လူသားအား နှုတ်ဖြင့် ပြစ်မှားပြောဆိုသူသည် ခွင့်လွှတ်တော်မူခြင်းခံရနိုင်သော်လည်း သန့်ရှင်းသောဝိညာဉ်တော်အား နှုတ်ဖြင့် ပြစ်မှားပြောဆိုသောသူသည် ယခုဘဝ၊ နောင်ဘဝ၌ ခွင့်လွှတ်တော်မူခြင်းခံရမည်မဟုတ်။
မဿဲ 12:8 - ခေတ်သစ်မြန်မာ သမ္မာကျမ်း အဘယ်ကြောင့်ဆိုသော် လူသားသည် ဥပုသ်နေ့၏ အရှင်သခင် ဖြစ်သောကြောင့်ပင် ဖြစ်၏” ဟု မိန့်တော်မူ၏။ Common Language Bible လူသားသည်ဥပုသ်နေ့၏အရှင်ဖြစ်သည်'' ဟု မိန့်တော်မူ၏။ Garrad Bible လူ့ သား သည် ဥ ပုသ် နေ့၏ အ ရှင် ဖြစ် သည် ဟု မိန့် တော် မူ၏။ Judson Bible လူသားသည် ဥပုသ်နေ့ကို အစိုးရသည်ဟု မိန့်တော်မူ၏။- မြန်မာ့စံမီသမ္မာကျမ်း အကြောင်းမူကား လူ့သားသည် ဥပုသ်နေ့၏အရှင်သခင်ဖြစ်၏”ဟု မိန့်တော်မူ၏။ မြန်မာ လူသားသည် ဥပုသ်နေ့ကို အစိုးရသည်ဟု မိန့်တော်မူ၏။- |
လူသားအား နှုတ်ဖြင့် ပြစ်မှားပြောဆိုသူသည် ခွင့်လွှတ်တော်မူခြင်းခံရနိုင်သော်လည်း သန့်ရှင်းသောဝိညာဉ်တော်အား နှုတ်ဖြင့် ပြစ်မှားပြောဆိုသောသူသည် ယခုဘဝ၊ နောင်ဘဝ၌ ခွင့်လွှတ်တော်မူခြင်းခံရမည်မဟုတ်။
ယောနသည် ငါးကြီး၏ ဝမ်းတွင်း၌ သုံးရက်နှင့် သုံးညတိုင် နေရသကဲ့သို့ လူသားသည် မြေကြီးထဲ၌ သုံးရက်နှင့် သုံးည နေရလိမ့်မည်။
သို့သော် ယေရှုက “မြေခွေးတို့၌ နေစရာ တွင်းရှိ၏။ ငှက်တို့၌ နားစရာအသိုက်ရှိ၏။ လူသား၌မူ ခေါင်းချစရာနေရာပင် မရှိ” ဟု မိန့်တော်မူ၏။
လူသားသည် ဤလောကတွင် အပြစ်လွှတ်ပိုင်သောအခွင့်အာဏာရှိကြောင်း သင်တို့ကို ငါသက်သေပြမည်” ဟု ဆိုကာ လေဖြတ်သူအား “ထလော့။ သင့်ထမ်းစင်ကို ယူ၍ အိမ်သို့ ပြန်လော့” ဟု မိန့်တော်မူ၏။
ကျွန်ုပ်ရောက်လာသောအခါ အလှူငွေကောက်ခံစရာ မလိုစေရန် အပတ်တိုင်း၏ ပထမနေ့တွင် သင်တို့တစ်ဦးချင်းစီက ရရှိသောဝင်ငွေထဲမှ တချို့ကို ထုတ်၍ စုထားကြလော့။
ဂျူးလူမျိုးတို့၏ပညတ်တရားကို မကျင့်သုံးသော လူမျိုးခြားတို့နှင့်အတူရှိစဉ်က ထိုသူတို့ကို ကယ်တင်နိုင်ရန် ပညတ်တရားကို မကျင့်သုံးသောသူကဲ့သို့ နေထိုင်၏။ သို့ရာတွင် ဘုရားသခင်၏ ပညတ်တရားကို လျစ်လျူမရှု၊ ခရစ်တော်၏ ပညတ်တရားကို နာခံကျင့်သုံး၏။
ကျွန်ုပ်သည် သခင်ဘုရားနေ့တွင် ကျွန်ုပ်အပေါ် ဝိညာဉ်တော်သက်ရောက်လာသဖြင့် ကျွန်ုပ်သည် တံပိုးခရာသံကဲ့သို့ ကျယ်လောင်သောအသံကို ကျွန်ုပ်နောက်၌ ကြားရ၏။