မဿဲ 13:57 - ခေတ်သစ်မြန်မာ သမ္မာကျမ်း ကိုယ်တော်အပေါ် ဘဝင်မကျဖြစ်ကြ၏။ သို့သော် ယေရှုက သူတို့အား “ပရောဖက်သည် မိမိနေရပ်မြို့၊ မိမိအိမ်မှလွဲ၍ အခြားသောအရပ်တွင် ဂုဏ်အသရေရှိသည်” ဟု မိန့်တော်မူ၏။ Common Language Bible ကိုယ်တော်၏အပေါ်၌အကြည်ညိုပျက်ကြ၏။ သခင်ယေရှုကလည်း ``ပရောဖက်သည်မိမိမြို့ နှင့်မိမိအိမ်မှလွဲ၍အဘယ်အရပ်တွင်မဆို ဂုဏ်အသရေရှိ၏'' ဟုမိန့်တော်မူသည်။- Garrad Bible ကိုယ် တော့် အ တွက် တိုက် လဲ ကြ ရာ ယေ ရှု က ပ ရော ဖက် မည် သည် မှာ ကိုယ့် မြို့ ကိုယ့် အိမ် မှ တစ် ပါး အ ခြား သော အ ရပ် တွင် ဂုဏ် အ သ ရေ မ ရ ဘဲ မ ရှိ ဟု မိန့် တော် မူ၏။ Judson Bible စေတနာစိတ် ပျက်ကြ၏။ ယေရှုကလည်း၊ ပရောဖက်သည် မိမိမြို့၊ မိမိအိမ်မှတစ်ပါး အခြားသောအရပ်၌ အသရေရှိသည်ဟု ထိုသူတို့အား မိန့်တော်မူ၏။- မြန်မာ့စံမီသမ္မာကျမ်း ကိုယ်တော်အပေါ် ဘဝင်မကျဖြစ်ကြ၏။ ယေရှုကလည်း“ပရောဖက်သည် မိမိ၏နေရင်းမြို့နှင့် မိမိ၏အိမ်တို့မှတစ်ပါး မည်သည့်အရပ်၌မျှ ဂုဏ်သရေမဲ့သည်ဟူ၍မရှိ”ဟု မိန့်တော်မူ၏။ မြန်မာ စေတနာစိတ် ပျက်ကြ၏။ ယေရှုကလည်း၊ ပရောဖက်သည် မိမိမြို့၊ မိမိအိမ်မှတစ်ပါး အခြားသောအရပ်၌ အသရေရှိသည်ဟု ထိုသူတို့အား မိန့်တော်မူ၏။- |
မြို့သားတို့မယုံကြည်သောကြောင့် ယေရှုသည်လည်း ထိုမြို့တွင် အံ့ဖွယ်တန်ခိုးများစွာ ပြတော်မမူပေ။
ယေရှုသည် ထိုဒေသမှ ထွက်ခွာတော်မူ၍ မိမိနေရပ်မြို့ဖြစ်သည့် နာဇရက်မြို့သို့ ကြွတော်မူ၏။ တပည့်တော်တို့သည်လည်း နောက်တော်သို့လိုက်ကြ၏။
ယေရှု၏ သတင်းတော်သည် ကျော်ကြားလာသဖြင့် ဟေရုဒ်မင်းကြားလေ၏။ လူတချို့က “ဤသူသည် သေရာမှပြန်ရှင်လာသော နှစ်ခြင်းဆရာယောဟန် ဖြစ်၏။ ထို့ကြောင့် အံ့ဖွယ်တန်ခိုးများကို ပြနိုင်ခြင်းဖြစ်သည်” ဟု ပြောဆိုကြ၏။
သူသည် လက်သမားမဟုတ်လော။ မာရိ၏သား မဟုတ်လော။ ယာကုပ်၊ ယောသပ်၊ ယုဒနှင့် ရှိမုန်တို့၏အစ်ကို မဟုတ်လော။ သူ၏ နှမတို့သည်လည်း ငါတို့နှင့် တစ်ရပ်တည်းသားများပင် မဟုတ်လော” ဟု ပြောဆို၍ ကိုယ်တော်အပေါ် ဘဝင်မကျဖြစ်ကာ မယုံကြည်ဘဲနေကြ၏။
ထိုအခါ ယေရှုက သူတို့အား “ပရောဖက်သည် မိမိနေရပ်မြို့၊ မိမိဆွေမျိုးအသိုင်းအဝိုင်းနှင့် မိမိအိမ်မှလွဲ၍ အခြားသောအရပ်တွင် ဂုဏ်အသရေရှိသည်” ဟု မိန့်တော်မူ၏။
ထို့ကြောင့် သင်တို့အား ငါအမှန်ဆို၏။ မည်သည့်ပရောဖက်မျှ မိမိနေရပ်မြို့တွင် မျက်နှာမရတတ်။
အဘယ်ကြောင့်ဆိုသော် ယေရှုကိုယ်တိုင်က “ပရောဖက်သည် မိမိနေရပ်မြို့တွင် ဂုဏ်အသရေမရှိ” ဟု မိန့်တော်မူခဲ့ဖူးသောကြောင့် ဖြစ်၏။
“ဤသူသည် ယောသပ်၏ သား ယေရှုမဟုတ်လော။ သူ၏ မိဘတို့ကို ငါတို့သိသည် မဟုတ်လော။ သို့ဖြစ်ပါလျက် သူက ‘ငါသည် ကောင်းကင်မှ ဆင်းသက်လာ၏’ ဟု အဘယ်ကြောင့် ဆိုသနည်း” ဟု မကျေမနပ်ပြောဆိုကြ၏။
တပည့်တော်များညည်းညူပြောဆိုကြသည်ကို သိတော်မူသဖြင့် ယေရှုက “ဤသွန်သင်ချက်ကြောင့် သင်တို့စိတ်ပျက်ကြသလော။