ငါသည် ဤပုံဥပမာများဖြင့် ပြောဆိုရခြင်းမှာ ‘သူတို့သည် ကြည့်သော်လည်း မမြင်ကြ၊ နားထောင်သော်လည်း မကြားကြ၊ အဓိပ္ပာယ်ကိုလည်းနားမလည်ကြ’ သောကြောင့် ဖြစ်၏။
မဿဲ 13:34 - ခေတ်သစ်မြန်မာ သမ္မာကျမ်း ထိုသို့ ယေရှုသည် ပုံဥပမာများသုံး၍ ဤအကြောင်းအရာများကို လူထုအား ဟောပြောတော်မူ၏။ ပုံဥပမာများမသုံးဘဲ ဟောတော်မမူပေ။ Common Language Bible သခင်ယေရှုသည်လူပရိသတ်တို့အားဤ အကြောင်းအရာများကိုပုံဥပမာဆောင်၍ ဟောကြားတော်မူ၏။ ပုံဥပမာမဆောင်ဘဲ အဘယ်အကြောင်းအရာကိုမျှဟောကြား တော်မမူ။- Garrad Bible ထို အ ကြောင်း အ ရာ အ လုံး အ စုံ ကို ဥ ပ မာ ဖြင့် ယေ ရှု သည် လူ ပ ရိတ် သတ် အား မိန့် တော် မူ၏။ ဥ ပ မာ မ ဆောင် ဘဲ မိန့် တော် မူ သည် မ ဟုတ်။ Judson Bible ယေရှုသည် ဤဥပမာများတို့ကိုဆောင်၍ ပရိသတ်များတို့အား ဟောပြောတော်မူ၏။ ဥပမာကင်း၍ ဟောပြောတော်မမူ၊- မြန်မာ့စံမီသမ္မာကျမ်း ယေရှုသည် ဤအကြောင်းအရာအလုံးစုံတို့ကို ပုံဥပမာများဖြင့် လူထုပရိသတ်တို့အား မြွက်ဆိုတော်မူ၏။ ပုံဥပမာမပါဘဲ သူတို့အား မြွက်ဆိုတော်မမူ။ မြန်မာ ယေရှုသည် ဤဥပမာများတို့ကိုဆောင်၍ ပရိသတ်များတို့အား ဟောပြောတော်မူ၏။ ဥပမာကင်း၍ ဟောပြောတော်မမူ၊- |
ငါသည် ဤပုံဥပမာများဖြင့် ပြောဆိုရခြင်းမှာ ‘သူတို့သည် ကြည့်သော်လည်း မမြင်ကြ၊ နားထောင်သော်လည်း မကြားကြ၊ အဓိပ္ပာယ်ကိုလည်းနားမလည်ကြ’ သောကြောင့် ဖြစ်၏။
ထိုအခါ ယေရှုသည် ထိုသူတို့အား အကြောင်းအရာများစွာကို ပုံဥပမာများဖြင့် မိန့်တော်မူသည်မှာ “နားထောင်ကြလော့။ လယ်သမားတစ်ဦးသည် မျိုးစေ့ကြဲရန် ထွက်သွား၏။
ယေရှုသည် သူတို့ကို ဤပုံဥပမာ ဟောပြောသော်လည်း သူတို့သည် အနက်အဓိပ္ပာယ်ကို နားမလည်ကြပေ။
ဤအကြောင်းအရာများကို ပုံဆောင်တင်စား၍ ငါဟောပြော၏။ သို့ရာတွင် မကြာမီ ပုံဆောင်တင်စားရန် မလိုဘဲ ခမည်းတော်၏အကြောင်းမှန်သမျှကို ရှင်းလင်းစွာ ငါဖော်ပြမည့်အချိန် ရောက်လာလိမ့်မည်။
ထိုအခါ တပည့်တော်တို့က “ကိုယ်တော်သည် ယခုတွင် ပုံဥပမာမဆောင်ဘဲ ရှင်းလင်းစွာ မိန့်တော်မူ၏။