့မယုံကြည်သောကြောင့် ယေရှုသည်လည်း ထိုမြို့တွင် အံ့ဖွယ်တန်ခိုးများစွာ ပြတော်မမူပေ။
သို့သော်လည်း သူတို့သည် ထွက်သွား၍ ယေရှု၏သတင်းတော်ကို ထိုနယ်တစ်ခွင်လုံး၌ ပျံ့နှံ့စေကြ၏။
ကိုယ်တော်က “ဖာရိရှဲတို့၏ တဆေးနှင့် ဟေရုဒ်မင်း၏ တဆေးကိုသတိထားကြလော့” ဟု သတိပေးတော်မူ၏။
ဟေရုဒ်သည်လည်း ပြစ်ချက်မတွေ့သဖြင့် ငါတို့ထံ ပြန်ပို့လိုက်၏။ ဤလူသည် သေဒဏ်ခံထိုက်သောပြစ်မှု တစ်စုံတစ်ခုမျှ ကျူးလွန်ထားခြင်းမရှိပါ။
ရောမဘုရင် တိဗေရိဆီဇာ နန်းစံနှစ် ဆယ့်ငါးနှစ်တွင် ပုန္တိပိလတ်မင်းသည် ယုဒပြည်၏ဘုရင်ခံ ဖြစ်၏။ ဂါလိလဲပြည်တွင် ဟေရုဒ်၊ ဣကုရဲပြည်နှင့် တရားခေါနိတ်ပြည်တွင် ဟေရုဒ်၏ညီ ဖိလိပ္ပု၊ အဘိလင်ပြည်တွင် လုသာနိ စသဖြင့်အသီးသီးအုပ်ချုပ်လျက်ရှိ၏။
ထို့နောက် နယ်စားဟေရုဒ်သည် ညီဖြစ်သူ၏ဇနီး ဟေရောဒိကို သိမ်းယူသောကြောင့်လည်းကောင်း၊ အခြားမကောင်းမှုအပြစ်အမျိုးမျိုးကို ကျူးလွန်သောကြောင့်လည်းကောင်း ယောဟန်သည် ဟေရုဒ်၏အပြစ်ကို ဖော်ပြဆုံးမလေ၏။
ဟေရုဒ်၏အိမ်တော်ထိန်းခုဇ၏ဇနီး ယောဟန္နနှင့် ရှုရှန္နအပါအဝင် ယေရှုနှင့် တပည့်တော်တို့အား မိမိတို့ဥစ္စာများဖြင့် ကူညီထောက်ပံ့သော အခြားအမျိုးသမီးများလည်း ပါကြ၏။
ထိုအချိန်တွင် ဟေရုဒ်မင်းသည် အသင်းတော်မှ လူတချို့ကို ညှဉ်းပန်းနှိပ်စက်ရန် စီစဉ်လေ၏။
ဆီးရီးယားပြည် အန္တိအုတ်မြို့ရှိ အသင်းတော်တွင် ပရောဖက်များနှင့် ဆရာများ ရှိကြ၏။ ထိုသူတို့မှာ ဗာနဗ၊ လူမည်းဟု ခေါ်သောရှိမောင်၊ ကုရေနေမြို့သား လုကိ၊ နယ်စားဟေရုဒ်၏ငယ်ပေါင်း မာနင်နှင့် ရှောလုတို့ဖြစ်ကြ၏။
ဤမြို့၌ ဟေရုဒ်၊ ပုန္တိပိလတ်မင်းနှင့်တကွ လူမျိုးခြားများနှင့် အစ္စရေးလူမျိုးတို့သည် အရှင်ဘိသိက်ပေးတော်မူသောသူ၊ အရှင်၏သန့်ရှင်းတော်မူသောအစေခံယေရှုကို အတူတကွစုရုံးလျက် ဧကန်အမှန် ဆန့်ကျင်ဘက်ပြုခဲ့ကြ၏။